@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 19 May 2015

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။

 
 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ် ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

“ ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”

  အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။
ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ
ညစ်နွမ်း၍ စရဏတရား နည်းပါးသော သူတို့သည် သေသည့်အခြားမဲ့၌ အပါယ်
ကျမှုအားကြီးလျက်ရှိနေကြကုန်၏။


အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါနဟူသော စရဏတရား
နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း
အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား
နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများ
ပြားမှု အပါယ်လမ်းတမျိုး။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated