@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 October 2014

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၃ (မေတ္တာဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၃ (မေတ္တာ)



၁။ မျက်နှာသစ်ရေကလေးကို လက်ဖြင့် အသာအယာ ထိ၍ကြည့်ပါ။ ဧမြသော သဘောကိုတွေ့ရပါလိမ့်မည်။ ယခုမျက်နှာသစ်ရေသည် ဧမြသကဲ့သို့ ငါသည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာဧမြရပါလို၏- ချမ်းသာ ဧမြရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ မေတ္တာကုသိုလ်တွေ ပွားများရရှိနေခြင်းဖြစ်တော့သည်။ သမထမျှသာ၊ ၀ိပဿနာဉာဏ် မဟုတ်သေး။)

၂။ ငါသည် ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊ မိဘ၊ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ။

(ဤကား ပိယ ပုဂ္ဂိုလ်တွေကို အာရုံပြု၍ မေတ္တာကုသိုလ်ပွားနေခြင်း ဖြစ်တော့သည်။)

၃။ အထက် ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ သတ္တ၀ါ အနန္တတို့သည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား မဇ္ဈ ပုဂ္ဂိုလ်တွေကို အာရုံပြု၍ မေတ္တာကုသိုလ်တရားတွေ ပေါက်ဖွားနေခြင်းဖြစ်တော့သည်။)

၎။ အစမထင် - ဘ၀အစဉ် ကမ္ဘာအဆက်ဆက် မှစ၍ ဤရက်- ဤနေ့တိုင်အောင် ရန်သူရန်ဘက် ဖြစ်ခဲ့ဘူးကြကုန်သော(ဖြစ်ဆဲ ဖြစ်ကုန်သော) သတ္တ၀ါ ပုဂ္ဂိုလ် ဟူသမျှတို့သည် ကိုယ်စိတ် ၂-ဖြာချမ်းသာကြပါစေ- ချမ်းသာကြပါစေ။ မကောင်းတဲ့ အကြံအစည်တွေ ကင်းပျောက်ကြပါစေ-ကင်းပျောက်ကြပါစေ။
(ဤကား ရန်သူကို အာရုံပြု၍ မေတ္တာကုသိုလ်တရား စိုက်ပျိုးပေါက်ဖွားနေပုံ။)

ဤအချိန်- ဤမိနစ်အတွင်းမှာ တကယ်ချမ်းသာစေချင်တဲ့ စိတ်ဓာတ်ကလေးကိုမွေးမြူနိုင်အောင် သတိ ကြပ်ကြပ်ထား၍ မွေးမြူထူထောင်ပါ သူတော်ကောင်းတို့...။

မေတ္တာပို့ပြီးလျှင် ဖြည်းဖြည်း သာသာ မျက်နှာသစ်ပါ။ မျက်နှာသစ်ရင်း မေတ္တာပို့ပါ။

မျက်နှာသစ်ရင်း- မျက်နှာသစ်ရင်း အိုမင်းယိုယွင်းလျက် အသစ်အဟောင်း ဖြစ်, ပျက်ပြောင်းလဲ ကြကုန်သော ရုပ်တရား နာမ်တရားကိုလည်း သတိထားပြီး စဉ်းစားကြည့်ရှုပါ။မျက်နှာတခါသစ်နှင့် မျက်နှာတခါသစ် မတူ၊ အမူအရာတွေ အိုမင်း ယိုယွင်းသွားကြတာအမှန်ပါတကား- အမှန်ပါတကား။
(အမှန်ကိုသိသော သစ္စဉာဏ်ပေါ်လာလိမ့်မည်။)
=======


No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated