ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို
ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာ
သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀က
ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။
ယခုဘ၀မှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော
ဝတ္ထုများလည်း ရှိသေး၏။ “ဒုဿီ” မည်သော မာန်နတ်သည် ကဿပဘုရားရှင်၏ လက်ယာတော်ရံ
အဂ္ဂသာဝကအရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေသည်။ “နန္ဒ” မည်သော နတ်ဘီ
လူးကား အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်း
မှာ အလောင်းတော် ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထို နတ် ဘီလူး မင်းတို့
ထိုဘ၀၌ ပြုအပ်သောကံသည် ထိုဘ၀မှာပင် အခွင့်ရ၍ မြေမျိုစေလိုသည်။
ထိုသို့ စသည်ဖြင့် အမိအဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စောကားသူတို့သည် ထိုကံအ
တွက် အသက်တမ်းစေ့အောင် မနေကြရဘဲ လတ်တလော သေရတတ်လေသည်။ ဤ ဥပစ္ဆေဒကကံ
တစ်ခုခုကြောင့် သေရခြင်းကိုပင် “ အကာလ မရဏ = သေဖို့ရန် အချိန်မကျသေးဘဲ သေရခြင်းဟု
ခေါ်ပါသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကူးယူ
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment