@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 25 August 2015

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့"

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။ ဒါကြောင့် "သုဘုတိ" ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန် ကိုဝင်စားတော်မူပါတယ်။


အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။
အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများတို့အား အကျိုးများစေရန် ဖြစ်ပါတယ်။ အဲဒီလိုအကျိုးများအောင်
မေတ္တာဈာန် ဝင်စားပြီး အလှူခံလေ့ရှိတဲ့အတွက် "အရှင်သုဘုတိ"ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ "အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင်" ချီးကျူးတော်မူပါတယ်။

ယခုအခါမှာလည်း အလှူပွဲများ၌ ရဟန်းတော် များ
မေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါနအကျိုးများစေရန်အတွက်ပါပဲ။ ဒါကြောင့် မေတ္တာ
ပရိတ်တော်ကို ရွတ်ဖတ်ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်း ပွားရင်း လေးလေး စားစားရွတ်ဖတ်သင့်ပါတယ်။

ဧတဒဂ်ရ အမျိုးသမီး (၁၀) ယောက်။

           ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်မှာ==
 ၁။ သူဌေးသမီး သုဇာတာ = ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဧတဒဂ်ရသည်။
 ၂။ ၀ိသာခါ = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ ခုဇ္ဇုတ္တရာ = အကြားအမြင်များသည့် အရာ၌ ဧတဒဂ်ရသည်။

 ၄။ သာမာဝတီ = မေတ္တာဖြင့်နေသည့် အရာ၌ ဧတဒဂ်ရသည်။
 ၅။ နန္ဒမာတာဥတ္တရာ = ဈာန်ဝင်စားသည့် အရာ၌ ဧတဒဂ်ရသည်။
 ၆။ သုပ္ပ၀ါသာ = အကောင်းအမြတ် ပေးလှူသည့် အရာ၌ ဧတဒဂ်ရသည်။
 ၇။ သုပ္ပိယာ = သူနာကို လုပ်ကျွေးတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၈။ ကာတိယာနီ = မတုန်မလှုပ် ကြည်ညိုရာ၌ ဧတဒဂ်ရသည်။
 ၉။ နကုလမာတာ = အကျွမ်းဝင်ခြင်း၌ ဧတဒဂ်ရသည်။
၁၀။ ကာဠိဒါယိကာမ = တဆင့်ကြား၍ ကြည်ညိုသောအရာ၌ ဧတဒဂ်ရသည်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။

       မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား
တယ်။ နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာ တဏှာရှိနေသေးသမျှ ဘယ်ခေတ်ဘယ်ကာ

လမှာပဲဖြစ်ဖြစ် ဒုက္ခဆိုတာ လာဦးမှာပဲ။
         ဒီ အတွယ်အတာ တဏှာကို ဖယ်ရှားခြင်းဟာ ဒုက္ခချုပ်ခြင်းပါပဲ။    ရှင်သာရိပုတ္တရာ
မထေရ်မြတ်က အနာထပိဏ်သူဌေးကြီးကို မျက်စိကမြင်တဲ့အာရုံကနေ စပြီးတော့ တွယ်တာ
မှုတွေ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွားသလို တို့တစ်တွေလည်းပဲ နံပါတ်(၁) ကိုယ်ပိုင်ဆိုင်တဲ့
ပစ္စည်းတွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖြုတ်၊ နံပါတ်(၂)က ကိုယ်နဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ
တွယ်တာတဲ့တဏှာကိုဖြုတ်၊ နောက်ဆုံး နံပါတ်(၃) ကိုယ့်ကိုယ်ကို တွယ်တာနေတဲ့တဏှာကို
ဖြုတ်ရမှာပါ။

အမျိုးသမီးဆိုပြီး အထင်မသေးနဲ့


အမျိုးသမီးလေးတွေဆိုပြီး အထင်မသေးကြနဲ့။ အောက်က ပုံတွေက ပရိယတ္တိသာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော အမျိုးသမီး သာသနာ့အနွယ် သီလရှင်ဆရာလေးများ ဖြစ်ကြပါတယ်။ သကျဓီတာ သီလရှင်စာတိုက်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် သဒ္ဓမ္မဒ္ဓဇ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲလေးကျင်းပရတဲ့ ရည်ရွယ်ချက်က မကြာတော့မီအချိန်မှာ နိုင်ငံတော်အစိုးရက ကျင်းပမည့် ပထမပြန်စာမေးပွဲစာမေးပွဲ၊
ဓမ္မာစရိယ(စာချတန်း) စာမေးပွဲများအတွက် အထောက်အကူလည်းဖြစ်စေသလို ကျောင်းတိုက်ကြီး၏ စည်းမျဉ်းတစ်ရပ်လည်းဖြစ်ပါတယ်။ ထိုစာမေးပွဲအောင်မြင်သူများအတွက် ကမ္ဘာမကျော်တဲ့ လူမသိ သူမသိတဲ့ ဘွဲ့လက်မှတ်လေးတွေ ဘာအဆောင်အယောင်မှမပါဘဲ ဆက်ကပ်မည်ထင်ပါတယ်။ အားသွန်ခွန်စိုက် ပိဋကတ်တော်များကို ကျက်မှတ်ပြီး ဖြေဆိုအောင်မြင်မှ ရရှိတဲ့ လက်မှတ်ဆိုတော့ အရည်အချင်းလည်းရှိသလို၊ ဂုဏ်လည်းယူစရာကောင်းပါတယ်။ အဆောင်အယောင်တွေ၊

“ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…”


လွဲနေတာလေးတွေကို ပြောနေရင်း
နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။
ဘုန်းဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။
တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့
ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး
ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။

ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး
အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။
ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်
သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီးပူဇော်တာလား..၊
ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။
ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ
မဟုတ်ဘူးဘုရား…၊တပည့်တော်မတို့ အိမ်မှာ
ကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊

“ ပညာရှိ သူတော်ကောင်းကို ဆည်းကပ်"


                                     
လောကမှာ အသိရယ် အကျင့်ရယ် နှစ်မျိုးနှစ်စားရှိတယ်။
သိတာက ၀ိဇ္ဇာ၊ကျင့်တာက စရဏ။
သိရုံသိပြီး မကျင့်ဘူးဆိုရင် ပညာရှိလို့ မခေါ်ဘူး။
ဗဟုသုတများတဲ့ ပုဂ္ဂိုလ်လို့ ပဲခေါ်နိုင်တယ်။
ပညာရှိဆိုတာက သိသင့်သိထိုက်တာကို
ကွဲကွဲပြားပြား ခြားခြားနားနားသိတယ်။
ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိတယ်။

သိတဲ့အတိုင်းလည်း ပယ်သင့်ပယ်ထိုက်တာကို ပယ်နိုင်အောင်၊
ပွားသင့်ပွားထိုက်တာကို ပွားနိုင်အောင်ကြိုးစားတယ်။
အသိနဲ့ အကျင့် တစ်ထပ်တည်း ဖြစ်တဲ့သူကိုခေါ်တာ။
ပဏ္ဍိတလို့ လည်း ခေါ်တယ်။
သူတော်ကောင်းက ရတနာမြတ်သုံးပါးကို ရိုသေလေးစားတယ်။
သီလကို ထိန်းသိမ်းစောင့်ရှောက်တယ်။
မကောင်းတာတွေကိုမလုပ်ဘူး။
မကောင်းတာတွေကို မပြောဘူး။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated