@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 October 2014

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)



 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)


 ၁။ ဗုဒ္ဓါနုဿတိ။
၂။ မေတ္တာ။
၃။ အသုဘ။
၎။ မရဏဿတိ။

၁။ ဗုဒ္ဓါနုဿတိ (မြတ်စွာဘုရားဂုဏ်တော်)
မြတ်စွာဘုရား အလောင်းတော် ရွှေဥဒေါင်းမင်းသည် ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့နှင့်ကြုံကြိုက်ဖူးတွေ့ ခဲ့ရသော အခါကောင်း သမယကောင်းတို့က နှစ်နှစ်သက်သက်ကြီးဘုရားဖူးခဲ့သောကြောင့်၊ ဘုရားဖူး အလေ့အကျင့် ‘များခဲ့သောကြောင့်’၊(အာသေ၀နပစ္စယ-ပကတူပ နိဿယ ပစ္စယ) ပစ္စည်း ပစ္စယုပ္ပန် ဆက်ခဲ့သောကြောင့် ရွှေဥဒေါင်းမင်းဘ၀နံနက်ခင်း အိပ်ရာထမှာ အရောင်အ၀ါတွေနှင့် ထွက်လာတတ်သော နေမင်းကို မြင်လိုက်ရာ ဥက္ခောင်းညွတ်၍နှုတ်ဆက်ရှိခိုး လိုက်ပြီးလျှင် ရှေးရှေး မြတ်စွာဘုရားသခင်တို့၏ ကိုယ်တော်ရောင် ဉာဏ်တော်ရောင်တို့ကိုပါ အာရုံပြု၍ ရှိခိုးနိုင်လေသည်။ မယုံမရှိလေနှင့်၊ ပကတူပနိဿယ-ပစ္စယောဟုပဋ္ဌာန်းဒေသနာတော်မှာ ဟောလေသည်။ ဤသို့ တိရစ္ဆာန် ဘ၀မှာပင် သရဏဂုဏ် မကွယ်မပျောက်ကိုးကွယ် ရှိခိုးခြင်းသို့ ရောက်နိုင်၏။


ဘုရားရှိခိုးရသော မိမိ၏ ကုသိုလ်စေတနာ တန်ခိုးတေဇော် အာနုဘော်ကြောင့်ယခုမျက်မှောက် ဘ၀မှာပင် မုဆိုးတို့၏ ဘေးဒဏ် ရန်မာန်တို့မှ ကင်းဝေးလျက်ဘုရားဖြစ်တော်မူသော ဘ၀အထိ သံသရာ ဘ၀ အဆက်ဆက်တို့၌...
(က) ဒိသာသု ပူဇိတော ဟောတိ - သွားလေရာ ရောက်လေရာ အရပ် ဆယ်မျက်နှာ တို့၌ အပူဇော်အချီးမြှောက် ခံယူရခြင်း။
(ခ) တိက္ခပညော - သွက်သွက်လက်လက် နှင့် ထက်မြက်သော ဉာဏ်ပညာရှိခြင်း။
(ဂ) သဗ္ဗေသတ္တာ န၀တ္တန္တိ - ကိုယ့်အလိုလိုက်ပြီး ကိုယ့်အကြိုက်ကိုသာလုပ်ကိုင်ပေးကြသော အခြွေရံ ပရိသတ်နှင့် ပြည့်စုံခြင်း။
(ဃ) အမိတ ဘောဂလဒ္ဓါ - မရေမတွက်နိုင်သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်း။
(င) ၀ဏ္ဏ ၀န္တ - ဘ၀တိုင်း ဘ၀တိုင်း အဆင်းရုပ်ရေ ချောမော-လှပခြင်း။
(စ) ပဋိကန္တ - ကိုယ်လှစိတ်လှ အတွင်းအပြင် လှပသည့်အတွက် အများ၏နှစ်သက်ခြင်းကို ခံယူရခြင်း။
(ဆ) အမိတ္တာနံ အစလော - ရန်သူပင်ဖြစ်စေ မိမိနှင့် ရင်ဆိုင်တွေ့ကြုံကခုံခုံမင်မင် ချစ်ခင် လေးစားလာရခြင်း။
(ဇ) ယသော အဗ္ဘဂ္ဂတော - ကောင်းမြတ်သော သတင်း ကျော်စောပျံ့နှံ့ခြင်း။
ဤရှစ်ပါးသော အကျိုးတို့ကို ဆုတောင်းပတ္ထနာမပြုရဘဲ (ဆုမတောင်းဘဲ) ပိုင်ဆိုင် ပြည့်စုံလာသည်ဟု(ထေရ အပဒါန်) ပါဠိတော်မှာ လာပေသည်။ ယုံယုံ ကြည်ကြည် နေ့စဉ်မှန်မှန် ရှိခိုးကြပါသူတော်ကောင်းတို့။
=======


No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated