များစွာသောသူတို့သည်
ကံဆိုသော စကားလုံးနှင့်ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ကြ၏။
တွေ့ကြုံခံစားရသော အခြေအနေတစ်ရပ်အပေါ် မူတည်ကာ ကံကောင်းသည်၊
ကံဆိုးသည်၊ကံနိမ့်သည်၊ ကံမြင့်သည်၊ ကံလိုက်သည် ကံမလိုက်၊ ကံစပ်သည် ကံမစပ်၊
ကံစွမ်းရှိသည်၊ ကံစွမ်းမရှိစသည်ဖြင့် ကောက်ချက်ဆွဲကာ
သုံးနှုန်းပြောဆိုတတ်ကြသည်။ သို့သော်လည်း ကံဆိုသည့်စကားလုံး၏
ဆိုလိုရင်းအဓိပ္ပာယ် ကိုထဲထဲဝင်ဝင်ဆစ်ပိုင်းကာ နားလည်သဘောပေါက်ခြင်း
မရှိကြသည်သာ များပါသည်။
အထူးအားဖြင့် စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေးတို့အဆင်မပြေချိန်တွင် ကံကို ယိုးမယ်ဖွဲ့ကာ တရားခံရှာကြ၏။ မိမိကိုယ်တိုင်က ကံနိမ့် နေပြီဟု အထင်ရှိချိန်၊ တစ်ဦးတစ်ယောက်က အကြောင်းပြပြောဆိုလာချိန်တွင် ထိတ်လန့်တုန်လှုပ်တတ်ကြပြီး၊ ကံဇာတာမြင့်နေသည် ကံကောင်းချိန်ဖြစ်သည်ဟုဆိုလာပါက ကျေနပ်အားရတတ်ကြ၏။