@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 6 July 2014

လောကီမင်္ဂလာ (၁၂)ပါး




၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။

Min Naing

မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း ဆုတောင်း


၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။


၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။


၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။

၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ရပါစေသား။

၅။ သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။

အနာဂတ်သာသနာရေး အပိုင်း(၁၂၂) ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ

ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ       
ဂန္ဓာရုံကျောင်းတိုက်အနီး ကျောင်းတစ်ကျောင်းဝယ် တရားအားထုတ် ပြီး ရိပ်သာမှ ပြန်လာသော ကြီးမှ ရဟန်းပြုသော ပုဂ္ဂိုလ်နှစ်ပါးရှိ၏၊ မကြာမီ တစ်ပါး ပျံတော်မူ၍ ဆိုင်ရာ ဆွေမျိုးတို့ လာပြီးလျှင် ထို ကျောင်း၌ ခုနစ်ရက်လည်သည့်တိုင်အောင် နေကြ၏၊ ဆွေမျိုးများ ပြန်သွားပြီးနောက် ညဥ့်အချိန်ရောက်သောအခါ ကျန်ရှိသော တစ်ပါးက မီးထွန်း၍ ပြတင်းပေါက်တံခါးတို့ကို ပိတ်၏၊ တစ်စုံ တစ်ယောက်က ဖွင့်လေသည်၊ ထပ်ပိတ်ပြန်၏၊ ထပ်၍ ဖွင့်ပြန်သည်၊
ထို ကိုယ်တော်သည်  ကုဋီသွားချင်စိတ်ရှိ၍  ကျောင်းဘေးနားက ကုဋီကလေးသို့ ဆင်းသွားသောအခါ ထိုကုဋီထဲ၌ ပျံလွန်ပြီးသော ဦးပဉ္စင်းကြီး ထိုင်နေသည်ကို မြင်ရပါသည်တဲ့၊… ကျန်ရစ်သော ကိုယ်တော်သည် ကျောင်းပေါ်သို့ ပြန်တက်လာပြီးလျှင် ““မင့်ကို လူတုန်းကမှ မကြောက်ဘဲ, တစ္ဆေဖြစ်မှ ကြောက်ရမှာလား””ဟု ကြုံးဝါး၍ ကမ္မဋ္ဌာန်းသက်စောင့်ဓားရှည်ကြီးကို ခုတင်ပေါ်သို့ တင်လိုက်ပါသတဲ့၊ ထိုဓားရှည်ကို တစ္ဆေကိုယ်တော်က ယူ၍ လွှင့်ပစ် လိုက်သောအခါ ကျန်ရစ်သော ကိုယ်တော်သည် မကြောက်သော် လည်း… ““တစ်ညလုံး အိပ်ရတော့မှာ မဟုတ်””ဟု တွေး၍ သူ့ အိပ်ရာလိပ်ကလေးကို ယူပြီးလျှင် တခြားကျောင်းသို့ ထွက်သွား သောအခါ နောက်က လိုက်၍ (မသွားစေလိုသည့် သဘောဖြင့်) အိပ်ရာလိပ်ကို ဆွဲထားပြန်သည်တဲ့။

အနာဂတ်သာသနာရေး အပိုင်း(၁၂၁) ဂိဇ္ဈကုဋ်ပြိတ္တာများ



ဂိဇ္ဈကုဋ်ပြိတ္တာများ      
ငါတို့  ဗုဒ္ဓလက်ထက်တော်၌  ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်ကြီးဝယ် ဘုရားရှင်နှင့် တကွ ရဟန်းတော်များ သီတင်းသုံးတော်မူလေ့ ရှိကြ၏၊ အခါ တစ်ပါး၌… အရှင်လက္ခဏနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် တောင်ပေါ်မှ ဆွမ်းခံဆင်းကြလေသော် တစ်နေရာ၌ အရှင်မဟာ မောဂ္ဂလ’ာန်သည် တန်ခိုးတော်ဖြင့် ဆင်ခြင်တော်မူလေရာ လွန်စွာ ထူးဆန်းသော ပြိတ္တာတွေကို မြင်လေသည်၊ ထိုအခါ “မိမိမှာ ဤ ပြိတ္တာအဖြစ်မျိုးမှ လွတ်ရလေပြီ”ဟု တွေး၍လည်းကောင်း, “ကံ၏ အကျိုးပေးပုံသည် (ကိုယ်တွေ့ မကြုံလျှင် ပြောရုံမျှဖြင့် မယုံနိုင်ကြ အောင် ဆန်းကြယ်ရကား) မကြံစည်အပ် မကြံစည်နိုင်”ဟူသော ဗုဒ္ဓတရားတော်ကို သတိရ၍လည်းကောင်း ပြုံးတော်မူသည်။
          ပြုံးတော်မူခြင်း၏ အကြောင်းကို အရှင်လက္ခဏက မေးသော အခါ ““ဗုဒ္ဓရှေ့တော်ရောက်မှ မေးပါ””ဟု ပြောသဖြင့် ဆွမ်းစားပြီး နောက် ဗုဒ္ဓရှေ့တော်ရောက်၍ ထိုအကြောင်းကို မေးလေသော် ““အရှင်လက္ခဏ ယနေ့ ဂိဇ္ဈကုဋ်တောင်မှ အဆင်းတွင် ရဟန်းပြိတ္တာ တွေကို မြင်ခဲ့ရသည်၊ သူတို့၏  သင်္ကန်းများလည်း  မီးတောက်လို့, သပိတ်များလည်း မီးတောက်လို့, ခါးပန်းကြိုးများလည်း မီးတောက် လို့, တစ်ကိုယ်လုံးလည်း မီးတောက်လို့ သူတို့၏ ပါးစပ်ကလည်း ကယ်ပါ ယူပါ တစာစာနှင့် နာကျင်သံကို အော်နေကြတယ်၊ ထို ရဟန်းပြိတ္တာတွေကို မြင်ရတဲ့အခါ သြော်…အံ့သြစရာကောင်းပေစွ, ဒီလို သတ္တ၀ါမျိုး ရှိမှ ရှိရလေတယ်””ဟု တွေးမိတဲ့အကြောင်းကို ပြောပြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၀) ကဿပရှင်တော်၏နောက်ပိုင်းသာသနာ



ကဿပရှင်တော်၏နောက်ပိုင်းသာသနာ
တောင်ထိပ်တက်၍ တရားကျင့်ပုံ                 
ကဿပဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံပြီးနောက် တဖြည်းဖြည်း  သာသနာဆုတ်ယုတ်လာ သောအခါ ရဟန်းတော် ခုနစ်ပါးသည် သိက္ခာပုဒ်တော်ကို မလေးမစား ပြုနေကြသော အခြားရဟန်းများကို မြင်၍ “ဣဓ ကိံ ကရောမ-ဒီမှာ ဘာလုပ်နေကြတော့မှာလဲ၊ ဧကမန္တေ သမဏဓမံ္မ ကတွာ ဒုက္ခဿနံ္တ ကရိဿာမ-သင့်တော်သော နေရာ၌ ရဟန်းတရားကို အားထုတ်၍ ဒုက္ခဆုံးအောင် ပြုကြစို့ရဲ့”ဟု တိုင်ပင်ပြီးလျှင် တောင်ထိပ်သို့ လှေကားဖြင့် တက်၍ အထက် ရောက်မှ လှေကားကို ဖြုတ်ချကာ ရဟန်းတရားကို အစာမစားဘဲ အားထုတ်ကြလေရာ… ရဟန္တာတစ်ပါး ဖြစ်၍ အနာဂါမ်တစ်ပါး ဖြစ်လေသည်၊ ကျန်ငါးပါးကား သံသရာ၌ ကျင်လည်ကြပြီးလျှင် ငါတို့ ဗုဒ္ဓ၏ လက်ထက်တော်၌ တစ်ပါးသည် ပုက္ကုသာတိမင်း, တစ်ပါးကား ကုမာရကဿပထေရ်, တစ်ပါးကား ဗာဟိယဒါရုစီရိယ ထေရ်, တစ်ပါးကား မလ’ာမင်း၏သား အရှင်ဒဗ္ဗ, အခြားတစ်ပါးမှာ သဘိယပရိဗိုဇ် ဖြစ်လာ၏ဟု (ဓမ္မပဒအဋ္ဌကထာ ဗာဟိယဒါရုစီရိယ ၀တ္ထု၌) တွေ့ရ၏။ [ဤ၀တ္ထု၌ ကဿပဗုဒ္ဓရှင်တော်၏ သာသနာ နောက်ပိုင်းဝယ် ရဟန်းအများ၏ သိက္ခာပုဒ်တော်ကို မလေးမစား ပြုချိန်၌ သူတော်ကောင်းပုဂ္ဂိုလ်တို့မှာ သူတို့နှင့် အတူ မနေသာ အောင်ပင် ဖြစ်လာပုံကို သတိပြုပါ။]
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated