@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 21 May 2014

အဋ္ဌာဝကဘီလူး၏​မေးခွန်းများ

ပထမပုစ္ဆာ အ​မေး
၁. ​လောကလူ့ရွာမှာ အမြတ်​ဆုံးကဘာလဲ
၂. ​ကောင်းစွာ​လေ့ကျင့်​အပ်​​သောတရားမှာဘယ်​တရားက ချမ်းသာ ကို​ ​ဆောင်​နိုင်​သလဲ
၃. အရသာအ​ပေါင်းတို့မှာ အ​ကောင်းမြတ်​ဆုံး အရသာကဘာလဲ
၎.အသက်​​မွေးမှုအ​ပေါင်းတို့မှာ အမြတ်​ဆုံးအသက်​​မွေးမှု​ကဘာလဲ
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁.အမြတ်​ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်​​သော သဒ္ဒါတရား ။
၂.​ကောင်းစွာ​လေ့ကျင့်​အပ်​​သောတရားအ​ပေါင်းမှာ ကုသိုလ်​ ကမ္မပထတရား ဆယ်​ပါးဟာချမ်းသာကို​ဆောင်​နိုင်​တယ်​ ။
၃.အရသာအ​ပေါင်းတို့မှာ နိဗ္ဗာန်​ ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အ​ကောင်းမြတ်​ဆုံး။
၎.အသက်​​မွေးခြင်းတကာတို့မှာ ပညာဖြင့်​အသက်​​မွေးခြင်း ဟာအမြတ်​ဆုံးပါပဲ ။
ဒုတိယပုစ္စာများ
အိုမြတ်​စွာဘုရား
၁.အဘယ်​တရားဖြင့်​သံသရာအယဉ်​ ဟူ​သောသြဃကို ကူး​မြောက်​နိင်​သလဲ ။
၂.အဘယ်​တရားဖြင့်​သံသရာအယဉ်​ ဟူ​သောသမုဒ္ဒရာကို ကူး​မြောက်​နိင်​သလဲ ။
၃.အဘယ်​တရားဖြင့်​ ကာမဂုဏ်​ဆင်းရဲကို လွန်​​မြောက်​နိုင်​သလဲ။
၎.အဘယ်​တရားဖြင့်​စိတ်​၏စင်​ကြယ်​ခြင်းကို ဖြစ်​​စေနိုင်​သလဲ
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁. သံသရာအယဉ်​ ဟူ​သောသြဃကို ယုံကြည်​မှု့သဒ္ဒါတရားဖြင့်​ ကူး​မြောက်​နိုင်​တယ်​။
၂. သံသရာအယဉ်​ ဟူ​သော သမုဒ္ဒရာ ကိုမ​မေ့မ​လျှော့​သော အပ္ပမာဒတရားဖြင့်​ ကူး​မြောက်​နိုင်​တယ်​။
၃.ကာမဂုဏ်​ဆင်းရဲကို ဝီရိယဖြင့်​လွန်​မြောက်​နိုင်​တယ်​။
၎.ပညာဖြင့်​စိတ်​၏စင်​ကြယ်​ခြင်းကို ဖြစ်​​စေနိုင်​တယ်​။
တတိယပုစ္စာများ
အိုမြတ်​စွာဘုရား
၁.အဘယ်​သို့​သောသူသည်​ပညာရသလဲ။
၂.အဘယ်​သို့​သောသူသည်​ဥစ္စာကိုရသလဲ။
၃.အဘယ်​တရားဖြင့်​​ကျော်​​စောခြင်းသို့ေ၇ာက်​သလဲ။
၎.အဘယ်​တရားဖြင့်​အ​ဆွေခင်​ပွန်းကို ရသလဲ ။
၅.အဘယ်​သူသည်​​သေသည်​၏​နောက်​ တမလွန်​၌ မစိုးရိမ်​ရသလဲ။
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁.မ​မေ့​လျှော့​သောပညာရှိသည်​ နိဗ္ဗာန်​​  ရောက်​​ကြောင်းတရားကို  နာကြားသည်​ဖြစ်​ ၍ပညာကိုရ၏။
၂.​လျှောက်​ပတ်​​သောအမှုကို  ပြုလုပ်​ရန်​ ဝီရိယရှိသူသည်​ ဥစ္စာကိုရ၏
၃.မှန်​​သောစကားဖြင့်​​ကြော်​​စောခြင်းသို့​ရောက်​၏
၎.​ပေးကမ်းခြင်းဖြင့်​အ​ဆွေခင်​ပွန်းကိုရ၏
၅.မှန်​ကန်​မှု့သစ္စာ ၊ ပညာရ​ကြောင်းဓမ္မ ၊အားထုတ်​မှု ဓီတိ ၊စွန့်​ကြဲမှု စာဂ ဤ​လေးပါးတရားတို့နှင့်​ ပြည့်​ဆုံ​သောသူသည်​ ​နောင်​တမလွန်​ဘဝ၌ မစိုးရိမ်​ရသူ ဖြစ်​​ပေ၏
သာဓုသာဓုသာဓု

credit to Dr Mintinmon
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated