@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 13 January 2015

အမှတ်စဉ်(၁၇) {သဏ္ဌာန်ပျက်ရင် အမည်ပြောင်းတဲ့သဘော၊ ပညတ်ကို ဘာအတွက်သုံးကြသလဲ}


သဏ္ဌာန်ပျက်ရင် အမည်ပြောင်းတဲ့သဘော

ယသ္မိံ ဘိန္နေ န တံ သမညာယသ္မိ- အကြင် ပစ္စည်းဝတ္ထုဟာ၊ ဘိန္နေ- ပုံသဏ္ဌာန်ပျက် သွားမယ်ဆိုရင်၊ န တံ သမညာ - အဲဒီအမည် မဟုတ်တော့ဘူးတဲ့၊ မြေအိုးဆိုတာကိုပဲကြည့်၊ ပထမဆုံးက ရွှံစေး၊ ထိုရွှံစေးကို ပုံသဏ္ဌာန် လုပ်လိုက်တဲ့ အခါကျတော့  မြေအိုးလို့ ခေါ်တာ၊ တစ်ခါ ထိုမြေအိုး ကွဲသွားတဲ့အခါကျတော့ အိုးကွဲလို့ ခေါ်ပြန်ရော၊ အမှုန့် ထောင်းလိုက်တဲ့ အခါကျတော့ မြေမှုန့် ပြန်မဖြစ်သွားဘူးလား၊ သဏ္ဌာန်ပြောင်းတိုင်း အမည်နာမတွေ လိုက်ပြောင်းနေတာ၊ အဲဒါ ပညတ်ရဲ့ သဘောပဲ။

ပညတ်ဆိုတာ နောက်တစ်ခုက ဉာဏေန၀ါ ၀ိဘေဒိတေ- အသိဉာဏ်နဲ့ ခွဲစိပ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်လည်း အမည် ပျောက်သွားတယ်တဲ့၊ သအိဉာဏ်နဲ့ ခွဲစိပ် ပြီးတော့ ကြည့်ရမယ်၊ ခွဲစိပ်ကြည့်လိုက်တာနဲ့ အမည် ပျောက်သွားရင်လည်း ပညတ်ပဲတဲ့၊ အခု တရားပွဲ လာကြတယ်၊ ဘာနဲ့ လာတုန်းမေးရင် ကားနဲ့လာတယ်၊

အမှတ်စဉ်(၁၆) {သူ့နေရာနဲ့သူ မှန်တယ်၊ ပညတ်ရဲ့ သဘောလက္ခဏာ}


သူ့နေရာနဲ့ သူမှန်တယ်
ပရမတ်နဲ့ ပညတ် အငြင်းအခုန်တွေ အရင်တုန်းက မြန်မာ ပြည်မှာ တော်တော်လေး ဖြစ်ခဲ့ဖူးတယ်၊ သူ့နေရာနဲ့သူ မှန်တယ်လို့ ဒီလို မှတ်ရမယ်၊ ငြင်းစရာ မလိုဘူးနော်၊ သမ္မုတိသစ္စာအတိုင်း လိုက်နာရမယ်၊ သမ္မုတိသစ္စာအတိုင်း မလိုက်နာလို့ရှိရင် ထိုပုဂ္ဂိုလ်သည် စိတ်မမှန်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားမယ်၊ အဲဒီတော့ သမ္မုတိသစ္စာကို အသုံးပြုပြီးတော့ ဗုဒ္ဓမြတ်စွာက လူတွေရဲ့ ကျင့်ဝတ်တွေကို ချမှတ်တော်မူခဲ့တယ်၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ။
ကြည့်လေ လူတွေမှာ အဆင့်ဆင့် မင်းက အဖေ၊ မင်းက သား၊ သမီး၊ မင်းက အမေဆိုပြီး လူတွေမှာ Hierarchy (အနိမ့် အမြင့် အဆင့်ခွဲသည့် စနစ်) အဆင့်ဆင့် ခွဲထားခဲ့တယ်၊ သားသမီး လုပ်တဲ့ ပုဂ္ဂိုလ်က အမေ, အဖေဆိုပြီးတော့ လေးစားရမယ်၊ ဆောင်ရွက် ရမယ့် ၀တ္တရားတွေ ဆောင်ရွက်ပေးရမယ်၊  စော်ကားလို့ မရဘူး၊

အမှတ်စဉ်(၁၅) {ပညတ်ရဲ့ သဘာဝ၊ သမ္မုတိသစ္စာကို လေးစားကြ}

ပညတ်ရဲ့သဘာဝ
ဒါဖြင့် ဒီပညတ်ကလည်း အလွန်အရေးကြီးတယ်၊ လောက သတ်မှတ်ထားတဲအတိုင်း အားလုံးလေးစားကြရမယ်၊ လိုက်နာကြရမယ်၊ အများသတ်မှတ်ထားတဲ့အတိုင်း ခေါ်ထားတဲ့ အတိုင်း အားလုံးလေးစားကြရတယ်၊ ဒါ ပညတ်ရဲ့ သဘာဝ၊ 
အ၀တ်အစားတွေပဲကြည့်၊ ဒါက ပုဆိုးလို့ သတ်မှတ်ထားလို့ ရှိရင် အမျိုးသမီးတွေ ၀တ်ရဲ့လား၊ သင်္ကန်းလို့ သတ်မှတ်ထားတဲ့ အ၀တ်ကို လူတွေ ၀တ်ရဲ့လား၊ မ၀တ်ဘူး၊ တကယ်တော့ အ၀တ်ဟာ အ၀တ်ပဲ၊ သို့သော်လည်း သမ္မုတိသစ္စာအားဖြင့် အများက ဒီလို သတ်မှတ်ထားသည့် အတွက်ကြောင့် မှန်နေတယ်။

အမှတ်စဉ်(၁၄) {မရှိပညတ်၊ ရှိပညတ် }

မရှိပညတ်

လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတာ၊ “ယုန်မှာ ချို မရှိဘူး” လို့ ပြောကြတယ်၊ ခု မော်ဒန်ယုန်ကျတော့ မပြောတက်ဘူး၊ ချို ပေါက်ချင်ပေါက်နေမှာနော်၊ အဲဒီတော့ ယုန်ချိုဆိုတဲ့ စကားလုံးကိုကြည့်ရင် ယုန်မှာ ချိုမရှိသော်လည်း စကားလုံး အနေနဲ့တော့ ယုန်ချိုလို့ ပြောလို့ မရဘူးလား၊ ရတယ်၊
သို့သော် ယုန်ချိုလို့ ပြောတဲ့အတိုင်း တကယ် ချိုကို ရှာတွေ့နိုင်ပါ့မလား၊ မတွေ့နိုင်ဘူး၊ အဲဒီလို မရှိတာဟာ ပင်ကိုယ်က မရှိတာ၊ သဘာဝအားဖြင့် မရှိတာ ဖြစ်နိုင်တယ်၊ အဲဒီလို မရှိတာကို အစွဲပြုပြီးတော့ ‘မရှိတဲ့ ပညတ်’ တကယ် မရှိတာကို အရှိလုပ်ပြီး လူတွေက ပြောလေ့ရှိတဲ့ ပညတ်ကို အ၀ိဇ္ဇာမာန ပညတ်လို့ ခေါ်တယ်။

ရှိပညတ်
တချို့ကျတော့ သဘာဝအားဖြင့် တကယ်ကို ရှိတယ်၊ ဥပမာ- အာရုံကို သိတက်တဲ့သဘောကို စိတ်လို့ခေါ်တယ်၊ လူတိုင်း လူတိုင်းမှာ စိတ်ရှိတယ်၊ မတွေ့နိုင်ဘူးလား၊ တွေ့နိုင်တယ်၊ စိတ်ဆိုတဲ့ အာရုံကို
သိတက်တဲ့သဘော၊ လူတိုင်း လူတိုင်းမှာ မရှိဘူးလား၊ အဲဒီအရှိကို အစွဲပြုပြီးတော့ ခေါ်ဝေါ်ပညတ်တဲ့ စိတ်ဆိုတဲ့ ဝေါဟာရလေးကျတော့ ၀ိဇ္ဇာမာနပညတ် လို့ ခေါ်တယ်။

အမှတ်စဉ်(၁၃) {သဒ္ဒပညတ်၊ အတ္ထပညတ် }


သဒ္ဒပညတ်
သဒ္ဒပညတ်ဆိုတာ လူတွေပြောတဲ့ စကားသံတွေကို သင်္ကေတလုပ်ထားတာ၊ သဒ္ဒပညတ် လို့ ခေါ်တယ်၊ အသံတွေကို စာလုံးနဲ့ မှတ်တမ်းတင်ထားတယ်ပေါ့၊ အသံဆိုတာ မြင်ရရဲ့လား၊ မမြင်ရဘူး၊ သို့သော် စာလုံးနဲ့ မှတ်တမ်း တင်လိုက်ရင် ဒီအသံမျိုး ထပ်မရနိုင်ဘူးလား၊ ရနိုင်တယ် မြန်မာလူမျိုးတွေက ကကြီး၊ ခခွေးနဲ့ ဗျည်း-၃၃လုံး အသံတွေ ဖလှယ်ပြီးတော့ မှတ်တမ်းတင်ထားကြတာ၊ အဲဒီ စကားလုံးအသံကို ဘယ်သူ ရွတ်ရွတ်၊ ဒီအသံပဲထွက်တယ်၊ စကားလုံးတွေ, ဝေါဟာရတွေနဲ့ အသံကို မှတ်တမ်းတင်ထားတယ်လို့ ခေါ်တာ၊ အဲဒါတွေကို သဒ္ဒပညတ်လို့ ခေါ်တယ်။
အင်္ဂလိပ်လူမျိုးတွေအတွက်လည်း အင်္ဂလိပ်ဝေါဟာရတွေ အင်္ဂလိပ် စကားလုံးတွေဟာ ပညတ်ပါပဲ၊ ဒါတွေဟာ အမှန်တရားတွေ မဟုတ်ဘူးနော်၊ စာလုံးလေးတွေကို အမှတ်သင်္ကေတ ပြုပြီးရေးထားတာ၊ ဒါကြောင့် ပုံစံအမျိုးမျိုးနဲ့ ရေးတယ်လေ။

အမှတ်စဉ်(၁၂) {သမ္မုတိသစ္စာ၊ သမ္မုတိသစ္စာဆိုတာ ပညတ် }

အခန်း (၁)
                                                                           
သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ

သမ္မုတိသစ္စာ
အဘိဓမ္မာမှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာလို့ သစ္စာ ၂-မျိုး ရှိတယ်၊ လူတကာ အသိအမှတ်ပြုတာကို သမ္မုတိ လို့ ခေါ်တယ်၊ လောက လူသားတွေ အများစုက အသိအမှတ်ပြုထားတဲ့အရာ (general consensus) ဟာ မှန်ကန်တယ်၊ ဒါကြောင့် သစ္စာလို့ ခေါ်တယ်၊ ဘာဖြစ်လို့ မှန်ကုန်တုံးဆိုရင် အများ သဘောတူထားတာ ဖြစ်လို့ မှန်ကန်တယ်လို့ပဲ ပြောရမယ်၊ သဘာဝအားဖြင့် မှန်ကန်လို့ မှန်ကန်တယ်လို့ ပြောတာ မဟုတ်ဘူး၊ အများလက်ခံလို့ မှန်တယ်လို့ ပြောရတဲ့ အမှန်၊ အဲဒါကို ‘သမ္မုတိသစ္စာ’  လို့ ခေါ်တယ်။
လောကမှာ နေ့စဉ် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ စကားလုံးတွေ ရှိတယ်၊ အမည်ပေးထားတာတွေ
များစွာရှိတယ်၊ လူတွေ နေတဲ့ အဆောက်အအုံကို “အိမ်” လို့ အမည်ပေးပြီး၊ ရဟန်း,သံဃာတွေ သီတင်းသုံးတဲ့ အဆောက်အအုံကျတော့ “ကျောင်း” လို့ အမည်ပေးထားတယ်၊ အများက ဒီအတိုင်းပဲ  လက်ခံထားကြတယ်၊ အများက အသိအမှတ်ပြုထားလို့ မှန်တယ်၊ လူတွေနေတဲ့အိမ်ကို ကျောင်းလို့ ခေါ်လို့ မရဘူး၊ ဘုန်းကြီးတွေ နေတဲ့အဆောက်အအုံကို အိမ်လို့ ခေါ်လို့ မရဘူး၊ အဲဒီလို ခေါ်ရင်မှားတယ်လို့ ပြောကြမှာပဲ။

အမှတ်စဉ်(၁၁) {ဃန ၄-မျိုး၊ အနတ္တဆိုတဲ့ အမြင်၊ နိဂုံးစကား}


ဃန ၄-မျိုး
          ဃန ဆိုတာ ၄-မျိုး ရှိတယ်၊ ဃနဆိုတာ ပေါင်းစပ်ထားသည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေကြတဲ့အရာ၊ သိပ်သည်းပြီးတော့ တစ်လုံးတစ်ခဲတည်း ဖြစ်နေသည့်အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေတဲ့အရာကို ‘ဃန’ လို့ ခေါ်တယ်။

နံပါတ် (၁) ‘ကိစ္စဃန’၊
အရာဝတ္ထုတွေဟာ ပေါင်းစုပြီးတော့ သူတို့လုပ်တဲ့ အလုပ်တစ်မျိုးတည်းကို လုပ်နေသည့်အတွက်ကြောင့် လူတွေက တစ်ခုလို့ သတ်မှတ်နေကြတယ်၊ တစ်ခုလို့ ထင်နေကြတယ်၊ တကယ်တော့ တစ်ခုမကဘူးလို့ ဆိုလိုတယ်၊ ဥပမာဆိုပါစို့၊ ‘စိတ်’ လို့ ပြောလိုက်ရင် တစ်ခုတည်းလို့ ထင်နေကြတယ်၊ မဟုတ်ဘူးတဲ့၊ အဘိဓမ္မာက ခွဲခြမ်းစိတ်ဖြာလိုက်တဲ့ အခါကျတော့ စိတ်လို့ ပြောတဲ့အရာမှာ အနည်းဆုံး ၈-ခု စုပေါင်းပါနေတယ်၊ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်ရင် ၈-ခု ပေါင်းထားတာ တွေ့ရမယ်။
          ရုပ်လို့ ပြောလိုက်ရင်လည်း ၈-ခုပေါင်းထားတာ၊ မြူမှုန် ကလေးကို ကြည့်လိုက် ထိုမြူမှုန်ကလေးဟာ ၈-ခုပေါင်းတယ်၊ ဟောဒီလို ခွဲခြမ်းစိတ်ဖြာမှုလေးတွေကို တွေ့လာတယ်၊ အဲဒီလို မဟုတ်လို့ ရှိရင် သူက တစ်ခုတည်းပဲ မြင်နေတယ်ပေါ့၊ အဘိဓမ္မာ သင်လိုက်သောအားဖြင့် ဒီ ‘ကိစ္စဃန’ ဆိုတဲ့ ဆောင်ရွက်မှုတွေ တူညီနေသည့်အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေတဲ့အထင်ကို ဖြိုဖျက်ပစ်နိုင်ပါတယ်လို့ ပြောတာ။

အမှတ်စဉ်(၁၀) {လူ့ပြည် ကြွလာလေ့ရှိ၊ လူ့ပြည်မှာ ဟောခဲ့၊ အဘိဓမ္မာသင်ယူရခြင်း အကျိုးကျေးဇူး} အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)


လူ့ပြည်ပြန်ကြွလေ့ရှိ

                          မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့ အချိန်ကို လူ့ပြည် ကြွလာလေ့ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုလ်တို့ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမ၀န္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတက်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်၊ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ၀တ်ကြီးဝတ်ငယ် ပြုတုန်းဆို ရှင်သာရိပုတ္တရာ တစ်ပါးတည်းပဲ အဲဒီကို ကြွာလာပြီး ဘုရား ဆွမ်းဘုန်းပေးတဲ့အခါမှာ ၀တ်ကြီးဝတ်ငယ် ပြုတယ်တဲ့။
                             အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားသလဲဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်၊ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်၊ အနားယူရမယ့် အချိန် အနားယူတယ်၊ ပြီးတော့မှ တရားဆက်ဟောတယ်။

စေတီရှိ အဆင်တန်ဆာ၏ အမည်များ



ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated