@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Sunday 31 August 2014
ပဋ္ဌာန်းရှိခိုး
ပဋ္ဌာန်းဘုရားရှိခိုး
အနန္တ ပစ္စယာ ကိဏ္ဏံ | အနန္တ နယ မဏ္ဏိတံ
ဒေသကံ နန္တ ပဋ္ဌာနံ | ဝ​န္ဒေဟံ နန္တ ဥာဏိကံ
အနန္တ ပစ္စယာ ကိဏ္ဏံ = ​ဟေတု | အာရမဏ္ဏ စသည်​ဖြင့်​လည်း အနန္တပစ္စည်း တရားတို့ဖြင့်​ ချီးမွမ်း​လောက်​ဖွယ်​ တငိ့တယ်​ ထူးဆန်းအံ့မခန်း​အောင်​ ​ရောပြွမ်း​နေ​ပေထ​သော
အနန္တ နယ မဏ္ဏိတံ = အနုလုံ ပစ္စနိက်​ တိက်​ ဒုတ်​များစွာ နည်းအဖြာဖြာ တို့ဖြင့်​ တန်​ဆာ ဆင်​ယင်​ ထား​ပေထ​သော ။
အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်​ဝန်း ပဋ္ဌာန်းကျမ်းကြီးကို ။
ဒေသကံ = ​တွေးဆဆင်​ခြင်​ စီစဉ်​မြွက်​ဟ ​ဟောပြတတ်​​ပေထ​သော
အနန္တ ဥာဏိကံ = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​ကို ။
အဟံ = အကျွန်​သည်​ ။
ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ ၏ ။
ပဋ္ဌာန်းတရားရှိခိုး 
ဒေသိတာ နန္တ ဥာ​ဏေန အနန္တ ပစ္စယံ နယံ ။
ဝ​န္ဒေဟံ နန္တ ပဋ္ဌာနံ ၊ အနန္တ သုခ ​ဟေတုကံ ။
အနန္တ ဥာ​ဏေန = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​သည်
ဒေသိတံ = ​တွေးဆဆင်​ခြင်​ စီစဉ်​မြွက်​ဟ ​ဟောပြအပ်​​ပေထ​သော
အနန္တ ပစ္စယံ နယံ = အဆုံးအဖျား ပိုင်းခြား မရ အနန္တပစ္စည်း အနန္တ နည်းရှိ​ပေထ​သော
အနန္တ သုခ ​ဟေတုကံ = အဆုံးမရှိများလှဘိသား ​လောကီ​လောကုတ္တရာ ချမ်းသာဟူသမျှ ရရှိခြင်း၏ အ​ကြောင်းရင်းဖြစ်​​ပေထ​သော
အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်​ဝန်း အနန္တ ပဋ္ဌာန်းကျမ်းကြီးကို
အ​ဟံ = အကျွန်​သည်
ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ၏ ။.
ပဋ္ဌာန်း​ဆောင်​သံဃာရှိခိုး
ဓာရကာနန္တ ပဋ္ဌာနံ ၊အနန္တ ဥာဏသံဝကံ ။
အနန္တံ သံဃံ ဝ​န္ဒေဟံ၊ အနန္တ ပုည ဒါယကံ ။
အနန္တ ပဋ္ဌာနံ ဓရံ =  ကြီးမားကျယ်​ဝန်း  ပဋ္ဌာန်းကျမ်းကြီးကို ကြိုးပမ်းဆက်​လက်​ မ​ပျောက်​ပျက်​​အောင်​ ရွက်​​ဆောင်​​တော်​ မူခဲ့ကြ​ပေထ​သော ၊
အနန္တ ဥာဏသံဝကံ = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​၏ ရင်​နှစ်​သီးခြား တပည့်​သား ရတနာလည်း ဖြစ်​​တော်​မူ​ပေကုန်​ထ​သော
အနန္တ ပုည ဒါယိကံ = ဒါန သီလ ဘာဝနာ အစဖြာသည့်​ များစွာ​ပေါင်းစု ​ကောင်းမှု အနန္တ ကိုလည်း ​ပေးတတ်​ကုန်​​ပေထ​သော
အနန္တံ သံဃံ = အဆုံးမရှိ များမြတ်​ဘိသည့်​ မုနိရတနာ မြတ်​သံဃာ ကို
အ​ဟံ = အကျွန်​သည်
ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ၏ ။.
ဆရာမ ​ဒေါ်ခင်​သန္တာဦး ၏ ပ​ဋ္ဌာန်း​ဒေသနာ​တော်​ မှတ်စု ​စာအုပ်​မှ ကူးယူ​ဖော်​ပြပါသည်​ ။
Monday 25 August 2014
လင် မုဆိုး----- မယား သောတာပန်
သူဌေးသမီးတယောက်သည် အပျိုစင်ဘ၀ကပင် သောတာပန်တည်ခဲ့၏၊ အရွယ်ရောက်သောအခါ ကုက္ကုဋမိတ္တ မည်သော မုဆိုး၏ဇနီးဖြစ်လာပြီး နေ့စဉ် လင်မုဆိုးအတွက် လေးမြားတို့ကို ပြင်ဆင်ပေးရ၏။ ထိုမုဆိုးနှင့် သား ၇-ယောက်ရပြီး ချွေးမ ၇-ယောက်နှင့်အတူ ပျော်ရွှင်စွာနေကြ၏။
တနေ့သော် မြတ်စွာဘုရားသည် -- မုဆိုး ကျော့ကွင်းထောင်ထားသော နေရာအနီး သစ်ပင်ရိပ်တွင် ထိုင်နေတော်မူသည်။ မုဆိုးသည် တနေ့လုံး သားကောင် တကောင်မျှ မရ၍ လှည့်လည်ကြည့်ရှုရာ ဘုရားကို တွေ့မြင်သော်-ဤသူကြောင့် ငါ့ကျော့ကွင်းတွင် သားကောင်တကောင်မျှ မမိခြင်းဖြစ်သည်-ဟု တွေးမိကာ မြတ်စွာဘုရားကို မြားနှင့်ပစ်ရန် လေးကိုတင်၍ ချိန်ရွယ်လေသည်။ သို့သော် လေးကို ပစ်၍မရ၊ ပြန်ချရန် ကြိုးစား သော်လည်း မရဘဲ ဒုက္ခကြီးစွာ ခံစားနေရသည်။
ဖခင် ပြန်မလာ၍ သား ၇-ယောက် လိုက်လာရာ ဖခင်၏ဒုက္ခကို မြင်သောအခါ သူတို့လည်း ဘုရားကို မြားနှင့်ပစ်ရန် ချိန်ရွယ်ကြသည်။ သူတို့လည်း ဒုက္ခရောက်ကြပြန်သည်။
အသောကကျောက်တိုင်များ
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။
Copy from
Sunday 10 August 2014
အစစ်ကို ဘာကွယ်နေသလဲ
 ရှေးလူကြီးများက ဘုန်းကြီးကို ပြောဖူးတယ်။
- ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
- တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။
- သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။
ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။ အစစ်ကို ရောက်အောင် အာရုံမပြု
နိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့။
နောင် လာမယ့်နှစ်ကလေးတွေက ဘာသာကို မယုံတာကအစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကိုတွေ့ဖို့ကလဲ အဘိုး အဘွားတွေကအရေးကြီးတယ်။
မီးလွတ်စားခြင်း
ဗုဒ္ဓဘာသာများထဲတွင်“မီးလွတ်စားခြင်း” ကို သာသနာတော်အကျင့်ဟု
ထင်မှတ်သူများ ရှိပါသည်။မီးလွတ်စားသော ပုဂ္ဂိုလ်များကိုလည်းသူတော်စင် သူတော်မြတ်အလား သဘောထား ကြည်ညိုကြ၏။“မီးလွတ်စားခြင်း”ဟူသည် မီးဖြင့် ချက်ပြုတ်ကြော်လှော်ထားခြင်းမရှိသော
အစားအစာ၊ သစ်သီးသစ်ဥတို့ကိုသာ စားသုံးခြင်းကို ဆိုလိုပါသည်။
မီးလွတ်စားခြင်းဟူသည်-
(၁) သာသနာတော်ကျင့်စဉ် ဟုတ်ပါ၏လော။
(၂) ဘုရားရှင်က ထင်းမီးလွတ်သော အစားအစာကို စားခြင်းသည်
“အကျင့်မြတ်”ဟု ဟောတော်မူခဲ့ပါ၏လော။
(၃) ဗုဒ္ဓအလိုကျ “မီးလွတ်စားနည်း”ရှိပါသလော
စသည် စသည်ဖြင့် ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ပြုလုပ်ရန် လိုပါသည်။
စင်စစ်သော် သရက်သီးစားခြင်း၊ ငှက်ပျောသီးစားခြင်း၊
သစ်သီးသစ်ဥစားခြင်း စသည် ထင်းမီးလွတ်စားခြင်းသည်
သာသနာတော် ကျင့်စဉ်မဟုတ်ပါ။
ဘုရားရှင်က ထင်းမီးလွတ်စားရန်လည်း ညွှန်ကြားတော်မူခြင်း မရှိခဲ့ပါ။
ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)
********************* ****************************
တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန် တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်ြ ပုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊
ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ
လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်းအပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့
ဘ၀ရဲ့လက်တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော့... လူဆိုတာမိမိသဘောကျနေတဲ့အချိန်၊
မိမိသိပ်ချစ်နေတဲ့အချိန် ၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီး
အရာရာခွင့်လွှတ်လုပ်ပေးတတ်ကြတာ သဘာဝဖြစ်တယ်။
ကိုယ်နဲ့ အဆင်မပြေသောတစ်နေ့ မှာ ကိုယ့်အပေါ်မှာကြမ်းတမ်းသော အပြုအမူ ၊ ရိုင်းစိုင်းသောအပြောအဆို ၊ ရက်စက်သောလုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြတာ လောကမှာမြင်နေကြရမှာပါ။
သို့ကြောင့်... လူတစ်ယောက်ကိုဘ၀အတွက်တစ်သက်လုံး ရွေးချယ်သောအခါ...
ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
အကျိုးရှိစေမည့် သူနာမေးနည်း
ဆွေမျိုး မိတ်သင်္ဂဟထဲက မကျန်းမာသူတစ်ဦးဦးရှိနေလျှင် သူနာမေးသွားခြင်းသည် လူ့ဝတ္တရားပါ။
ကျန်းမာရေး ချို့တဲ့နေချိန်တွင် ၀န်းကျင်အသိုင်းအ၀န်း၏ အသိအမှတ်ပြုမှု ၊ အားပေးကူညီမှုများကို
တောင့်တတတ်ခြင်းသည် လူ့သဘာဝပင်ဖြစ်ပါ၏။
ဝတ္တရားအရ သူနာမေးသွားသည့်အခါ တာဝန်ကျေသဘောထက် စေတနာအပြည့်အ၀ထားပြီး၊
ထိထိရောက်ရောက်ကူညီနိုင်လျှင်မူ ပို၍ကောင်းပါသည်။
သာသနာရေး ရှုထောင့်မှနေ၍ သူနာအတွက် အကျိုးရှိစေမည့် သူနာမေးနည်းကို
လမ်းညွှန်တော်မူခဲ့သော အရှင်သူမြတ်မှာ စစ်ကိုင်းတောင်
“အနောက်ပရက္ကမ ဆရာတော်” ကြီးဖြစ်ပါသည်။
တစ်နေ့ ဆရာတော်ကြီး မကျန်းမာသည့်အခါ တူ၊ တူမများက သတင်းလာမေးပါသည်။
ထိုအခါ ဆရာတော်ကြီးက-ငါ့အတွက် ဥပုသ်စောင့်ကြရဲ့လား၊ ပရိတ် ရွတ်ကြရဲ့လား၊ ငါ့အတွက် ရှင်တော်ဘုရားအား ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့ လှူကြရဲ့လား စသည်ဖြင့် မေးရာ တူ၊ တူမများက -“ဒီလို လုပ်ရမှန်း မသိ၍ မလုပ်ခဲ့မိပါကြောင်း”ပြန်လည်လျှောက်ထားပါသည်။
အံ့ဖွယ် (၈) ဖြာ သာသနာ ...
တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာမေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ”
Thursday 7 August 2014
လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ ************************************
( အလောင်းတော်တို့ တောထွက်တော်မူကြပြီ)
ဒီနေရာမှာ အဲဒီလို ရက်ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လယ်တီဆရာတော်ဘုရ
ားကြီးက ဆုံးမထားတဲ့ အဆုံးအမ လင်္ကာကလေး တစ်ခုတော့
ရှိတယ်။ အရှင်ဘုရား ...တပည့်တော်တို့က တရားတော့ အားထုတ်ချင်ပါတယ
်။ "ဒါပေမယ့်လို့"ဆိုတဲ့ ဒီလို စကားကလေးကို ပြောပြောပြီးတော့ ပြုံးပြုံး
ပြုံးပြုံးနဲ့ ဘုန်းကြီးကို လှိမ့်သွားတဲ့ပုဂ္ဂိုလ်တွေက တော်တော် ခပ်များများ ရှိပါတယ
်။ အဲဒီ လှိမ့်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း
ပါချင် ပါ,ပါလိမ့်မယ်။ အဲဒီလို ပရိသတ်တွေအတွက် လယ်တီဆရ
ာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားသလဲ?
"အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုကိုကိုက်သာဘဲ "
အင်မတန် ကောင်းမွန် မြင့်မြတ်နေတဲ့ သီလကျင့်စဉ်တွေကို ကျင့်ကြံ
ကြိုးကုတ် ပွားများအားထုတ်ပါ၊ သမာဓိကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ်
ပွားများအားထုတ်ပါ၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအား
ထုတ်ပါဆိုပြီးတော့ ဒီလို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြား တိုက်တွန်း
တော်မူပါတယ်။ ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ဘုန်းကြီးတို့ကလည်း
ဘုရားရှင်ရဲ့ တရားတော်တွေကို ဒါယကာ ဒါယိကာမတွေကို တစ်ဆင့်
ပြန်ပြီး ဟောကြားပြသပေးတယ်။ မသေရာ အမြိုက်နိဗ္ဗာန် ရောက်ကြောင်း
ကျင့်စဉ်ဖြစ်တဲ့ တရားတော်တွေကို ဘယ်လိုပင် ဟောပေးသော်လည်း ဘာဖြစ်
နေသလဲ?
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
***************************************
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြောင်းကို မဖော်ပြမီ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ တစ်နှစ် (၁၂-လ) ပတ်လုံးရှိ ဗုဒ္ဓဘာသာ အခါတော်နေ့များကို တင်ပြလိုပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့များမှာ
၁။ တန်ခူးလ နှစ်ဆန်းတစ်ရက် = နှစ်သစ်မင်္ဂလာအခါတော်နေ့
၂။ ကဆုန်လပြည့် = ဗုဒ္ဓအခါတော်နေ့ (ဗျာ၊ဖွား၊ပွင့်၊စံ)
၃။ နယုန်လပြည့် = မဟာသမယအခါတော်နေ့
၎။ ၀ါဆိုလပြည့် = ဓမ္မစကြာအခါတော်နေ့ (သန္ဓေ၊တောထွက်၊ဓမ္မစက်)
၅။ ၀ါခေါင်လပြည့် = မေတ္တာအခါတော်နေ့ (မေတ္တသုတ်)
၆။ တော်သလင်းလပြည့် = ဂရုဓမ္မအခါတော်နေ့
၇။ သီတင်းကျွတ်လပြည့် = အဘိဓမ္မာအခါတော်နေ့
၈။ တန်ဆောင်မုန်းလပြည့် = သာမညဖလ အခါတော်နေ့
၉။ နတ်တော်လပြည့် = ဓမ္မစာဆို အခါတော်နေ့
၁၀။ ပြာသိုလပြည့် = ရှင်တစ်ထောင်နေ့
၁၁။ တပိုတွဲလပြည့် = သြ၀ါဒပါတိမောက်အခါတော်နေ့
၁၂။ တပေါင်းလပြည့် = မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ -ဟူ၍ လအလိုက် အခါတော်နေ့များ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုနေ့များတွင် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် တစ်နေ့အပါအ၀င် ဖြစ်ပါသည်။
✩ ”အကောင်းဆုံး ရနံ့” ✩
✩ ”အကောင်းဆုံး ရနံ့” ✩
✩ အကြင်ပန်းရနံ့သည် လေစုံ လေကြေ၌လည်းကောင်း၊ လေဆန်လေညာ၌
လည်းကောင်း၊ အညီအမျှ ရနံ့လှိုင်ပျံ့၏။ သီလဂုဏ်ကြောင့် စုန်ဆန်ပျံ့နှံ့နိုင်သော
ထိုသို့သဘောရှိသော ပန်းနံ့သည် အဘယ်မှာရှိအံ့နည်း။
✩ ဤတွင် ရှင်အာနန္ဒာအမေးနှင့် ဘုရားရှင်အဖြေကို ဖော်ပြလိုပါသည်။ သို့မှ
သာ အထက်ပါဒေသနာတော်၏ သဘောသဘာဝမှာ သာလွန်လှပ၍ ခိုင်လုံတိ
ကျပါမည်။
✩ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူခိုက် အ
ခါတစ်ပါးတွင်ဖြစ်၏။ ရှင်အာနန္ဒာသည် တစ်နေ့သော ညနေချမ်းအခါ တစ်ပါး
တည်း ကိန်းအောင်းရာမှ ထ၍ ဘုရားရှင်ထံတော်ပါး ဝပ်တွားရှိခိုးပြီး လျှောက်
ထား၏။
✩ “မြတ်စွာဘုရား၊ အမြစ်နံ့သာ၊ အနှစ်နံ့သာ၊ အပွင့်နံ့သာ၊ သုံးမျိုးတို့၏ အနံ့
သည် လေစုန်လေကြေသို့သာလျှင် သွားပါ၏။ လေညာလေဆန်သို့ မသွားပါ။
 မြတ်စွာဘုရား၊ လေစုန်လေကြေသို့လည်းကောင်း၊ လေဆန်လေညာသို့လည်း
ကောင်း သွားနိုင်သော တစ်ခုသောအနံ့ ရှိပါသလော”
✩ “အာနန္ဒ၊ ရှိတယ်”
✩ “မြတ်စွာဘုရား၊ အဘယ်နံ့သာမျိုးပါလဲ ဘုရား”
✩ အာနန္ဒ၊ ဒီလောကမှာ တစ်စုံတစ်ခုသော မြို့ရွာ နိဂုံး မင်းနေပြည်မှယောက်ျား
မိန်းမတစ်ဦးဦးဟာ-
၁။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တယ်။
၂။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊
၃။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်တယ်။
၎။ သူ့အိမ်ယာကျူးလွန်ခြင်းမှ ရှောင်ကြဉ်တယ်၊
၅။ မမှန်စကားပြောဆိုခြင်းမှ ရှောင်ကြဉ်တယ်၊
၆။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်တယ်၊
၇။ သီလ ရှိတယ်၊
၈။ ကောင်းသောသဘော ရှိတယ်၊
၉။ မပေးလှူ လို ဝန်တိုမှု အညစ်အကြေး ကင်းဝေးသော စိတ်ဖြင့် အိမ်ကို စိုးအုပ်
နေတယ်။
၁၀။ လွတ်လွတ်စွန့်ကြဲတယ်၊ 
၁၁။ ဆေးပြီးသောလက် ရှိတယ်၊
၁၂။ စွန့်ကြဲခြင်း မွေ့လျော်တယ်၊
၁၃။ တောင်းခံထိုက်တယ်၊
၁၄။ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်တယ်။
✩ “ အာနန္ဒ၊ အဲဒီကဲ့သို့သော ဂုဏ်တွေနဲ့ ပြည့်စုံတဲ့သူအား အရပ်လေးမျက်နှာတို့
၌ ရှိကုန်သော ရဟန်း ပုဏ္ဏားစသော သူတို့သည် သူရဲ့ဂုဏ်ပုဒ်တွေကို ဖော်ပြ၍ 
ချီးမွမ်းကြကုန်၏။ နတ်ပြည်ရှိ နတ်များကလည်း အဲဒီနည်းအတူ ချီးမွမ်းကြကုန်
တယ်၊ အာနန္ဒ၊ ယခု ပြောဆိုအပ်ပြီးသော ဂုဏ်တွေနဲ့ပြည့်စုံတဲ့ သူတော်ကောင်း
ရဲ့ရနံ့ဟာ လေစုန်လေကြေသို့လည်းကောင်း၊လေဆန်လေညာသို့လည်းကောင်း
 သွား၏။”
✩ ရှင်တော်ဗုဒ္ဓသည် ယင်းသို့ မိန့်တော်မူပြီး၍ ယင်းအချိန်တွင် ယင်းသဘောကို
သိ၍ အောက်ပါ ဒေသနာတော်ကို ဆက်လက် မိန့်ကြားတော်မူ၏။”
✩ “အာနန္ဒ၊ ပန်းရနံ့ဟာ လေဆန်လေညာသို့ မသွားနိုင်ပါ၊ စန္ဒကူး၊ တောင်ဇ
လပ်ပန်း၊ စပယ်၊ က်ြရုံးပန်း၊ အနံ့တွေလည်း လေဆန် လေညာသို့ မသွားနိုင်ပါ၊
သူတော်ကောင်းတို့ရဲ့ ဂုဏ်ရနဲ့သည်သာ လေဆန် လေညာသို့သွားတယ်၊ သူ
တော်ကောင်းတို့ရဲ့ ဂုဏ်သတင်းဟာ အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ
၏။၊”
✩ “အာနန္ဒ၊ စန္ဒကူး၊ တောင်ဇလပ်ပန်း၊ ကြာညိုပန်း၊ မြတ်လေးပန်း၊ ကြက်ရုံး
ပန်းတို့၏ အနံ့အမျိုးမျိုးတို့ထက် ထိန်းသိမ်းစောင့်စည်းအပ်သော သီလရနံ့သည်
သာ အတုမရှိ ထူးမြတ်ဘိ၏။”
✩ ဓမ္မဒူတ-အရှင်ပညာဇောတ ✩
Buddhavasa Tiloka
✩ အကြင်ပန်းရနံ့သည် လေစုံ လေကြေ၌လည်းကောင်း၊ လေဆန်လေညာ၌
လည်းကောင်း၊ အညီအမျှ ရနံ့လှိုင်ပျံ့၏။ သီလဂုဏ်ကြောင့် စုန်ဆန်ပျံ့နှံ့နိုင်သော
ထိုသို့သဘောရှိသော ပန်းနံ့သည် အဘယ်မှာရှိအံ့နည်း။
✩ ဤတွင် ရှင်အာနန္ဒာအမေးနှင့် ဘုရားရှင်အဖြေကို ဖော်ပြလိုပါသည်။ သို့မှ
သာ အထက်ပါဒေသနာတော်၏ သဘောသဘာဝမှာ သာလွန်လှပ၍ ခိုင်လုံတိ
ကျပါမည်။
✩ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူခိုက် အ
ခါတစ်ပါးတွင်ဖြစ်၏။ ရှင်အာနန္ဒာသည် တစ်နေ့သော ညနေချမ်းအခါ တစ်ပါး
တည်း ကိန်းအောင်းရာမှ ထ၍ ဘုရားရှင်ထံတော်ပါး ဝပ်တွားရှိခိုးပြီး လျှောက်
ထား၏။
Monday 4 August 2014
ကျက်သရေမင်္ဂလာ အဖြာဖြာရှိစေရန်
Related Posts Plugin for WordPress, Blogger...
 ကုသိုလ်ကောင်းမှူဟူသမျှတို့ တွင် ၀ိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်းဆုံးဖြစ်၏။
ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှူလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ၀ိပဿနာ ဘာဝနာကို
ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်အမူဆုံးဖြစ်၏။
သဘောတူ ချီးမွမ်းတော်မူခဲ့ကြဖူးသည်။ဝိပဿနာ ဘာဝနာကို သဘောတူချီးမွမ်းတော်မူခဲ့ကြပုံကို
မူလပဏ္ဏာသ ပါဠိတော် ပဟာယမက ၀ဂ် မဟာဂေါသိင်္ဂသုတ်`၌ လာသည်ကို အတိုချုပ်သဘော
အားဖြင့် ဖော်ပြပေအံ့။
 အခါတစ်ပါး`၌ အရှင်သာရိပုတ္တရာ အရှင်မြတ်က အရှင်အာနန္ဒာအား မေးတော်မူသည်မှာ
ဤ အင်ကြင်းတောကြီးသည် အပွင့်တို့ ဖြင့် တတောလုံး ကြည့်ရှူတင့်တယ် မွေ့ လျော်ဖွယ်ရာ
ဖြစ်လျှက်ရှိ၏။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ်ပွင့်ကုန်သော အင်ကြင်းတောကြီးကို ပို၍
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံရန် အဘယ်ကဲ့သို့ ပြုရသော် ကောင်းမည်ထင်သနည်းဟု
မေးတော်မူ၏။
Sunday 3 August 2014
ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း
၁။ ဟေတု ပစ္စယော
အကုသိုလ် ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
၂။ အာရမ္မဏ ပစ္စယော
မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။
၃။ အဓိပတိ ပစ္စယော
ရုပ် နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။
၎။ အနန္တရ ပစ္စယော
များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။
၅။ သမနန္တရ ပစ္စယော
ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။
၆။ သဟဇာတ ပစ္စယော
ရုပ် ရုပ်ခြင်း၊ နာမ် နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။
ဘုရားအနေကဇာတင်
ဘုရားအနေကဇာတင်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အနေကဇာတင် ဂါထာ
(က) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိဿံ။
(အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ)
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။
(ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)
(ခ) ဂဟကာရက ဒိဋ္ဌော သိ၊ နပုဂေဟံ န ကာဟသိ
(ဂဟကာရက ဒိတ်ထောသိ၊ နပုဂေဟံ န ကာဟသိ။)
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။)
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
(၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated