@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 7 May 2015

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

      တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊

ဒီစိတ်တွေမပါရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘ၀ စိတ်မရပါစေနဲ့” လို့
ဆန္ဒပြုကြတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့
ဗြဟ္မာကြီး သွားဖြစ်ကြတယ်။ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။
         ယခုခေတ် လမ်းလယ်ခေါင်မှာထားတဲ့ ရုပ်တုကြီးတွေလိုပါ။ စကားမပြောတတ်၊ နေပူတာ
လည်းပူမှန်းမသိ၊ မိုးရွာတာလည်း ရွာမှန်းမသိ၊  အေးတာလည်း အေးမှန်းမသိ၊  ဘာမှမသိပါ။  အဲဒီ
ပုဂ္ဂိုလ်ဟာ ဒီဘ၀က ထိုင်လျက်သေသွားလို့ရှိရင် ဟိုမှာ ကမ္ဘာငါးရာ ထိုင်လျက်ဖြစ်တယ်၊ ဒီဘ၀က
လဲလျောင်းပြီးသေသွားရင် ဟိုဘ၀မှာလည်းလဲလျက်ကြီး ကမ္ဘာငါးရာ၊ ဒီလိုနဲ့ ဘုရားအဆူဆူ   ပွင့်
သော်လည်း တရားနာခွင့် မရတော့ပါ။ တရားနာယူမှတ်သား ကျင့်ကြံပြီး ရလာမယ့်   အခွင့်ကောင်း
တွေ    လက်လွတ်ဆုံးရှုံးသွားရ ပါတယ်။ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ။
  ဒါကြောင့် အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့လည်း လူ့ဘ၀ရနေကြပြီ၊ ကံ
ကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ တို့တတွေပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို
ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင်
သူတော်စင်ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated