@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 October 2014

ထေရ၀ါဒ သင်္ဂါယနာတင် အဘိဓမ္မာကျမ်းမြတ် (၇)ကျမ်း



၁။ ဓမ္မသင်္ဂဏီ     [ဓမ္မအားလုံးကိုမာတိကာသဖွယ် စုဆောင်းပြဆိုထားခြင်း]
၂။ ၀ိဘင်း          [စုဆောင်းစီပြထားသော ဓမ္မတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြထားခြင်း]
၃။ ဓာတုကထာ   [ဓမ္မအားလုံးကိုဓာတ်ခွဲပြထားခြင်း]
၎။ ပုဂ္ဂလပညတ်  [ခွဲခြမ်းစိတ်ဖြာထားသောဓမ္မ နှင့် ဓာတ်တို့ကို ပုဂ္ဂိုလ်ပေါ်တင်ပြထားခြင်း]
၅။ ကထာဝတ္ထု    [ဓမ္မ-ဓာတု-ပုဂ္ဂလတို့၌ယုံမှား၊ ကြံမှား၊ ယူမှား၊ သိမှား၊ စသည်တို့ကို ဖြေရှင်းပြခြင်း]
၆။ ယမိုက်         [ပုဂ္ဂလ-ဓမ္မ စသည်တို့ကို အစုံ အစုံ တွဲပြထားခြင်း]
ရ။ ပဋ္ဌာန်း          [ပရမတ္ထသစ္စာတရားတို့၏ အကြောင်းအကျိုး ဆက်စပ် ကျေးဇူးပြုပုံများကိုရှင်းပြခြင်း]

  • မြတ်စွာဘုရား (၄၅-၀ါ)လုံး ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဓမ္မခန္ဓာအားဖြင့် (၈၄၀၀၀)ရှိသည်။

  • မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်ပြုပြီးနောက် ရဟန္တာမထေရ်မြတ်များမှ သင်္ဂါယနာတင်သောအခါ ဤဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ကို ပိဋကတ်တော်အားဖြင့် (၃-ပုံ)ခွဲ၍ ရွတ်ဆိုခဲ့ကြသည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းရသည်မှာ မိမိတို့ ခန္ဓာကိုယ်ကို အလွန် အဘိုးထိုက်တန် လှသည်ဟုအထင်ကြီးမားနေသော မာန်မာနတရား နည်းပါးစေမှုအတွက် ဟုတ်မှန်သည့်အတိုင်း ဆင်ခြင်ရသော ကမ္မဋ္ဌာန်းဖြစ်ပေသည်။

ကျင်ကြီး ကျင်ငယ် စွန့်လွှတ်သော နောက်ဖေးဝင်သည့်အချိန်မှာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်း ဆင်ခြင်ရန်အတွက် အချိန်ကောင်း ကာလကောင်းကြီး ဖြစ်ပေသည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၄ (အပြည့်အစုံ ဗြဟ္မစိုရ်ပွားနည်း)


 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်- (အပြည့်အစုံဗြဟ္မစိုရ်ပွားနည်း)

အတ
၁။ ငါသည် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၎။ အကျွန်ုပ်၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ရပါလို၏။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ရပါလို၏။
၆။ အကျွန်ုပ်သည် ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ရပါလို၏။
ရ။ အကျွန်ုပ်၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ရပါလို၏- ချမ်းသာရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

ပိယ
အကျွန်ုပ်၏ ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊မိဘ၊ ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

မဇ္ဈ
အထက် ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ သတ္တ၀ါ အနန္တတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား အလယ်အလတ်ဖြစ်သော ပုဂ္ဂိုလ်တို့ကို အာရုံပြု၍ ဗြဟ္မစိုရ်တရား ပွားများပုံ။)

ဝေရီ
အစမထင်သော ဘ၀အစဉ် ကမ္ဘာအဆက်ဆက် မှစ၍ ဤရက်- ဤနေ့တိုင်အောင် ရန်သူရန်ဘက် ဖြစ်ခဲ့ဘူးကြကုန်သောယခုဖြစ်ဆဲ ဖြစ်ကြကုန်သော ရန်သူ ပုဂ္ဂိုလ် အပေါင်းတို့သည် မကောင်းသော အကြံအစည်ဟူသမျှတို့သည်အကုန်လုံး ကင်းပျောက်ကြကုန်သည် ဖြစ်၍ ကောင်းမြတ်သော အကြံအစည် တို့သည်သာလျှင်ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ရန်သူကိုပင် ရန်သူမထားတော့ပဲ ဗြဟ္မစိုရ်တရား ပွားများပုံ။)

မှတ်ချက်။     ။ ဤအထက်ပါ မြန်မာ ဘာသာမေတ္တာပို့သည် အများနားလည် ရရှိထားကြသော -
၁။ အဝေရာဟောန္တု၊
၂။ အဗျာပဇ္ဈာဟောန္တု၊
၃။ အနီဃာ ဟောန္တု၊
၎။ သုခီ အတ္တာနံ ပရိဟာရန္တု၊
၅။ ဒုက္ခာမုဉ္စန္တု၊
၆။ ယထာ လဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊
၇။ ကမ္မဿကာ... ဟူသော ပါဠိ ဘာသာကို အစဉ်အတိုင်း မြန်မာဘာသာ သက်သက် ပြန်ဆိုပို့သွန်းခြင်းဖြစ်ပေသည်။

ငရုတ်, ဆီ, ဆား, စသော ဟင်း၏အင်္ဂါ စုံလင်မှ ဟင်း၏အရသာ ကောင်းစွာ ပေါ်ပေါက်လာသလို၊ဤမေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း၌လည်း အတ္တ၊ ပိယ၊ မဇ္ဈ၊ ဝေရီ...
ပထမ မိမိခန္ဓာကိုယ်၊ ဒုတိယ ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်၊ တတိယ အလယ်အလတ်သော ပုဂ္ဂိုလ်၊စတုတ္ထ ရန်သူဖြစ်ခဲ့ဘူးသော ပုဂ္ဂိုလ်၊ ဖြစ်ဆဲ ကြုံတွေ့ဆဲဖြစ်သော ရန်သူများကိုပင်ရန်သူဟု သဘောမထားဘဲ၊ ဤအင်္ဂါလေးပါးနှင့် စုံညီသော မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းစီးဖြန်းမှ ထင်ထင်ရှားရှား အရသာပေါ်၍ ထင်ရှားသိသာသော အကျိုးတရားများကိုခံစားစံစားရပေသည်။

အိုသူတော်ကောင်းတို့... ၂၄-နာရီလုံးလုံး မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို မစီးဖြန်းမပွားများနိုင်ဘူးဆိုလျှင် ရှိပါစေဦးတော့၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ချိန်၁၀-မိနစ် ၁၅-မိနစ်လောက်ဖြင့် အင်မတန်မှ ပွားများအားထုတ်ဘို့ သင့်လျော်လှပါပေသည်။သူများအတွက် တစက်မျှမပါ၊ သင်၏ရှေ့ရေး ဧမြ သာယာမှုအတွက် သက်သက် ဖြစ်သည်ကိုအသင်စဉ်းစား၍၊ အသင်သည် နေ့စဉ် ရက်စဉ် မှန်မှန်ကြီး အဓိဋ္ဌာန်ထား၍ပွားများသင့်လှပေသည်၊ သူတော်ကောင်းတို့ -

(ဧတံ သတိံ အဓိဋ္ဌေယျ ဗြဟ္မမေတံ ၀ိဟာရ ၀ိဓမာဟု) (မေတ္တာသုတ်) သင်သူတော်ကောင်းတို့သည်လူ့ဘ၀ကိုလဲ ရနေကြပြီ၊ သာသနာတော်ကြီးနှင့်လဲ ကြုံကြိုက်လျက် ရှိနေသည်။ ကုသိုလ်အကုသိုလ်နှင့်တကွ ကောင်းကျိုး မကောင်းကျိုးတို့ကိုလဲ သိကြပြီ၊ သိလျက်နှင့်မျှကြိုးစား အားထုတ်သင့်သလောက် မကြိုးစား၊ အားမထုတ်လိုကြလျှင်...
‘နင် မဆုံးမ နင့်တာပဘယ်က ခံလိမ့်မည်’ ဟူသော ရတနာထွဋ်ခေါင် ဆရာတော်ဘုရားကြီး၏ မှာတမ်းတော် စကားအတိုင်းဘဲရှိတော့မည် သူတော်ကောင်းတို့…

သူတစ်ပါးကို မေတ္တာပို့ရသည်မှာ သနားရသည်မှာ ၀မ်းမြောက်ရသည်မှာ သူတစ်ပါးအတွက် မဟုတ်ပါလားဟုမေးစရာရှိပေသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်လျှင် သူတစ်ပါးကို အာရုံပြုပြီးလျှင်မိမိသန္တန်မှာ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရား ပေါက်ပွားရရှိအောင် မေတ္တာစိတ် ကရုဏာစိတ်မုဒိတာစိတ် (အပင်) စိုက်ပျိုး ထူထောင်မှုဖြစ်သည်ကို အထူး သတိပြုကြရမည်သူတော်ကောင်းတို့...။
သူတစ်ပါးအာရုံပြုပြီး ကိုယ့်အတွက် အမြတ်ထုတ်မှု အမှန်ပင်တည်း။

အာရုံဧမှ စိတ်ဧသည်၊ အာရုံပူတော့ စိတ်ပူသည်၊စိတ်ဧချမ်းသာမှုရစေရန် မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း စီးဖြန်းကြပါလေ...။   ။


စတုရာရက္ခ ကိုယ်စောင့်တရားတော်-၃ (မေတ္တာဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၃ (မေတ္တာ)



၁။ မျက်နှာသစ်ရေကလေးကို လက်ဖြင့် အသာအယာ ထိ၍ကြည့်ပါ။ ဧမြသော သဘောကိုတွေ့ရပါလိမ့်မည်။ ယခုမျက်နှာသစ်ရေသည် ဧမြသကဲ့သို့ ငါသည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာဧမြရပါလို၏- ချမ်းသာ ဧမြရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ မေတ္တာကုသိုလ်တွေ ပွားများရရှိနေခြင်းဖြစ်တော့သည်။ သမထမျှသာ၊ ၀ိပဿနာဉာဏ် မဟုတ်သေး။)

၂။ ငါသည် ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊ မိဘ၊ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၁


မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၁

၁။ သတိပေးစာတမ်း
၁။ နံနက်ခင်း အိပ်ရာထမှာ စိတ်နှလုံး ပူပူလောင်လောင်မဖြစ်ပါစေလင့်၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ရေ ဧဧကလေးကို စံပြအဖြစ်ထား၍၊ မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို ၁၀-မိနစ်မျှ စီးဖြန်းပွားများပါ၊မျက်နှာသစ်ရင်း အိုမင်း ဟောင်းနွမ်း သည်ကိုလဲ သတိထားပါ။

၂။ နေထွက်ချိန်မှာ ဘုရားအလောင်း ရွှေဥဒေါင်းမင်းကို စံပြအဖြစ်ထား၍ဘုရားရှိခိုးပါ၊ (ဥဒေတယံ နှင့် ယေဗြဟ္မဏာ ၂-ဂါထာကို အရကျက်ထားပါ။)

၃။ နောက်ဖေးဝင်ချိန်မှာ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများပါ။

၎။ ညအိပ်ရာဝင်မှာ မရဏဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
ကိုယ်စောင့် (စတုရက္ခ) တရားလေးပါးခေါ်သည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)



 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)


 ၁။ ဗုဒ္ဓါနုဿတိ။
၂။ မေတ္တာ။
၃။ အသုဘ။
၎။ မရဏဿတိ။

၁။ ဗုဒ္ဓါနုဿတိ (မြတ်စွာဘုရားဂုဏ်တော်)
မြတ်စွာဘုရား အလောင်းတော် ရွှေဥဒေါင်းမင်းသည် ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့နှင့်ကြုံကြိုက်ဖူးတွေ့ ခဲ့ရသော အခါကောင်း သမယကောင်းတို့က နှစ်နှစ်သက်သက်ကြီးဘုရားဖူးခဲ့သောကြောင့်၊ ဘုရားဖူး အလေ့အကျင့် ‘များခဲ့သောကြောင့်’၊(အာသေ၀နပစ္စယ-ပကတူပ နိဿယ ပစ္စယ) ပစ္စည်း ပစ္စယုပ္ပန် ဆက်ခဲ့သောကြောင့် ရွှေဥဒေါင်းမင်းဘ၀နံနက်ခင်း အိပ်ရာထမှာ အရောင်အ၀ါတွေနှင့် ထွက်လာတတ်သော နေမင်းကို မြင်လိုက်ရာ ဥက္ခောင်းညွတ်၍နှုတ်ဆက်ရှိခိုး လိုက်ပြီးလျှင် ရှေးရှေး မြတ်စွာဘုရားသခင်တို့၏ ကိုယ်တော်ရောင် ဉာဏ်တော်ရောင်တို့ကိုပါ အာရုံပြု၍ ရှိခိုးနိုင်လေသည်။ မယုံမရှိလေနှင့်၊ ပကတူပနိဿယ-ပစ္စယောဟုပဋ္ဌာန်းဒေသနာတော်မှာ ဟောလေသည်။ ဤသို့ တိရစ္ဆာန် ဘ၀မှာပင် သရဏဂုဏ် မကွယ်မပျောက်ကိုးကွယ် ရှိခိုးခြင်းသို့ ရောက်နိုင်၏။

မရဏာသန္န၀ီထိ (သေခါနီးစိတ်ဖြစ်စဉ်)



အဘိဓမ္မာအလိုအရ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့မှာ အလွန်နီးကပ်စွာ ဆက်
စပ်နေသော်လည်း ယင်းတို့ကို တစ်ခုတည်းသောအရာအဖြစ် မရေတွက်သည့်
ပြင် တရားကိုယ်သဘောအရ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသော်လည်း ဖြစ်
စဉ်သဘောအရ တစ်ဆက်တည်းဖြစ်သည်။ ဟေတုဖလ အနေဖြင့် နောက်ဘ၀ဆီသို့ ဘ၀တစ်ခု၏ကံကို ဆောင်ကျဉ်းလျက် စုတိစိတ်အဖြစ်မှ ဘ၀သစ်၌ပဋိသန္ဓေစိတ်ဖြစ်လာ ရန် အကျိုးဖြစ်စဉ်က ကမ္မသတ္တိအား ဆောင်ရွက်ပေးသည်။

ယင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် တမလွန်ဘ၀ကောင်းရေးအတွက် ကု
သိုလ်ကောင်းမှု ပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည်
အပါယ်လေးဘုံသို့ တစ်ဖန် မရောက်ရရေးအတွက် မိမိကိုယ်ကိုကာကွယ်ရန် မကောင်းမှုမှ ရှောင်ကြဉ်ကြသည်။ ယင်းယူဆချက်အပေါ်တွင်အခြေခံ၍ ဗုဒ္ဓ
ဝါဒီများအဖို့ သေခါနီးပုဂ္ဂိုလ်အား ၎င်းင်း၏ကုသိုလ်ကောင်းမှုများကို သတိပေး
ရန် သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်ဖူးသူဖြစ်ပါက ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တိုက်တွန်းရန်ဖြစ်စေ အရေးကြီးသည်။

ယင်းသို့ပြုရသည်မှာ ဤဘ၀မှ မခွဲခွာမီ နောက်ဆုံးအခိုက်အတံ့၌ စိတ်ငြိမ်းချမ်းမှု ရရှိရေးအတွက်ဖြစ်သည်။ အမှန်စင်စစ် အသက်ရှင်ခြင်းနှင့် သေခြင်းဖြစ်စဉ်သည် လူ့ဘ၀တွင် အမှန်တကယ် ထူးခြားဆန်းပြားသည့်အရာ မဟုတ်သော်လည်း လူသားတို့ မသိကျိုးကျွံပြုထားသော အစစ်အမှန်တရားတစ်ခုသာဖြစ်သည်။

ဗုဒ္ဓ၀ါဒရှုထောင့်အရ သေခြင်းသည် ဤပစ္စုပ္ပန်ဘ၀၏အဆုံးဖြစ်သော်လည်း (သေခြင်းကင်းရာအမတ)နိဗ္ဗာန်ကို မရသေးသူဖြစ်ဘိမူ ယင်းသည် နောက်
ဘ၀သစ်တစ်ခု၏အစလည်းဖြစ်သည်။

ဆရာတော် ဦးဓမ္မပိယ Ph.D
(နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှလေ့လာသုံးသပ်ခြင်း)
Buddhavasa Tiloka


https://www.facebook.com/photo.php?fbid=712918098748831&set=a.57278505276213

အဘိဓမ္မာ ဆိုတာ ဘာလဲ


                                   

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို
အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား
တစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား
တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက်
ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လို
ပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ
ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို
စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊
ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure
(ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း

                                          



ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။

တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။

သီတင်းကျွတ်လပြည့်နေ့ အကြောင်း




(သီတင်းကျွတ်လပြည့်နေ့ အကြောင်း)
သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၊၀ါတွင်းကာလ၏
 
နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး ၊အဿဝတီကြယ် နှင့် လမင်း တို့ 
စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း
(Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology)
သဘောအရ လူ့ယဉ်ကျေးမှုသမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ “သန္တူလ” ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။ 

မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို
လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်
တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့်
သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ
တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော
လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ
တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated