@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 7 May 2015

မေတ္တာစက်ကွင်း


ကိုယ့်ရဲ့ မေတ္တာ၊ ကိုယ့်ရဲ့ သတိ၊ သမာဓိကြောင့်
အင်မတန် တည်တည်ကြည်ကြည်၊ ကြည်ကြည်လင်လင်
အေးအေးချမ်းချမ်း နေထိုင်သွားလာ လုပ်ကိုင်နိုင်ပါတယ်။
တချို့ ဆရာတော်ကြီးတွေ စိတ်၊ အင်မတန် ကြည်လင်
အေးချမ်းပြီးတော့ သတိ သမာဓိ အလွန်ကောင်းတယ်။
သူတို့ အနားကိုရောက်သွားရင် ကိုယ့်စိတ်ကလည်း
အေးချမ်းပြီးတော့ ငြိမ်းချမ်းသွားတာမျိုး ခံစားရတယ်။

ခဏခဏလည်း ဒီလို ခံစားရဖူးပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ရဲ့  မေတ္တာစက်ကွင်း၊
သူတို့ ရဲ့  သမာဓိ၊ သူတို့ ရဲ့ အေးချမ်းမှု စက်ကွင်းထဲကို
ရောက်သွားတယ်။ အဲဒီလိုပဲ မေတ္တာကို ပွားနေမယ်၊
ကိုယ့်စိတ်ထဲမှာ မေတ္တာစိတ်တွေ ဖြစ်နေမယ်ဆိုရင်
ကိုယ့်ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာ မေတ္တာစက်ကွင်းဖြစ်လာတယ်။
ဒီမေတ္တာစက်ကွင်းရဲ့ အားကြောင့် ကိုယ့်ကိုယ်တိုင်
နူးညံ့ကြည်လင် အေးချမ်းနေပြီးတော့ ကိုယ်နဲ့ ပက်သက်
ဆက်ဆံတဲ့ လူတွေအားလုံးမှာလည်း နူးညံ့ကြည်လင်
အေးချမ်းမှု ကူးစက်နိုင်ပါတယ်။
ဆရာတော် ဦးဇောတိက

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated