@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 17 August 2015

ကောင်းကံလုပ်နေပါလျှက် ကံမကောင်းရခြင်းအကြောင်း


 
ဒကာလေးတစ်ယောက်က မေးလာပါတယ်။
“တပည့်တော် မကြာခဏဆိုသလို ကုသိုလ်တွေ လုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရေကုသိုလ်များများလုပ်ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် တပည့်တော်ဘ၀က ထူးခြားမလာဘူးဘုရား”ဒီမေးခွန်းကတော့ မကြာခဏအမေးခံရတဲ့မေးခွန်း၊
ဆရာတော်များလည်း မကြာခဏဖြေကြားပေးနေတဲ့မေးခွန်းလေးပါ။



ဘုရားရှင်လက်ထက်က “အနာထပိဏ်သူဌေး”ဆိုတာ
စွန့်ကြဲလှူဒါန်းတဲ့နေရာမှာ ဧတဒဂ်ရထား တဲ့သူပါ။ သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီး သီလကို ဘယ်တော့မှ
မချိုးဖောက်တော့တဲ့သူပါ။ ဒီလိုပုဂ္ဂိုလ်တောင်မှ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့ဘ၀ကို
ရောက်ခဲ့ဖူးတယ်။ သူဟာ ကောင်းတာတွေ လုပ်နေပါလျက် ဘာလို့ခုလို ကံဆိုးမှုနဲ့ ကြုံရတာလဲ။

ဗုဒ္ဓဘုရားရှင်နှင့် စရိယာသုံးပါး (ဗုဒ္ဓဦးတည်ချက်သုံးရပ်)


ဂါတမဗုဒ္ဓဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းအထက်၌ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့သည်။ ထိုအချိန်မှာ ဒီပင်္ကရာဘုရား ပွင့်တော်မူချိန် ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ကြိုးစား၍ တရားအားထုတ်ရာ ဈာန်အဘိညာဉ်တန်ခိုးရ၍ ကောင်းကင်၌ သွားလာလှည့်လည်နိုင်သော အခြေသို့ပင် ရောက်ခဲ့သည်။ သို့ရာတွင် ရဟန္တာ မဖြစ်သေးပေ။
အကယ်၍ ဆက်လက်တရားအားထုတ်လျှင် ရဟန္တာဖြစ်နိုင်သော အခွင့်အလမ်း ရှိပေသည်။ သို့သော် ရဟန္တာအဖြစ်ကို မယူခဲ့။ ဘုရားအဖြစ်သို့ ရောက်ရန်ပင် ရည်မှန်းချက်ထားခဲ့သည်။ ဒီပင်္ကရာဘုရားရှင် ကြွလာရာတွင် ပြုပြင်ဆဲလမ်းပေါ်၌ ဘုရားရှင် ရွှံ့ပေါ်တွင် မကြွရလေအောင် မိမိကိုယ်ကို ၀မ်းလျားမှောက်လျက် တံတားအဖြစ် ခင်း၍ လှူခဲ့သည်။ ဘုရားအဖြစ်ကို ဗျာဒိတ်ခံယူခဲ့သည်။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated