@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday, 13 November 2014

ဒေါသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၂)


"ဒေါသအကြောင်း"

စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်း သဘောသည် ဒေါသမည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့် - စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။
ခက်ထန်-ဆိုသော်လည်း ရူးရူးရှဲရှဲ ခက်ထန်ခြင်း တစ်မျိုးသာမဟုတ်။ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသော စိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ။ စိတ်ပုံမှာ ဖွာတာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမူ၊ စိတ်အားငယ်မူ၊ ကြောက်လန့်မူများလည်း ဒေါသဘောပင်။


အချုပ်မှာ - စိတ်ညစ်မူ၊ စိတ်မချမ်းသာမူ၊ ကြောက်ရွံ့မူ၊ စိတ်ပျက်မူ၊ စိတ်ကောက်မူ၊ စိတ်ဆိုးမူ၊ ရန်ငြိုးဖွဲ့မူ၊ ဆဲဆိုငေါက်ငမ်း ခြောက်ချမ်းမူ၊ တိုက်ခိုက်မူ၊ သေကြေပျက်စီးအောင် ကြံဆောင်မူ အစုစုသည် ဒေါသချည်းတည်း။

မာနအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၁)


မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏။ ကြွတတရှိ၏။ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့် သူများထက်သာနေသောအခါ “ငါက သင်တို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို အထင်သေးတတ်၏။


သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ “သင်နဲ့ငါနဲ့ ဘာထူးသေးသလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ”ဟု တန်းတူထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါ့ထက်သာကော ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။

အများဖြစ်တတ်သောမာန်များနှင့် ပယ်ရှားနိုင်ဖို့ နည်းလမ်း

ဇာတိမာန်


အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်းကို “ဇာတိမာန်”ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော် မာန်တက်လောက်၊ ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု ထင်လောက်အောင် အမျိုးကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ်အမျိုးကောင်းသည်ပင် ဆိုဦးတော့ အမျိုးမြတ်သူက မာနမဖက်ဘဲ ညက်ညက်ညောညော အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင်ကြည်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့ အရိုသေတန်”ဆိုသကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုအသေတန်မူအတွက် ထိုသူ အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။ ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်ကြပါကုန်။


ဓနမာန်

အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်” ဟုခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာရှိသူတွေ ရှိပါပေသည်။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်းပေါများကြသည် မဟုတ်ပါ။ “မမြင်ဖူးတော့ မူးမြစ်ထင်”ဆိုသလို မိမိကိုယ်ကို သူဋ္ဌေးသူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲသူ ဆင်းရဲသားတို့အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါသလော။ မိမိပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည် မဟုတ်ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားအသုံးသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။


ထို့ကြောင့် ရှေးက ဒါနကုသိုလ်အကျိုးပေး၍ တစ်သက်လျာအတွက် ရရှိသော စည်းစိမ်ဥစ္စာလေးကို နောင်သံသရာ အရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံကားပုံသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတစ်ဘ၀ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ် အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တစ်သက်လျာမျှသာ သုံးစွဲနိုင်ပါသည်။


“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။” (အနန္တသူရိယ အမတ်)

စာပေပညာ၏ လမ်း ၂သွယ်


ယခုခေတ် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့လမ်းကို မှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပိဋကတ်စာပေပညာမှ လမ်း ၂-သွယ် ဖြာနေပုံကို ထင်ရှားပြဦးမည်။

အောက်လမ်း


စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်။ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ အကောင်းအမွန်ရလိမ့်မည်။ သူတစ်ပါးအပေါ် မောက်မော်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ၊ ဒေါသ၊ မာန်မာနကို အခြေခံ၍ စာပေသင်ကြားကြ၏။ တတ်မြောက်သောအခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင် ကြိုးစား၍ သူတစ်ပါးအပေါ် မောက်မော် စော်ကားတတ်၏။ ထိုသူ၏ ပညာသင်ကြားမူ ပညာတတ်သိမူ အောက်လမ်းသွားဖို့အကြောင်း မကောင်းမူ ချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ဆိုသည်။

အထက်လမ်း

စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတစ်ပါးအား တစ်ဆင့်ပို့ချမည်။ စာပေပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ် ကြည့်ရူ၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသော ရည်ရွယ်ချက်ဖြင့် သင်၍တတ်မြောက်သော အခါလည်း ပစ္စည်းလာဘ်လာဘ ဒကာဒကာမပေါများမူကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင် ကြိုးစား၏ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြား တတ်မြောက်မူမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါသည်။


အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိသော်လည်း စာပေတတ်မြောက်သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်းရသူပင် ဖြစ်သည်။ ငယ်ရွယ်သူ ဟူသမျှတို့ စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်းရကြပါစေ။

အဆင်းမာန်

အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟုခေါ်၏။ ရှေးဘ၀က ဒေါသနည်းပါးခြင်း၊ ပန်းစသည်တို့ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမိုက်သုတ်သင်ရှင်းလင်းခြင်း စသော ကုသိုလ်ကောင်းမူကြောင့် ယခုဘ၀၌ ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တစ်လောက်ပါပေသည်။


သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသကင်းစင် စိတ်ကြည်လင်၍ ရေလှူပန်းလှူခြင်း စသော ကုသိုလ်ကောင်းမူရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘ၀ရောက်မှ အလှဂုဏ် မာန်တက်၍ သူတစ်ပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣနြေ္ဒရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။

အချုပ်သတိပေးချက်

အချုပ်မှာ နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခုပြခဲ့သော ဇာတိမာန်စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင်မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီမင်းသားများဖြစ်ကြသည်။ ပညာဘက်ကလည်း မဟော်သဓာတသုခမိန်စသည့်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။


အမျိုးသမီးများဘက်ကလည်း ဥပ္ပလ၀ဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်းအမျိုးသမီးတို့မှာ အမျိုးဥစ္စာ ပညာဘက်၌ သာမက အလှဘက်ကလည်း တစ်ကမ္ဘာလုံး မျက်နှာဖုံးများပင် ဖြစ်ကြပေသည်။


ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာနမတက်ကြပါဘဲလျက် “သည်လိုယုန်တော့ ချုံတိုင်းတွေ့နိုင်”တဲ့ အစား “တံငါစာ၍ ငါသာသာ” ရှိသူများ ရှိစုမဲ့စု စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် ကြက်ဆူပင်မင်းမူနေခြင်းမှာ နက်နက်နဲနဲတွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။



ထို့ကြောင့် နှလုံးလေပင့်၍ ဘ၀မြင့်သူအလား ထောင်လွှား တက်ကြွ မာန်မာနဖြစ်ခြင်းသည် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက နောက်နောက်ဘ၀တို့၌ အမျိုးညံ့ဖို့အကြောင်း မကောင်းသက်သက် ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်းရောက်နေသော်လည်း နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုးသောမြွေ၊ ဦးချိုကျိုးသောနွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ တက်ကြွသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။


 
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 

♣ ဒိဋ္ဌိအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

ဒိဋ္ဌိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၀)


မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။ ထို့ကြောင့် “မှားသောအမြင်-ဒိဋ္ဌိတွင်သား”ဟုဆိုခဲ့သည်။ ဤအသိအမြင်မှား နေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤဒိဋ္ဌိသည် “မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံသာမက “သူ၏အယူက အမှန်၊ သူများအယူတွေ အလွဲ”ဟု စွပ်စွဲတတ်သေး၏။


ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တ၀ါတွေကို ဖန်ဆင်းသူ မရှိပါဘဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တ၀ါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တဟုခေါ်သော အသက်ကောင် မရှိဘဲလျက် “အတ္တရှိ၏၊ အသက်ကောင်ရှိ၏”ဟု သိမြင်ခြင်းသည် “မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။

မာယာ နှင့် သာဌေယျအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၉)


တဏှာလောဘကိုပင် တချို့အရာ၌ “မာယာ” ဟုခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲ့ကိုကောက်၍ ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟုဆိုလိုသည်။

မိန်းမမာယာ
 
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ယုယ၏။ မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ရှ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရူပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။

လောဘအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၈)


လိုချင်မူသဘောသည် လောဘတည်း။ ထို့ကြောင့် “လောဘသဘော လိုချင်ဟော“ဟု ဆိုခဲ့သည်။

“လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မူမျိုးကိုသာ လောဘဟု ဆိုသည်။ နိဗ္ဗာန်ကို လိုချင်မူ၊ တရားကို လိုချင်မူ၊ စာပေတတ်ချင်မူ၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မူ စသော ကောင်းသောအရာ၌ လိုချင်မူမျိုးကား လောဘမဟုတ်။ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။


(လောဘ၏ အခြားနာမည်များ)

ဤလောဘကို “ပေမ” ဟုလည်းကောင်း၊ “တဏှာ”ဟုလည်းကောင်း၊ “ရာဂ”ဟုလည်းကောင်း၊ “သမုဒယ”ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနူန်းကြ၏။

ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မူနှင့် ဆွေလိုမျိုးလို ချစ်ခင်မူတို့ သုံးနူန်းကြရသည်။

ဥဒ္ဓစ္စအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၇)

စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်သို့ ခဲကျသောအခါ ပြာတွေလွင့်တက်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက် သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိလည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူပေါ်ကြော့ ဖြစ်တတ်လေသည်။

နန္ဒထေရ် စိတ်မတည်ပုံ
 
ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်းတရား၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ စိတ်လွင့်ပါး၍ ဇနပဒကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤ၀တ္ထု၌ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။

ဥဒ္ဓစ္စ သတ္တိညံ့ပုံ


ဤဥဒ္ဓစ္စသည် သူ့ပင်ကို သဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်ချနိုင် လောက်အောင် သတ္တိမကြီးမားချေ။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ အနောတ္တပ္ပအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

အနောတ္တပအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၆)

မကြောက်လန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပမူ=မလန့်ဟူ၏” ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံတွေနှင့် တူ၏။ အနောတ္တပကား ပိုးပရန်နှင့် တူလေသည်။ ချဲ့ဦးအံ့ - မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟုခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်ဟုမထင်ဘဲ ရဲရဲကြီး တိုးကြလေသည်။ ထို့အတူ အကုသိုလ်ဒုစရိုက်များသည် ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပါသည်။

သို့သော် ထိုဘေးဒုက္ခတွေကို မောဟက ဖုံးကွယ်ထားသည့်အတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ဘဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍တွေ့ရတတ်သော ဘေးတို့ကား -
၁။ အတ္တာနုဝါဒဘေး။ သူတစ်ပါးက “ငါ့ကို လူကြီးလူကောင်း၊ သူတော်ကောင်း” ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းငါသာသိ၏။ ငါသည် သူတို့ထင်သလို ကောင်းသော သူတော်ကောင်းမဟုတ်ချေ။ မကောင်းမူ ဒုစရိုက်များကို ခိုးကြောင်ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တစ်ယောက်ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိပြန်၍ စွပ်စွဲကဲ့ရဲ့ခြင်း မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ (အတ္တ=မိမိကိုယ်ကို + အနုဝါဒ=စွပ်စွဲခြင်း)

ကောင်းရာသုဂတိဘုံသို့။

        မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
        မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား

တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်
လယ်ရေ မျက်နှာပြင်ပေါ် ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
         အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေ
နက်ပိုင်း ထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတဲ့ လိပ်ကြီး။ အဲဒီ ပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံး
ကြီး တစ်ခုက အပေါက်ကလေး တစ်ပေါက်ပဲပါတယ်။ ပင်လယ်ရေဆိုတာ ငြိမ်သက်နေတဲ့ နေရာ
မဟုတ်ဘူး။ အမြဲတမ်း လှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်း တိုက်ပြီးနေတဲ့ နေရာ။ အဲဒီ ထမ်း
ပိုးတုံးကြီးတစ်တုံး ပင်လယ်ထဲမှာ မျောပြီး မျောချင်ရာ မျောနေတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated