@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Wednesday, 10 December 2014
ရှင်သီဝလိ (ထေရုပ္ပတ္တိ)
ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။
( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။
ဘုရားအနေကဇာတင်
ဘုရားအနေကဇာတင်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အနေကဇာတင် ဂါထာ
(က) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိဿံ။
(အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ)
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။
(ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)
(ခ) ဂဟကာရက ဒိဋ္ဌော သိ၊ နပုဂေဟံ န ကာဟသိ
(ဂဟကာရက ဒိတ်ထောသိ၊ နပုဂေဟံ န ကာဟသိ။)
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။)
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
(၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။)
ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ
ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]
ဘုရားဖူးရင်း ငိုရသည်
သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။
ဘုရားတည်ဖို့အတွက် အလှူရှင်ရှာရန် လွယ်ကူသော်လည်း ပြုစုစောင့်ရှောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အလှူရှင်ရှာရန်ကား မလွယ်ကူပေ။ ထို့ကြောင့် တစ်ထောင်ရုပ်ပွါးများကို တောထဲတွင် ဒီအတိုင်း ပစ်ထားရာ မြက်ပင်များ၊ ချုံပုတ်များက ရုပ်ပွားများကို ဖုံးလွှမ်းနေပေသည်။ တစ်ထောင်ရုပ်ပွားများ ခန္တီပါရမီကို ဖြည့်ဆည်းရင်း ချုံပုတ်တွေအောက်တွင် စံနေကြရရှာသည်။ နောက်ငါးနှစ်ခန့်ကြာလျှင် ထိုရုပ်ပွားများ အားလုံးပျက်စီးပြီး မြေကြီးဖြစ်ရပေတော့မည်။ ရဟန်းမို့ မျက်ရည်မကျသော်လည်း နှလုံးသားထဲမှာကား ငိုမိနေပါပြီ။
"လောကမှာငွေ(သို့) အမျိုး ဘာသာ သာသနာကာကွယ်ချင်သူများအတွက်"
ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင်
ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့ အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့နည်းလမ်းပဲဖြစ်ပါ တယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွား တိုးတက်ရေးအတွက် သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ 
ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး
ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။
ပဋ္ဌာန်း အမွှန်း
( ပဋ္ဌာန်း အမွှန်း )
နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။
တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။
ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
အလိုတော်ပြည့်ဘုရားရှိခိုး နှင့် ဆွမ်းကပ်နည်း
၁။ ရှေးဦးစွာ သစ်သီး (၉) မျိုး၊ ပန်း (၉) မျိုး၊ ရေချမ်း (၉) ခွက်၊ ဆွမ်း (၉) ခွက်၊ ဆီမီး (၉) တိုင်၊ ညှိထွန်းပြီး လှူဒါန်းရပါမည်။
(မှတ်ချက်။ ။သစ်သီး (၉) မျိုး လှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ ရှောက်သီး၊ မာလကာသီး၊ ဟင်းချက်စားရသောသီးမျိုးစုံ မပါစေရ။)
၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။
၃။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ပြည့်စုံအောင် လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။
အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့်မဟာဗုဒ္ဓေါ၊
လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး
၁။       သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။  ။သောင်းခွင်စကြ၀ဠာ၊ နတ် ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်း စိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။      ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။   
  ၂။    သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ ရှစ်ကြုံ၊ ကဆုန်လပြည့်၊
သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီ လှိုက်ဆူ၊ ဘွားတော်မူသည်။   ။ နတ်လူအောင်မြို့ လမ်းပါကို။
၃။    ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်း နေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။   ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
၎။    တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန် ကြုံက၊ ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ’င်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်။    ။ သုံးဘော်လူတို့ ငြမ်းပါကို။ 
၂၄-ပစ္စည်း စည်းချဂါထာ
အန္တရယ်ကင်း ၂၄-ပစ္စည်း စည်းချနည်းကို ယုံကြည်စွာ ပြုလုပ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။
တနင်္ဂနွေနေ့ စည်းချလိုလျှင် အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်မှ စရွတ်ပါ၊ အရှေ့မြောက်ထောင့်ကို လက်ညှိုးထိုး၍၄င်း, စိတ်မှ မှန်း၍၄င်း ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော- ဟု ပစ္စည်းသုံးခု ရွတ်ပါ။
ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။
ဤသို့ဖြင့် အရှေ့တောင်ထောင့် အင်္ဂါထောင့်တွင် သုံးခု။
တောင်ဘက် ဗုဒ္ဓဟူးထောင့်တွင် သုံးခု။
အနောက်တောင်ထောင့် စနေထောင့်တွင် သုံးခု။
အနောက်ဘက် ကြာသပတေးထောင့်တွင် သုံးခု။
အနောက်မြောက်ထောင့် ရာဟုထောင့်တွင် သုံးခု။
မြောက်ဘက် သောကြာထောင့်တွင် သုံးခု။
၃၈-ဖြာ မင်္ဂလာ
( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။
( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ
သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။
ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။
ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းသည် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ အသွင်သဏ္ဍာန်ခြင်း တူညီနေပါသည်။
သို့သော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ထူးခြားချက်မှာ အနှိုင်းမဲ့မြတ်ဗုဒ္ဓ တဆူတည်းကို ပူဇော်ထားခြင်းမဟုတ်၊၊ ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ပွင့်လေကုန်ပြီးသည့် မြတ်ဗုဒ္ဓအပေါင်းကို ပူဇော်ထားသော ဂါထာ (ဝါ) ဘုရားရှိခိုးကြီး ဖြစ်သည်။
ထို့အပြင် ထိုအနှိုင်းမဲ့ဘုရားရှင်များ ဟောကြားတော်မူခဲ့သည့် တရားတော်မြတ်အပေါင်းတို့အား၎င်း၊ ထိုမြတ်ဘုရားသခင်တို့၏ တပည့်သားသာဝက ရဟန္တာ၊ သံဃာတော်မြတ်အပေါင်းတို့အား၎င်း၊ ရိုသေလှစွာ ရှိခိုးပူဇော်ကန်တော့သော ဘုရားရှိခိုးဂါထာတော်ကြီး ဖြစ်ပါသည်။
ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် တန်ခိုးထက်မြက်လှ၏။ အန္တရာယ်ဆိုးအမျိုးမျိုးမှ ကင်းလွတ်ကြ၏။ အသတ်ခံရမည့်ဘေးဆိုး အဖုံဖုံမှ လွတ်မြောက်ကြ၏၊ ရောဂါဆိုးအထွေထွေမှ ကင်းလွတ်ကြ၏။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် မြန်မာနိုင်ငံဝယ် ထင်ရှားကျော်စော ဂုဏ်သတင်း သင်းပျံ့ပြီး ဗုဒ္ဓဘာသာဝင်များ နှုတ်ဖျားဝယ် သီကျူးပူဇော်နေကြခြင်း ဖြစ်၏။
ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)
ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 
ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊
ထိုမကောင်းဆိုးဝါးကောင်များ၏ သဘောသကန်မှာ ကြမ်းတမ်းပါသည်။ ကြမ်းတမ်းသည့်အပြင် ကုသိုလ်လုပ်ရာမှာလည်း ပိတ်ဆို့တတ်သည့် သဘောရှိပြီး မကောင်းမှုဒုစရိုက်ဘက်မှာသာ သူတို့ မွေ့ပျော်တတ်ပါသည်။ ထိုမကောင်းဆိုးဝါးတို့မှာ အဒယာလုကာ-ပုဒ်အရ သနားခြင်းကရုဏာ အလွန်အမင်း ကင်းမဲ့ကြပေသည်။ 
ပဋ္ဌာန်းတရား မှတ်ဖွယ်များ
(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊ 
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)
(ပဋ္ဌာန်း၏ အနက်သဘောနှင့် နက်နဲခြင်း)
ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---
၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၃။ သဗ္ဗညုတဉာဏ်တော်၏ မထိမပါး လူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရားတော်၏ နက်နဲခြင်း ၄-မျိုးရှိရာ ထို ၄-မျိုးမှာ)
၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရ စကားလုံး၊ ပုဒ်၊ ဝါကျတို့၏ နက်နဲခြင်း။
၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ်  သဘော၏ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ=ဟောပုံ ဟောနည်း အစီအစဉ် နက်နဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်းတို့ ဖြစ်ပါသည်။
သမ္ဗု​ဒ္ဓေ ၅မျိုးဂါထာ​တော်​များ
၁.​အောင်​သမ္ဗု​ဒ္ဓေ
က. သမ္ဗု​ဒ္ဓေ အဋ္ဌ​ဝီသတိ ၊
      မမ ဂစ္ဆတိ ပုရ​တော ။
      ပဉ္စ ဗုဒ္ဓါ မဟာ​တေ​ဇာ ၊
      မမ သီ​သေ နိ​သီဒတိ။
ခ.   ဒိဗ္ဗတီတံ မံ ရက္ခန္တု ၊
      ဟောတု ​မေ ဇယမင်္ဂလံ အဂ္ဂံ ။
      သ​ဗ္ဗေပိ​ ​မေ နမသာမိ၊
      အရိယာနဉ္စ သဗ္ဗေသံ၊
      သာဝကာနဉ္စ သဗ္ဗ​သော ။
၂.အ​ရှေ့ကျွန်းသ​မ္ဗု​ဒ္ဓေ
က. သမ္ဗု​ဒ္ဓေ အဋ္ဌဝီသဉ္စ ၊
      သဗ္ဗ​တေဇံ သဗ္ဗဂုဏံ ။
      သဗ္ဗသုခံ လဘတု​ ​မေ၊
      ဆရဝီ ဆရာ ဆရီ စ ဆာယံ။
ခ.   ပဉ္စဗုဒ္ဓါ မဟာ​တေဇံ၊
      သဗ္ဗုညုတာဥာဏ ဝရံ ။
      သဗ္ဗသတ္တရု သဗ္ဗဘယံ၊
      ဝိနဿန္တု အ​သေသ​တော ။
၃.​မြောက်​ကျွန်းသမ္ဗု​ဒ္ဓေ
က. သမ္ဗု​​ဒ္ဓေ အဋ္ဌဝီသဉ္စ ၊
      ပဉ္စ သတ သဟဿာနိ။
      ဒွါဒသဉ္စ သဟဿ​ကေ၊
      ဂင်္ဂါယံ ဝါလုကာ စု​ဏ္ဏေ။
ခ.   ပရာ​ဇေတွာ မဟာဖု​လ္လေ ၊
      နမာမိ သိရသာမဟံ ။
      အာဒ​ရေန နမာမဟံ။
ဂ.   နမက္ကာရာ နုဘာ​ဝေန၊
      ဟိတွာ သ​ဗ္ဗေ ဥပ​ဒ္ဒ​ဝေ။
      အ​နေက အန္တရာယာပိ၊
      ဝိနဿန္တု အ​သေသ​တော ။
၎.အ​နောက်​ကျွန်းသမ္ဗု​ဒ္ဓေ။
က. သမ္ဗု​ဒ္ဓေ အဋ္ဌဝီသဉ္စ ၊
      ဒွါဝီသဉ္စ က္ကု​မေ ဗုဒ္ဓါ ။
      ဧကတိံသ သ​ဗ္ဗေ ဗုဒ္ဓါ ၊
      ဒွတ္တိံသ စ မဟာ ဗုဒ္ဓါ ။
      ပဉ္စဝီသာ ဗုဒ္ဓါ နတ္တိ၊
ခ.  ဧ​တေန ဗုဒ္ဓဂု​ဏေန၊
     အာဒ​ရေန နာမာမဟံ။
ဂ.  နမက္ကာရာ နုဘာ​ဝေန၊
     ဟိတွာ သ​ဗ္ဗေ ဥပ​ဒ္ဒ​ဝေ။
     အ​နေက အန္တရာယာပိ၊
     ဝိနဿန္တု အ​သေသ​တော။
၅.​တောင်​ကျွန်းသ​မ္ဗု​ဒ္ဓေ။
က. သမ္ဗု​ဒေ အဋ္ဌဝီသဉ္စ ၊
      ဒွါဒသဉ္စ သဟဿ​ကေ။
      ပဉ္စဿတ သဟသာနိ၊
      နမာမိ သိ​ရေသာမဟံ။
ခ.   အပ္ပကာ ဝါလုကာ ဂင်္ဂါ၊
      အနန္တာ နိဗ္ဗုတာ ဇိနာ။
     အာဒ​ရေန နမာမဟံ။
ဂ.  နမက္ကာရာ နုဘာ​ဝေန၊
     ဟိတွာ သ​ဗ္ဗေ ဥပ​ဒ္ဒ​ဝေ။
     အ​နေက အန္တာရာယာပိ၊
     ဝိနဿန္တု အ​သေသ​တော ။
  ပညာအလင်းပြ စာအုပ်​မှ ကူးယူ​ဖော်​ပြပါသည်
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ထေရုပ္ပတ္တိ
အရှင်ဆန္ဒာဓိက
ရွှေပါမီတောရ အရှင်ဆန္ဒာဓိက သည် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေများကို ရေးသားသော ရဟန်းတော် တစ်ပါး ဖြစ်သည်။ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ယနေ့ ဓမ္မစာပေနယ်ပယ်တွင် ပရိတ်သတ်အခိုင်အမာရရှိထားပြီး တရားပွဲများတွင် ပရိတ်သတ် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အဂ်ါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။
၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။
သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
အလှူဒါန
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated