@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 4 August 2015

စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။

        မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်
နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့  အလွန်မွန်

မြတ်ပါတယ်။ သို့သော် ထို လုပ်ငန်းမွန်မြတ်မှုဟာ စိတ်ဓာတ်နဲ့ ပေါင်းစပ်လိုက်မှ ပိုပြီးတော့
မွန်မြတ်နိုင်ပါတယ်။ ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် ကုသိုလ်ရတဲ့ လုပ်ငန်း
ကြီး ဖြစ်ပါတယ်။ အလွန်မွန်မြတ်ပါတယ်။
         ဘုရားလက်ထက်တော်က ကျောင်းတွေမှာဆိုလို့ရှိရင် “ဂိလာနသာလာ” လို့ခေါ်တဲ့
အဆောင်ရှိပါတယ်။ အခုလို စနစ်တကျ ဆောက်ထားတဲ့ ဆေးရုံကြီးတွေတော့ မဟုတ်ပါ။
သို့သော် မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ သီးသီးသန့်သန့် နေဖို့ အဆောက်အဦးကတော့ ရှိပါတယ်။
အဲဒါကို စာပေကျမ်းဂန်မှာ “ဂိလာနသာလာ” လို့ ခေါ်ပါတယ်။
         “သာလာ” ဆိုတဲ့ စကားလုံးကတော့ အဆောက်အဦးလို့ ရည်စူးတာပါ။ အခုခေတ်တော့
“သာလာ” ကို ဇရပ်လို့ပဲ ဘာသာပြန်နေကြပါတယ်။ ဘုရားလက်ထက်မှာ “သာလာ” ဆိုတာ
စည်းဝေးတဲ့ခန်းမကိုလည်း ခေါ်ပါတယ်။ “ဥပဌာန သာလာ” လို့ ခေါ်ပါတယ်။ အဲ ဂိလာနရဟန်း
တွေနေဖို့  ဆောက်ထားတဲ့ဟာကိုလည်း “ဂိလာန သာလာ” လို့ ခေါ်ပါတယ်။ အဲဒီ ဂိလာန သာ
လာကို မြတ်စွာဘုရားက မကြာခဏ ကြွသွားပြီးတော့ အားပေးစကား ပြောတယ်။ ကိုယ်တိုင်
လည်း ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို လုပ်တယ်။
         ဒါ လူသားတွေအချင်းချင်း ကြင်နာတရားထားလို့ အလွန်မွန်မြတ်တဲ့ လုပ်ငန်းတစ်ခုလို့
မြတ်စွာဘုရားက ဟောကြားထားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ အလိုတော်ကို သိရှိကြ
တဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ဖွင့်ဆိုတဲ့ “အဌကထာ” တို့၊ “ဋီကာ” ကျမ်းတွေကို ရေးသားကြတဲ့
ဆရာတော်ကြီးတွေက “ဂိလာနုပဌာနံ ဗုဒ္ဓပ္ပသတ္ထံ” သူနာကို ပြုစုတဲ့ လုပ်ငန်းကို ဘုရားက အင်
မတန်မှ ချီမွမ်းပါတယ်တဲ့။ ဘယ်လောက်ချီးမွန်းတုန်းဆိုရင် “ယော မံ ဥပဌဟေယျ၊ သော ဂိ
လာနံ ဥပဌေဟယ်”။ ငါ့ကို အလုပ်အကြွေး လုပ်ကြွေးတဲ့ ပုဂ္ဂိုလ်ဟာ “ဂိလာန”ကိုပဲ လုပ်ကြွေး
သင့်တယ် လို့ တန်းတူထားပြီးတော့ ပြောခဲ့ပါတယ်။ အဲဒီတော့ ဒီ ဗုဒ္ဓစကားကို ကြည့်ခြင်းအား
ဖြင့် လုပ်ငန်းအနေနဲ့ အလွန်မွန်မြတ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့
လုပ်ငန်းကို မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ စိတ်ဓာတ်မွန်မြတ်မှ လုပ်
ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။ ။
 {၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ နေပြည်တော်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
   ဟောကြားသော ဘေသဇ္ဇဂုရုတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated