@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 June 2015

ခင်ပွန်းယုတ် အပြစ် ၆ ပါး။

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။

၅။ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏။
၆။ အကြင်သူတို့သည် အနိုင်အထက်ပြုတတ်ကုန်၏။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။


       ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား

ရှေးဦးစွာ တရားဦးဟောရပါမလဲ၊  ဘယ်သူဟာ  ဒီတရားကို  လျင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ  လို့
မြတ်စွာဘုရားက တရားဟောဖို့ ဆင်ခြင်တော်မူတယ်။ အဲဒီလို ဆင်ခြင်လိုက်တဲ့ အခါမှာ “ ကာလမ
အနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ်၊ ဉာဏ်ထက်တယ်၊ ပညာမျက်စိမှာ ကိလေသာ
မြူမှုန် နည်းပါးနေတာကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရရင် ကောင်းမှာပဲ၊ သူဟာ   ဒီတ
ရားကို လျင်မြန်စွာ သိပေလိမ့်မယ် ” လို့  ပကတိ စိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။


        လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်။
         ရထားတဲ့ စီးပွားဥစ္စာက လူတွေကို အကျိုးပြုတာဟာ အင်မတန်မှ တိုတောင်းပါတယ်။ အဲ
ဒီလို အင်မတန်မှ တိုတောင်းသည့် အတွက်ကြောင့် တိုတောင်းသည့် ခဏလေးအတွင်းမှာပဲ ပစ္စည်း
ဥစ္စာက အကျိုးပြုနိုင်တယ်။ အကျိုးပြုတဲ့ အချိန်မှာတောင် အပြည့်အ၀ အကျိုးပြုသလားဆိုတော့
တစ်ဖက်က အကျိုးပြုတာ တွေ့ရသလို ကျန်တစ်ဖက်က အကျိုးမပြုတာကိုလည်း တွေ့ရတယ်။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာတွေလည်း ရှိတယ်။

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။


        ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

ဓာရဏာ ဘောဂါ” တိုက်ခိုက် ခိုးယူသွားရင်လည်း ပစ္စည်းတွေ ပါသွားနိုင်တယ်။ “အပ္ပိယဒါယာ
ဒသာဓာရဏာ ဘောဂါ” မချစ်မနှစ်သက်တဲ့သူ၊ သားဆိုး သမီးဆိုးတွေကြောင့်လည်းပဲ ထို
ပစ္စည်းတွေ ကုန်သွားနိုင်တယ်။ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာရှာထားထား ထိုပစ္စည်းတွေ ဟာ
တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာ  နည်းတယ်လို့
ဆိုလိုတာ ဖြစ်တယ်။

**နမော ဓမ္မရာဇဿ**



နမော တဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။
**နမော ဓမ္မရာဇဿ**
* န တာဝတာ ဓမ္မရော၊ ယာဝတာ ဗဟု ဘာသတိ။
* ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
* သ ဝေ ဓမ္မရော ဟောတိ၊ ယော ဓမ္မံ နပ္ပ မဇ္ဇတိ။
(ဓမ္မပဒဂါထာ ၂၅၉)
* အပြောများရုံ၊ နှုတ်အာဂုံ၊ အစုံရပါစေ။
* လက်တွေ့မပွား၊ မကျင့်ငြား၊ တရားမဆောင်ပေ။

* တရားအနွယ်၊ မကွယ်ရုံသာ၊ စောင့်ပေးကာ၊ ကိုယ့်ဟာမဟုတ်ချေ။
* နို့မသုံးရ၊ မခိုင်းရဘဲ၊ အခကိုယူ၊ နွားကျောင်းသူ၊ ပုံတူမှတ်ကြလေ။
* သင်ယူနာကြား၊ လက်တွေ့ပွား၊ တရားမြင်အောင် ကျင့်တတ်ပေ။
* စွမ်းအားတက်အောင်၊ တရားဆောင်၊ အမှောင်ကင်းစင်ချေ။
* ရှေ့ နောက် ဆက်စပ်၊ သတိကပ်၊ ရှုမှတ်၍ သာနေ။
* တရားဆောင်သူ၊ စိတ်မပူ၊ စင်ဖြူအေးချမ်းပေ။

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ



လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။
စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။
စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ
အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။
ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။

ဆိုလိုတာက ကုသိုလ်မဖြစ်ရင်နေပါစေ၊
အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။
အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းက ဘာလဲ။

သင်္ခါရလမ်း


အမိဝမ်းမှာ၊ နေစဉ်ခါ၊
သေရွာသွားရမှာပါတကား။
ပျိုမျစ်သေးရာ၊ ငယ်စဉ်ခါ၊
သေရွာသွားရမှာပါတကား။
ရွယ်ကောင်းတုန်းမှာ၊ ပျိုစဉ်ခါ၊

သေရွာသွားရမှာပါတကား။
အရွယ်ရင့်လာ၊ အိုစဉ်မှာ၊
သေရွာသွားရမှာပါတကား။
ရွယ်အားလုံးမှာ၊ သတ္တဝါ၊
သေရွာသွားရမှာပါတကား။

(ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီး)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗြဟ္မာအစားအစာ။

        ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
         ဗြဟ္မာတို့  အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်
တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှ

သာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည၊ သုံးည မအိပ်စက်ရသော်လည်း
ကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာ
တို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။ အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏
ဝိပဿနာတရားကို သမာဓိထူး အာရုံနမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်
သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓ၀ါဒဆိုင်ရာ အချို့အချက်များကို လက်ခံယုံကြည်နိုင်ကြ
မည် ဖြစ်သည်။
         နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှု
ပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျားသဏ္ဍန်များသာ ဖြစ်
ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

*** သေမင်း၏ရယ်မောခြင်း ***




၁။ သူနိုင် ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်း ဘေးကရယ်သတည်း။
၂။ သူပိုင် ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၃။ သူ့ဟာ၊ ငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၎။ သူချော၊ ငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်း ဘေးကရယ်သတည်း။
၅။ လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နှင်း၊ တန်ခိုးပြင်းစဉ် သေမင်း ဘေးကရယ်သတည်း။

၆။ ရွှေ ငွေ မြ ဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊ သေမင်း ဘေးကရယ်သတည်း။
၇။ ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
၈။ ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊ ကိုယ်ယသအား၊ ဘေးက သေမင်း ရယ်သတည်း။
၉။ လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ ကြီးဘိ မာန၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
ရှင်သေမင်းကား အလျှင်းမလတ် မခတ် မျက်တောင် ကြောင်ကြောင်တည့်တည့် ကြည့်ကာ ကြည့်ကာ နေချေပါပေါ့ မရဏာမင်းမြတ် အရပ်ရပ်ဖို့ စိတ်ဓာတ်တက်ကြွ မာန်မထဘဲ လောဘ ဒေါသ မောဟ သုံးဟိတ် ကိုယ်မှာဆိတ်အောင် ကွပ်နှိပ်ဆုံးမရာသတည်း။

** ရွှေထီးက္ကုန္ဒရာ **
(ဤကောင်းမှု ကုသိုလ်ကြောင့် တပည့်တော်တို့၏ အားထုတ်ဆဲဖြစ်သော ၀ိပဿနာဥာဏ် သည် လျှင်မြန်စွာ မဂ်ဥာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလိုပါ၏ အရှင်ဘုရား။)
ဓမ္မဒါနအဖြစ် မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများမှ ကူးယူဖော်ပြပေးပါသည် ..

မိန်းမ မလေးစားတဲ့လင်(၈)ယောက်



                                                        
ဒလိဒ္ဒေါ အာတုရော ဇိဏ္ဏော။
သုရာသောဏ္ဋောစ မုဒ္ဒကော။
ပမတ္တော အနုဝတ္တောစ။
ပဋိစ္ဆာပေါစ အဋ္ဌိမေ။
(ဇာတ် ပဉ္စမ)
အသီတိကုဏ။နှာ၄၇၉

၁=ဒလိဒ္ဒေါ=ဆင်းရဲသားကျောမွဲ
သူမကိုမဆင်မြန်းနိုင်မှာစိုးလို့ ။
၂=အာတုရ=ရောဂါသည်။
ဝတ္ထု။ကိလေနှစ်ထွေတို့ ဖြင့်မချီးမြှောက်နိုင်မှာစိုးလို့ ။
၃=ဇိဏ္ဏ=ဖိုးကြီးအို
ကာယိကစေတသိကအားဖြင့်မြူးတူးမှုကိုမစွမ်းနိုင်မှာမြင်လို့ 
၎=သုရာသောဏ္ဋ=အရက်သမား
လက်ဝတ်လက်စားတွေကိုရောင်း
ပစ်မှာမြင်လို့ 
၅=မုဒ္ဒက=အစစအရာရာဖျင်းသူ
ကျွန်မအစေခံမတွေနဲ့သာမြူးကာ
ဇနီးကိုမူကြိမ်းမောင်းတတ်လို့ 
၆=ပမတ္တ=အပျင်းကြီးသူ/လူပေါ့
ကာမဂုဏ်ခံစားနည်းနားမလည်လို့ 
၇=အနုဝတ္တ=အလိုလိုက်လွန်းသူ
မထေမဲ့မြင်နေတတ်ရော်
၈=ပဋိစ္ဆာပ=ရှိသမျှပစ္စည်းကိုပုံအပ်ထားသူ
ပစ္စည်းအားလုံးကိုလွဲအပ်မိလို့ -လင်သားအပေါ်မရိုမသေ မလေးမစားလုပ်သတဲ့
(အမှားရှာလူငယ်လေးများ)

Ashin Zawana
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated