@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 31 May 2014

မုန်းနေသူ ကို ချစ်စေလိုလျှင်



                          
အရှင်ဘုရား

တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ
နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊
နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်
ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊
မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

သော တ ပန် နှင့် စူ ဠ သော တ ပန်



                                   
 

သောတပန် = သောတပန္န

သောတ = ရေအယဉ် ။ အာပန္န = ရောက်သည် ။ သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ - ဥပမာပြုရသော် အရပ်ရပ်မှ စီးဆင်းလာသော ရေအယဉ်တို့သည်
သမုဒ္ဒရာသို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာသို့သာ ပြေးဝင်ဘိသကဲ့သို့ သောတပန်ဖြစ်သော
ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံသို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန်သို့သာ ပြေးဝင်မည့်
ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ (ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော်ဧ။် သဘော အဓိပ္ပာယ်ကို ( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော )သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ်ပွားများထား၍ ထိုးထွင်းသိမြင်သောပဋိဝေဓဥာဏ် ဖြင့် အမှန်တကယ် သိမြင်နိုင်သောသူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ်သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေစဉ်
စူဠ သောတပန် အရည်အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန်စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည်သာတည်း။
( ဝိသုဒ္ဓိ မဂ် ) ။ ( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည်အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ်ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ နာမ်ဧ။် သဘောတရား ၊
နာမ်ဖြစ်ကြောင်း တရား ၊ ရုပ်နာမ် အကျိုးတရားကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့
ဆိုက်အောင် ဥာဏ်မျက်စိဖြင့် ဆင်ခြင် ပွားများ နေသောအချိန်သည် ထိုပုဂ္ဂိုလ် အတွက် ' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန် ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို
သိမှုပင် ဖြစ်သည် ။ ရုပ်နာမ် ဖြစ်ကြောင်းတရား ဆိုသည်မှာ စွဲလန်းတပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို
သိမှုပင် ဖြစ်သည် ။ ထိုအသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည် စူဠ သောတပန် ဖြစ်၍နေလေသည် ။ ယင်းကဲ့သို့သောအချိန်၌
ကွယ်လွန် စုတေသွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး ကောင်းမြတ်သော နောက်ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန်
အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။ ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။

ထို့ကြောင့် မိမိသည် ယခုအခါ သောတပန် မဖြစ်သေးသည့်တိုင်အောင် စုတေခါနီးတွင် ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်နေခြင်းဖြင့်
အပါယ်ဘေးမှ ကင်းဝေးပြီး နောက်ဘဝ၌ သောတပန် အစစ် ဖြစ်နိုင်ရန် ယခုကပင်လျှင် ကြိုတင်ကြိုးစား၍ ဝိပဿနာ ဘာဝနာကို
အားထုတ်ပွားများနိုင်ရန် အစီအစဉ် ပြုလုပ်ပြီး အချိန်ယူဆောင်ရွက်သင့်လှပေသည် ။

ဝိပဿနာ လုပ်ငန်းမှာ မလိုက်စားဘူး သေး၍သာ ခက်သည် ၊ အရသာမရှိ ၊ ပျင်းရိဖို့ ကောင်းဧ။် ၊ ဟူ၍ ထင်မှားနေခြင်း ဖြစ်သည် ။
အနတ္တ ဓမ္မ သဘာဝကို နိုင်နင်းအောင် အသင်အပြ ကောင်းသော ဆရာမြတ်တို့နှင့် တွေ့ရှိပါက ထူးလှသည့် ဓမ္မအရသာကို လွယ်ကူစွာ
ကိုယ်တိုင်ခံစားနိုင်ပြီး စိတ်ကြည်နူးဖွယ် ၊ ချမ်းမြေ့သာယာဖွယ် ဘဝကို ပိုင်ဆိုင်နိုင်ပေမည် ။

ရွှေဥမင် ဆရာတော် ဘုရားကြီးက မိန့်မှာတော်မူခဲ့သည်မှာ --
လယ် လုပ် မ ခက် ၊ လယ် တည် ခက် ဧ။် ။
အ ကျင့် မ ခက် ၊ အ သိ ခက် ဧ။် ။ ဟူ၍ဖြစ်သည် ။

ဝိပဿနာ ဘာဝနာဧ။် အားထုတ်ပုံ အားထုတ်နည်းကို သိပြီဆိုလျှင် ကျင့်ကြံ ပွားများရန် မခက်တော့ပြီ ။ နည်းသိရန်အတွက်ကိုမူ
အနတ္တ ဓမ္မ သဘာဝကို သဘောပေါက်နားလည်အောင် ရှင်းလင်းသင်ပြပေးနိုင်သော ဆရာစစ် ဆရာမှန် တွေ့ရန် အလွန်အရေးကြီးပေသည် ။
ဆရာကောင်း ဆရာမြတ် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားသိနိုင်ရန်အတွက် မိမိ၌ ဝိပဿနာနှင့်ဆိုင်ရာ ဗဟုသုတ ဦးစွာ ရှိထားရမည် ။
သို့အတွက် အချိန်ကို သီးသန့် ရယူပြီး ဆရာတော်ကြီးများ ၊ လူပညာရှိကြီးများ ရေးသားထားသော စာပေတို့ကို ရှာဖွေ ဖတ်ရှုရမည် ဖြစ်ပေသည် ။

ပထဗျာ ဧကရဇ္ဇေန ၊ သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာ ဓိပစ္စေန ၊ သောတပတ္တိ ဖလံ ဝရံ ။ ( ဓမ္မ ပဒ ပါဠိတော် )

အနက် ။ ။ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်လည်းကောင်း ၊
နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက်လည်းကောင်း
ခပ်သိမ်းသော လောကကို အစိုးရသည်ထက် လည်းကောင်း ၊

သောတပတ္တိဖိုလ်သည် မြတ်ဧ။် ။ ။

လူ နှင့် တိရစ္ဆာန်



လူနှင့် တိရစ္ဆာန် တစ်မိုးတစ်မြေ ၊ တစ်ကမ္ဘာတည်းမှာ
အတူနေနေကြရပေမယ့် ဘ၀တန်ဖိုးချင်းကတော့
မိုးနဲ့မြေလောက် ခြားနားတယ်။

-လူက အကျိုး၊အပြစ် ခွဲခြားသိတယ်။
တိရစ္ဆာန်က ကြိုက်၊မကြိုက်ပဲသိတယ်။

-လူက ကိုယ်ဖို့ ၊ သူ့ဖို့ဆိုတဲ့ မျှတတဲ့အကျင့်ရှိတယ်။
တိရစ္ဆာန်က ကိုယ့်ဖို့သာ အရယူတယ်။

-လူမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ရှိတဲ့ အတွက် ပန်းတိုင်လည်း ရှိတယ်။
တိရစ္ဆာန်တွေမှာ ယုံကြည်ချက်မရှိတဲ့အတွက် ပန်းတိုင်လည်း မရှိဘူး။

-လူမှာ “စောင့်စည်းခြင်းသီလ နဲ့ ဗဟုသုတအကြားအမြင်”
ရှိတဲ့အတွက် အသိအလိမ္မာ ယဉ်ကျေးမှုနဲ့ ပြည့်စုံတယ်။
တိရစ္ဆာန်မှာ သီလမရှိတဲ့အတွက် ဒုစရိုက်တွေချည်း လုပ်နေတယ်။
အကြားအမြင် ဗဟုသုတ မရှိတဲ့အတွက် ကိုယ်သန်ရာ ကိုယ်လုပ်နေကြတယ်။

-လူဟာ တစ်ကိုယ်ကောင်းအကျင့်ကို စွန့်ပြီး “စာဂ” ဆိုတဲ့မျှဝေပေးကမ်းခြင်းရှိတယ်။
တိရစ္ဆာန်မှာတော့ ကိုယ်ကျိုးအဓိကဖြစ်တဲ့ အတွက်
အမြဲတစ်ကိုယ်ကောင်းဆန်နေတယ်

-လူမှာ သတိအသိရှိတဲ့ အတွက် ဆင်ခြင်တုံတရားရှိတယ်။
တိရစ္ဆာန်မှာ ထိုးထွင်းသိမရှိတဲ့ အတွက် အစွဲသိခိုင်းရာ လိုက်ပါနေကြရရှာတယ်။

-လူမှာ “ဟီရိသြတပ္ပ”ဆိုတဲ့ အရှက်အကြောက်ရှိတယ်။ တိရစ္ဆာန်မှာ အရှက်အကြောက်မရှိတဲ့ အတွက်
“မကောင်းမှု”တွေကို ဗြောင်ပြုကျင့်နေကြတယ်။

ဒီတော့ လူလိုကျင့် မှ လူပီသတယ်။လူစင်စစ်က တိရစ္ဆာန်လို ကျင့်နေရင်တော့
“လူ့တိရစ္ဆာန်”သာ ဖြစ်တော့တယ်။

-【မဟာဗောဓိမြိုင်ဆရာတော်ကြီး】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

ကုသိုလ်ကိုမမေ့ရဘူး


 
ကုသိုလ်ကိုမမေ့ရဘူး။“ကုသိုလ်ကောင်းမှု” ကို အမြဲ ကြိုးစားအားထုတ်ရမယ်။
“အပ္ပမာဒတရား”သည် ဘာကြောင့် အရေးပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင်
တိုက်တွန်း နှိုးဆော်ပေးတတ်တဲ့သဘာဝတရား ဖြစ်လို့ပါပဲ။

တချို့က ပြောကြတယ်မဟုတ်လား။
တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ “အကုသိုလ်ကံ”တွေကို
ရှင်းသွားစေပြီးတော့ “ကုသိုလ်ကံတွေ” ဖြစ်လာတယ်။ ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ “လောဘ၊ ဒေါသ” စတဲ့အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး၊
အလောဘ ၊အဒေါသ စတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက
ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ကျန်းမာလာတယ်။

သာဓုမြိုင်မြိုင် မွေးနံ့ကြိုင်


ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၏ အသိုင်းအ၀ိုင်းတွင် သာဓု ဟူသောအသံမှာ ယဉ်ပါးနေပြီးဖြစ်ပါသည်။ စကားအနက်အဓိပ္ပါယ်များ ၆ မျိုးမှာတော့ ကောင်းလေစွ ၊ မြဲမြံခြင်း ၊ တောင်းပန်ခြင်း ၊ ၀န်ခံခြင်း ၊ ပျော်ရွှင်ခြင်း ၊ သူတော်ကောင်း ဟူ၍ လည်းဆိုထားပါတယ်။
သာဓု အင်္လကာမှာတော့
နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ် အသင်္ချေ လို့ဆိုထားပါတယ်။
တရားနာယူခြင်း ကုသိုလ်သည် ကိးုကမ္ဘာအပါယ် မလားနိုင်ခြင်း၊ တရားတောင်းပါက ရှစ်ကမ္ဘာ မပါယ်မလားနိုင်ခြင်း၊ သာဓုခေါ်ခြင်းကြောင့် တစ်ကမ္ဘာ အပါယ်မလားနိုင်ခြင်း စသော အကျိုးတရားတို့ ရရှိနိုင်ကြောင်း ဟောကြားကြပါသည်။
ကျမ်းဂန်တို့၌လာသော သာဓု ခေါ်ခြင်းကြောင့် များစွာအကျိုးရှိပုံကို စာ၌ရေးသားထားပါသည်။
သာဝတ္ထိပြည်သား သူကြွယ်တဦးသည် ဘုရားရှင်၏ အစ၊ အလယ်၊ အဆုံး သုံပါးလုံးကောင်းမြတ်သည့် တရားတော်ကို နာကြားရ၍ အိမ်ရှင်မဖြစ်သူ ဇနီးသည်အား အကျိုးအကြောင်းပြောပြ ခွင့်ပန်ကာ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်၍ များမကြာခင်အချိန်မှာပင် တရားထူးရရှိသော ရဟန်းဘ၀သို့ ဆိုက်ရောက်ခဲ့ပါသည်။ 


ပသေဒနီ ကောသလမင်းကြီးသည် ခင်ပွန်း မရှိတော့ပြီဖြစ်သော ထိုအမျိုးသမီးအား မိဖုရားအဖြစ် ပစ္စည်းနှင့်တကွ သိမ်းပိုက်ခဲ့ပါသည်။ မင်းကြီးသည် မိဖုရားများစွာရှိပါသည်။ ကျန်မိဖုရားများစွာကိုတော့ ထုံးစံအတိုင်းကြာညိုပန်းများကို မိဖုရားတယောက်ကို တစ်ပွင့်စီ ပေးပါသော်လည်း မိဖုရားအသစ်ကလေးအား ကြင်နာယုယ၍ တစ်နေ့ကြာပန်း နှစ်ပွင့် ပေးလေ့ရှိသည်။ 


ကံအပေါ် ယုံမှားသံသယ ရှိနေသည်လော



ကျွန်ုတော်တို့ဗုဒ္ဓဘာသာအများစုသည် ကုသိုလ်ကောင်းမှုများကို စွမ်းအား ရှိသလောက် ပြုလုပ် နေကြပါသည်။ သို့သော် တစ်ခါတရံ၌ ကိုယ်က ကောင်းမှုကုသိုလ်လုပ်၍ ကောင်းကျိုး မရသည့်အခါ စိတ်ဓာတ်တွေကျ၊ ဒေါသတွေဖြစ်ကာ ကိုယ့်ကံတရားနှင့် ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်သော ဘာသာတရားကို သံသယဖြစ်လာတတ် ပါသည်။ 

ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား.. ဆိုသော သံသယတွေဖြစ်လာတတ်ပါသည်။ မကောင်းတာလုပ်နေတဲ့လူတွေကြတော့လဲ မကောင်းကျိုးက မပေးပါဘူး သူတို့မှာ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်နဲ့ ဇိမ်ကျနေလိုက်ကြတာ။

 ကောင်းတာလုပ်လဲ ကောင်းကျိုးမပေးတဲ့ အတူတူတော့ဖြင့်
သူတို့လိုပဲ မကောင်းတာတွေလုပ်၊ စိတ်ရှိတိုင်း ထင်ရာစိုင်းကြရင်ကောင်းမလား
ဆိုသော အတွေးမှား အကြံမှား စိတ်ဆိုး စိတ်ယုတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်သော၊ စိတ်ထားမခိုင် သောသူများက မကောင်းမှုဘက်သို့ယိမ်းပါသွားတတ်ကြပါသည်။

ထိုအဖြစ်မျိုး ထိုအတွေးမှား၊ အကြံမှားမျိုး ဖြစ်ခဲ့ဘူးသူတို့၏ အကြောင်းကို တင်ပြလိုပါသည်... 

တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ကြားနေသော တစ်မြို့တည်းသား ကျောင်းသားနှစ်ယောက်ရှိပါသည်။

တစ်ယောက်က စိတ်ကောင်း စေတနာကောင်းဖြင့် ကောင်းသည့်အလုပ်မှန်သမျှကို
လုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ်ကျေပွန်သည့်အပြင်ကိုယ်ကျင့်တရား လည်းကောင်းသူဖြစ်ပါသည်။ အခြားတစ်ယောက်ကတော့ စိတ်ဆိုး စေတနာဆိုးဖြင့် မကောင်းသည့်အလုပ်မှန်သမျှ ကိုလုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ် မကျေပွန်သည့်အပြင် ကိုယ်ကျင့်တရား လည်းမကောင်းပါ။

ထိုသူနှစ်ယောက် ကျောင်းပိတ်ချိန်မှာ သူတို့မြို့လေးသို့ အတူတကွပြန်ကြသည်။ တောလမ်းခရီးတစ်ခုသို့ ဖြတ်ကျော်စဉ် မိုးကြီးသည်းထံစွာ ရွာသည့်အတွက် သစ်ပင်ကြီးတစ်ပင်အောက်သို့ ခိုဝင်ကြသည်။ ရုတ်တရက်သစ်ကိုင်းကြီး ကျိုးကျကာ သူတော်ကောင်းကျောင်းသား ခြေထောက်နှင့် ထိခိုက်မိ၍ ဒဏ်ရာပြင်းထန်စွာရသည်။

သူတော်ကောင်းကျောင်းသားက မိမိဒဏ်ရာကိုမိမိ သက်သာအောင် ဆေးကုပေးနေစဉ် သူယုတ်မာကျောင်းသားကတော့ သစ်ကိုင်းကြီးထိုးကော်လိုက်သော မြေတွင်းထဲက ရွှေအိုးကြီးတစ်ခုကို ရရှိသွားပါသည်။

ကာလာမသုတ်





"အို ကာလာမတို့-

(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်

(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။

ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ....

အရိမေတ္တေယျ မြတ်စွာဘုရား ဗုဒ္ဓ၀င်အကြောင်းအရာ





အရိမေတ္တေယျမြတ်စွာဘုရားဗုဒ္ဓ၀င်အကြောင်းအရာလေးပါ...ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည်  နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျ ဘုရား  ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်း အစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြတယ်။ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်းပဋိသန္ဓေယူုခြင်း...ကေတုမတီပြည်……သင်္ခစကြဝတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

အဟောင်းစားသူ




ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။

သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။ ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ် 
ရွေးချယ်ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။
ဒီလိုနဲ့ သာကေတမြို့က ဓနဉ္စယ သူဌေးကြီးရဲ့ သမီး ၀ိသာခါနဲ့ သာဝတ္ထိပြည်က မိဂါရသူဌေးကြီးရဲ့ သားတို့ ဖူးစာဆုံဖြစ်ခဲ့ကြတာပေါ့။ နှစ်ပြည်ထောင် သူဌေးကြီးတွေရဲ့ မိတ်ဆွေတွေ၊ ဓနအင်အားတွေနဲ့ မင်္ဂလာပွဲဟာ ခြိမ့်ခြိမ့်သဲသဲ  ဖြစ်ခဲ့ပြီး  
ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ ဓနဉ္စယ သူဌေးကြီးဟာ ယောက္ခမအိမ် ပါမယ့်သမီးအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေ လိုက်နာရမယ့် အချက်တွေကို သေချာသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ သာဝတ္ထိပြည်ကနေ မင်္ဂလာပွဲကျင်းပရာကို လိုက်လာတဲ့ သူဌေးကြီးရှစ်ယောက်ကိုလည်း သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated