@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 7 May 2015

နိဓိကဏ္ဍသုတ္တန် ရွှေအိုးမြှုပ်နှံ ကုသိုလ်ကံ တရားတော်


****************************
ထိုတရားဒေသနာတော်ကို မြတ်စွာဘုရားသာဝတ္ထိပြည်မွန်ဇေတဝန်ရွှေကျောင်းကိန်းအောင်းတော်မူစဉ်
သာဝတ္ထိပြည်သားသူဋ္ဌေးတစ်ယောက်
မြတ်ဘုရားနှင့် ရဟန်းသံဃာတော်များ
အားမိမိအိမ်သို့ပင့်၍မွန်မြတ်သောဆွမ်းခဲဖွယ်ဘောဇဉ် ကပ်လှူပူဇော်နေဆဲ်
ပသေနဒီကောသလမင်းမှငွေရေးကြေး
ရေး ဆွေးနွေးတိုင်ပင်စရာရှိ၍မင်းချင်း
တစ်ယောက်ကို အခေါ်လွှတ်ရာ


ဥစ္စာမြှုပ်နှံနေဆဲဖြစ်၍ မလိုက်နိုင်သေး
ကြောင်း ဥစ္စာမြှုပ်နှံ သိမ်းဆည်းပြီးမှ
မင်းထံ လာခဲ့ပါရစေဟုပြောကြားသည်
ကို အကြောင်းပြု၍ သူဋ္ဌေး ဆိုလိုသော
စကား၏အနက်အဓိပ္ပါယ်ကိုကိုယ်တေ
ာ်တိုင်သိတော်မူရကား
ထို နိဓိကဏ္ဍသုတ္တန်ဒေသနာတော်ကို
ဟောတော်မူသည်။
နိဓိ =ဥစ္စာ
ကဏ္ဍ==ပိုင်းခြားဖော်ပြရာ
သုတ္တံ==သုတ်ဒေသနာတော်

ဥပစ္ဆေဒကကံနှင့် သေရသူများ။

     လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
          ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို

ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာ
သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀က
ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။

မေတ္တာစက်ကွင်း

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

      တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊

ဒီစိတ်တွေမပါရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘ၀ စိတ်မရပါစေနဲ့” လို့
ဆန္ဒပြုကြတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့
ဗြဟ္မာကြီး သွားဖြစ်ကြတယ်။ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။

မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်နည်း။

၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ

    ဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဖန်တီးစီစဉ်ပေးရပါမယ်။ မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ်
    နေတဲ့ သားသမီးကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုးအားလျော်စွာ ကျေးဇူးပြုသွားပါ
    မှာပါ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated