@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 4 August 2015

သူတော်ကောင်း ဥစ္စာ (၇) ဖြာ။

သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။

၅။ ပညာ = လောကီ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း။
၆။ ဟီရိ = သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း။
၇။ သြတ္တပ္ပ = ပစ္စုပ္ပန် သံသရာဘေးကို ကြောက်လန့်ခြင်း၊ မကောင်းမှုကို လန့်ခြင်း။
  {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်



★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

★ မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ် ဆိုတာကို သတိထားဖို့လိုတယ်။ ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောပြရယ်ဆိုရင် - ပထမလုပ်ရမှာက ကိုယ့်ရဲ့သန္တာန်မှာ မေတ္တာဆိုတဲ့အရာကို တွေအောင်ရှာဖို့လိုတယ်။ အရပ်ထဲမှာပြောတဲ့ တဏှာရာဂနဲ့ချစ်တဲ့မေတ္တာနဲ့ ရောထွေးသွားတတ်တယ်။ ဘာက၀င်ပြီး မေတ္တာယောင် ဆောင်တတ်သလဲဆိုတော့ ရာဂက၀င်ပြီး မေတ္တာယောင် ဆောင်တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။

ရှင်သီဝလိမထေရ်မြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။

        ရှင်သီဝလိ မထေရ်မြတ်ကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ

ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဧတဒဂ်ရ  ရဟန္တာအရှင်မြတ်ကြီးဖြစ်
တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှပါ၏။ ဆန်းကြယ်
လွန်းလှပါ၏။ ဘုရားရှင် ကိုယ်တော်တိုင်က သီဝလိသတိုးသားငယ်အား ရှင်သာမဏေအဖြစ် သွတ်
သွင်းချီးမြင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေးပါ၏။ ယင်းသို့ ဆံချပေးရာ ခေါင်း
မှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်ဝက်ကျန်သောအ
ခါ သကဒါဂါမိမဂ်ရ၏။ ဆံချပြီးစီးသွားသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်သွားပါသည်။

ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ


                                                      လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။ ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် ---



(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။
(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။
(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)

ဒီတရားခြောက်ပါးဟာ စီးပွါးဖြစ်ခြင်းရဲ့ အလွန်မွန်မြတ်တဲ့ အကြောင်းပဲ"
ဟု ဖြေကြား၏။

လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ


သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။

ကွဲပြားခြားနားပုံ ---
၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊

   (ခ) အချို့ သူတို့မှာ ရောဂါ ကင်းရှင်း ကျန်းမာခြင်း ရှိကြပါသည်။
၃ (က) အချို့ သူတို့မှာ အရုပ်ဆိုး၍၊
    (ခ) အချို့ သူတို့မှာ အဆင်းလှကြပါသည်။
၎ (က) အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
၅ (က) အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပေါများ ကြွယ်ဝကြပါသည်။
၆ (က) အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍၊
   (ခ) အချို့ သူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
၇ (က) အချို့ သူတို့မှာ ပညာ ဉာဏ်နည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပညာ ဉာဏ်များပြားလှပါသည်။

စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။

        မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်
နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့  အလွန်မွန်

မြတ်ပါတယ်။ သို့သော် ထို လုပ်ငန်းမွန်မြတ်မှုဟာ စိတ်ဓာတ်နဲ့ ပေါင်းစပ်လိုက်မှ ပိုပြီးတော့
မွန်မြတ်နိုင်ပါတယ်။ ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် ကုသိုလ်ရတဲ့ လုပ်ငန်း
ကြီး ဖြစ်ပါတယ်။ အလွန်မွန်မြတ်ပါတယ်။
         ဘုရားလက်ထက်တော်က ကျောင်းတွေမှာဆိုလို့ရှိရင် “ဂိလာနသာလာ” လို့ခေါ်တဲ့
အဆောင်ရှိပါတယ်။ အခုလို စနစ်တကျ ဆောက်ထားတဲ့ ဆေးရုံကြီးတွေတော့ မဟုတ်ပါ။
သို့သော် မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ သီးသီးသန့်သန့် နေဖို့ အဆောက်အဦးကတော့ ရှိပါတယ်။
အဲဒါကို စာပေကျမ်းဂန်မှာ “ဂိလာနသာလာ” လို့ ခေါ်ပါတယ်။
         “သာလာ” ဆိုတဲ့ စကားလုံးကတော့ အဆောက်အဦးလို့ ရည်စူးတာပါ။ အခုခေတ်တော့
“သာလာ” ကို ဇရပ်လို့ပဲ ဘာသာပြန်နေကြပါတယ်။ ဘုရားလက်ထက်မှာ “သာလာ” ဆိုတာ
စည်းဝေးတဲ့ခန်းမကိုလည်း ခေါ်ပါတယ်။ “ဥပဌာန သာလာ” လို့ ခေါ်ပါတယ်။ အဲ ဂိလာနရဟန်း
တွေနေဖို့  ဆောက်ထားတဲ့ဟာကိုလည်း “ဂိလာန သာလာ” လို့ ခေါ်ပါတယ်။ အဲဒီ ဂိလာန သာ
လာကို မြတ်စွာဘုရားက မကြာခဏ ကြွသွားပြီးတော့ အားပေးစကား ပြောတယ်။ ကိုယ်တိုင်
လည်း ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို လုပ်တယ်။
         ဒါ လူသားတွေအချင်းချင်း ကြင်နာတရားထားလို့ အလွန်မွန်မြတ်တဲ့ လုပ်ငန်းတစ်ခုလို့
မြတ်စွာဘုရားက ဟောကြားထားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ အလိုတော်ကို သိရှိကြ
တဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ဖွင့်ဆိုတဲ့ “အဌကထာ” တို့၊ “ဋီကာ” ကျမ်းတွေကို ရေးသားကြတဲ့
ဆရာတော်ကြီးတွေက “ဂိလာနုပဌာနံ ဗုဒ္ဓပ္ပသတ္ထံ” သူနာကို ပြုစုတဲ့ လုပ်ငန်းကို ဘုရားက အင်
မတန်မှ ချီမွမ်းပါတယ်တဲ့။ ဘယ်လောက်ချီးမွန်းတုန်းဆိုရင် “ယော မံ ဥပဌဟေယျ၊ သော ဂိ
လာနံ ဥပဌေဟယ်”။ ငါ့ကို အလုပ်အကြွေး လုပ်ကြွေးတဲ့ ပုဂ္ဂိုလ်ဟာ “ဂိလာန”ကိုပဲ လုပ်ကြွေး
သင့်တယ် လို့ တန်းတူထားပြီးတော့ ပြောခဲ့ပါတယ်။ အဲဒီတော့ ဒီ ဗုဒ္ဓစကားကို ကြည့်ခြင်းအား
ဖြင့် လုပ်ငန်းအနေနဲ့ အလွန်မွန်မြတ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့
လုပ်ငန်းကို မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ စိတ်ဓာတ်မွန်မြတ်မှ လုပ်
ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။ ။
 {၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ နေပြည်တော်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
   ဟောကြားသော ဘေသဇ္ဇဂုရုတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဒေါက်တာအရှင်ဉာဏိဿရ၏ ကိုယ်ပိုင်ဥစ္စာ ။

       ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ”
“ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ မိမိပြုလေသမျှ ကာယကံ၊ ၀စီ
ကံ၊ မနောကံတို့သည်သာ မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။ အိမ်မြေ၊ တိုက်တာ၊ ကား၊ ရွှေငွေ ရ

တနာတို့သည် မိမိလက်ဝယ် ရရှိပိုင်ဆိုင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လွတ်
ဆုံးရှုံးတတ်ပါသည်။ ယင်းသို့ လက်လွတ်ဆုံးရှုံးမှု မရှိသည့်တိုင် မိမိကွယ်လွန်တိမ်းပါးသော် ထား
ချန်ရစ်ခဲ့ရပါသည်။ ကံဟူသော ကိုယ်ပိုင်ဥစ္စာမည်သည်ကား သံသရာတစ်လျှောက် မိမိကိုယ်ပိုင်
ပစ္စည်းအဖြစ် ကောင်းမွေ၊ ဆိုးမွေကို ခံစား၊ စံစားစေနိုင်စွမ်း ရှိပါသည်။ ကောင်းသော ကာယကံ၊
ဝစီကံ၊ မနောကံတို့သည် ကောင်းသော ကိုယ်ပိုင်ဥစ္စာဖြစ်ပါသည်။ မကောင်းသော အပြုအမှူများ
သည်လည်း မကောင်းသော အကုသိုလ် ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated