@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 October 2014

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၁


မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၁

၁။ သတိပေးစာတမ်း
၁။ နံနက်ခင်း အိပ်ရာထမှာ စိတ်နှလုံး ပူပူလောင်လောင်မဖြစ်ပါစေလင့်၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ရေ ဧဧကလေးကို စံပြအဖြစ်ထား၍၊ မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို ၁၀-မိနစ်မျှ စီးဖြန်းပွားများပါ၊မျက်နှာသစ်ရင်း အိုမင်း ဟောင်းနွမ်း သည်ကိုလဲ သတိထားပါ။

၂။ နေထွက်ချိန်မှာ ဘုရားအလောင်း ရွှေဥဒေါင်းမင်းကို စံပြအဖြစ်ထား၍ဘုရားရှိခိုးပါ၊ (ဥဒေတယံ နှင့် ယေဗြဟ္မဏာ ၂-ဂါထာကို အရကျက်ထားပါ။)

၃။ နောက်ဖေးဝင်ချိန်မှာ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများပါ။

၎။ ညအိပ်ရာဝင်မှာ မရဏဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
ကိုယ်စောင့် (စတုရက္ခ) တရားလေးပါးခေါ်သည်။


၂။ မိမိကိုယ်ကို သတိပေးဆောင်ပုဒ်များ
၁။ နေထွက် နေ၀င်၊ကိုးဂုဏ့်ရှင်၊ နေ့စဉ်ရှိခိုးမယ်။
၂။ အနန္တငါး၊ ဂုဏ်တော်များ၊ ညွှတ်တွားကန်တော့မယ်။
၃။ မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်-မေတ္တာပွားပါ့မယ်။
၎။ သစ်ရင်း-သစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။
၅။ တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
၆။ ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၇။ ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
၈။ နိုင်မယ့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၉။ ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မ၀င် ဣဿာ ယိုင်တတ်တယ်။
၁၀။ ယိုင်မယ့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၁၁။ ရုပ်ကိုလဲပြင်၊ စိတ်လဲပြင်၊ ဆင်ခြင်တိုင်းရ၊ ပြုတိုင်းရ၊ သုခနိဗ္ဗာန်တိုင်လိမ့်မည်။
၁၂။ မသန့်မစင်၊ နောက်ဖေးဝင်၊ ဆင်ခြင်-အသုဘပွားပါ့မယ်။
၁၃။ ကျင်ကြီးကျင်ငယ်၊ ရွံစဘွယ်၊ ကိုယ်ဝယ်ပြည့်လျက်-မှန်တော့မယ်။

၃။ အမြဲမပြတ်ဆင်ခြင်ရန် ဆောင်ပုဒ်များ
၁၄။ ဘိုးထိုက်-ဘိုးတန်၊ ထင်မှားပြန်၊ ဧကန်အပုတ်ကောင်ပါတကား။
၁၅။ မြင်မြင်သမျှ၊ သင်္ခါရ၊ တရာ့သက်တွင်းမှာပါတကား။
၁၆။ သူငါ-အားလုံး၊ ပြုတ်ပြုတ်ပြုန်း၊ သေဆုံး-ပျက်စီးမှာပါတကား။
၁၇။ တဏှာ-မာန၊ ဒိဋ္ဌိစ၊ ပယ်မှ-အေးကြပေမည်တကား။
၁၈။ အပါယ်ခြေကန်၊ ဘုံစဉ်စံ၊ နိဗ္ဗာန်ရမှ အေးမည်တကား။
၁၉။ နေ့စဉ်လေ့ကျက်၊ ရက်ရှည်စွဲမြဲ၊ အထုံသဲ၊ အမြဲအားထုတ်ပါမည်ဘုရား။
=======


No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated