@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 19 May 2015

“ ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”

  အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။
ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ
ညစ်နွမ်း၍ စရဏတရား နည်းပါးသော သူတို့သည် သေသည့်အခြားမဲ့၌ အပါယ်
ကျမှုအားကြီးလျက်ရှိနေကြကုန်၏။


အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါနဟူသော စရဏတရား
နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း
အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား
နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများ
ပြားမှု အပါယ်လမ်းတမျိုး။
ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်း တွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိ
ဘုံမှာများစွာဆက်လက်ခွင့်မရကြကုန်မူ၍ အပါယ်သို့သာ မကြာခင် ကျရောက်ကြလေ
ကုန်ရာသောကြောင့် ဒါန-သီလ ဟူသော စရဏတရား နည်းပါးသောသူတို့သည် နောက်
ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်းနည်းပါးလျက် ရှိကြလေကုန်သတည်း။
- လယ်တီဆရာတော်ဘုရားကြီးအရှင်ဥာဏဓဇ

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated