@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 23 January 2015

နာကိုး တောင်းရှစ် သာဓုတစ်”- မေးခွန်း အဖြေ



“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။

နာ-ကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
  1. မကြားဘူးသည်ကို ကြားနာရ၏၊
  2. ကြားဘူးသည်ကို ဖြူစင်စေ၏၊
  3. ယုံမှားမှုကို ကူးမြောက်နိုင်၏၊
  4. အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
  5. ထိုသူ၏ စိတ်သည် ကြည်လင်၏။

Thursday 22 January 2015

အရိယာဟု ၀န်ခံကြသူများ


> ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ယောက်ထံမှ ‘အရိယာကြေညာစာတမ်း’ များကို ဖတ်ရပါသည်။ တာမွေမြို့နယ်မှ လူပုဂ္ဂိုလ်ဆရာတစ်ဦး၏ တရားပြမှုဖြင့် တရားထိုင်ကြကာ မိမိတို့ အရိယာတွေ ဖြစ်နေကြပါပြီဟူသော လူပုဂ္ဂိုလ်များ၏ ကြေညာစာရွက်များ ဖြစ်ပါသည်။ မိတ်ဆွေက လက်ခံချင်ပုံရပါသည်။ ထို့ကြောင့် ကျွန်တော်ထက် ပရိယတ္တိပညာ ကြီးသူများ၏ အဖြေများဖြင့် သူကိုရှင်းလင်းပြလိုသောကြောင့် လူသိရှင်ကြား မေးမြန်းအပ်ပါသည်ခင်ဗျား–

(က) တရားထိုင်တုန်း ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာတာဟာ ၀ဋ်ကြွေးချေရတာ ဖြစ်သည်။
“မဟာနာမ် ငါသည် အခါတစ်ပါး၌ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်၌ ထိုင်နေခြင်းကို ပယ်ကြကုန်လျက် မတ်မတ်ရပ် တည်နေကြကုန်၏၊ အားထုတ်မှုကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာတို့ကို ခံစားကြကုန်၏။

Wednesday 21 January 2015

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်




ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။
၎) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။
၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။


 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ၏။

         လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ
ပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော
အကုသိုလ်များ မပြုမိအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။
         တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောက၀ိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိ
လောက၀ိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါတယ်
နောက်... ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်း များစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့   ဆောက်
လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာတော်တွေထိုင်ဖို့
အခင်းတွေ၊ သောက်သုံးဖို့ ရေအိုးတွေ၊ နေဖို့ အခန်းတွေ စသည်ဖြင့် ကျောင်းတစ်ခုမှာ   လိုအပ်
တာတွေ အကုန် ပုံဖေါ်လိုက်ပါတယ်။

"မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်"




ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက
ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့ မှာ မြတ်စွာဘုရား
ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ ကက္ကရပတ္တ က
ဒီဃဇာဏု ဆိုတဲ့ အမျိုးသား ဦးဆောင်ပြီးတော့
ဗုဒ္ဓမြတ်စွာထံ ၀င်ရောက်ချဉ်းကပ်ကြတယ်။

သူတို့ က
မြတ်စွာဘုရားကို လျှောက်တယ်။ "အရှင်ဘုရား၊
တပည့်တော်တို့ ဟာ ဒီဘ၀မှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်
မိသားစုနဲ့  သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘ၀မှာလဲ
ကောင်းရာ ဘုံဘ၀ကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။

ဝဋ်ကျွတ်တဲ့အလှူ


မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။

ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။ သမုဒယသစ္စာဖြစ်ပြီဆိုတော့ သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊ အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။ လှူလဲလှူရသေး ဒုက္ခလဲရောက်သေးတယ်။ ဒါကြောင့် `အ၀ိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော- ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။

မစ္ဆရိယ ငါးမျိုး သိကောင်းစရာ။

         ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
     ၁။အာဝါသ မစ္ဆရိယ= အဆောက်အဦး ကောင်းကောင်းဖြင့်  ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
     ၂။လာဘ မစ္ဆရိယ  = ကိုယ်သာ  လာဘ်လာဘ  စီးပွါးဥစ္စာ  ပေါများလိုပြီး  အခြား
သူများကို  မပေါများစေလိုခြင်း။
     ၃။ကုလ မစ္ဆရိယ   =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊  ဒကာများအား အခြား
သူများထံသို့   အသွားအလာ  အဆက်အသွယ်  မရှိစေလိုခြင်း။
     ၄။ဝဏ္ထ မစ္ဆရိယ    = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို  မချီးမွမ်း နိုင်ခြင်း။
     ၅။ဓမ္မ မစ္ဆရိယ      =တရားသဘောကို  မိမိသိသလို  သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။

ဗန်းမော်ဆရာတော်ကြီး၏ ပဌာန်းဒေသနာတော်ကို စံချိန်ကိုက်ရွတ်ပွားခြင်း အကျိုးကျေးဇူး။

         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ညွှန်ပြတော်မူချက်အရ မိမိလိုလားသော ကောင်းကျိုးကို ရလို
ပါက ပဌာန်းဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်အောင်” ကြိုးစားရပါမည်။ စံချိန်ကိုက်
ရွတ်ပွားနည်းဆိုသည်မှာ (၁) ပထမ အရေးကြီးဆုံးအနေဖြင့် “မရွတ်ပွားမီ ကိုယ်လက် သန့်စင်
ဆေးကြောရပါမည်။” ပဌာန်းဒေသနာတော်ရွတ်ပွားသံကို နတ် ဗြဟ္မာများက လာပြီး နာယူတတ်
ကြပါသည်။ လူသားများ၏ ကိုယ်နံ့မှာ မကောင်းလှသဖြင့် နတ် ဗြဟ္မာများခမျာ အနားကပ်ပြီး
မနာယူနိုင်ကြရှာပါ။ သို့ဖြစ်၍ နတ် ဗြဟ္မာများ လူအနံ့ကို ခံနိုင်ရည်ရှိအောင် မရွတ်ပွားမီ ကိုယ်
လက်သန့်စင် ထားရပါမည်။

လောက သံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်ဆိုလျှင်။

     ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။
         မြတ်စွာဘုရားက လောကသံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက် (၁)။ မိတ်ကောင်း
ဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား Externak Condition ပါ။ (၂)။
“ ယောနိသော မနသိကာရ ” မှန်မှန်ကန်ကန် နှလုံးသွင်း ဆင်ခြင်တတ်မှု ရှိရမယ်။ ဒါက အတွင်းဘက် အကြောင်းတရား Internal Condition ပါ။
         အပြင်အကြောင်းတွေက ဘယ်လောက်ကောင်းကောင်း“ ယောနိသော မနသိကာရ” ဆို
တဲ့ အတွင်းအကြောင်း မကောင်းဘူးဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်းအပြင် ဘက်
စုံကောင်းဖို့  လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
၁၂။ ယကနံ =  အသည်း။
၁၃။ ကိလောမကံ = အမှေး။
၁၄။ ပိဟကံ = အပျဉ်။

Monday 19 January 2015

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး       = ဒွါရငါးပါး ပိတ်ထားရမည်။
၅။ ရှေ့      = မိမိရှေ့ မနီးမဝေး၌ ဗောဓိပင်နှင့် မြတ်စွာဘုရား ထင်ရှားရှိပုံကို နှလုံးသွင်းရမည်။
၆။ မြဲ        = သက်တော်ထင်ရှား မြတ်စွာဘုရားကို စွဲစွဲမြဲမြဲ နှလုံးသွင်းရမည်။
၇။ ပွား      = သက်တော်ထင်ရှား မြတ်စွာဘုရားကို ကြည့်၍ အရဟံ အရဟံ စသည်ဖြင့် ဂုဏ်
တော်ကို ပွားရမည်တို့ ဖြစ်ပါတယ်။ (စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်နည်း)
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}

ဇာတာရက်ချုပ်


ဗေဒင်ယုံကြည်မှု လောင်ရိပ်အောက်တွင် ကျရောက်နေသောသူများသည်
ကလေးတစ်ယောက် ဖွားမြောက်လာသော်
"ဇာတာရက်ချုပ်" ပြုလုပ်တတ်ကြသည်မှာ အစဉ်အလာဖြစ်ခဲ့ပါသည်။
လူမှန်သမျှ "ဇာတာရက်ချုပ်" ရှိရမည်။
ဇာတာရက်ချုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဟူ၍လည်း "အယူသီး" တတ်ကြပါ၏။
ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို အစဉ်တစိုက် ဆန့်ကျင်ဖီလာလုပ်ခဲ့သော
ဗြဟ္မဏ ပုဏ္ဏားတို့၏ မှိုင်းမိထားရခြင်းဖြစ်ပါ၏။
      ကောင်းပြီ။

အသုဘပွဲတွင် ရေအိုးခွဲခြင်း


တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ နေရာဒေသအလိုက်
ဆောင်ရွက်ကြသော "ဒုမင်္ဂလာဆိုင်ရာ" ဓလေ့ထုံးစံများကား များပြားလှ၏။
ယင်းဓလေ့ထုံးစံများထဲတွင် "အသုဘပွဲတွင် ရေအိုးခွဲခြင်းအလေ့" လည်းပါဝင်ပါသည်။

သက်မဲ့ခန္ဓာကိုယ်ကို အိမ်မှထုတ်ဆောင်သောအခါ
တစ်ပါတည်းယူဆောင်လာသော ရေအိုးကို ရိုက်ခွဲရ၏။
ယင်းသို့ရိုက်ခွဲရာ၌ ရေအိုးကွဲဖို့ အရေးကြီး၏ဟု ယုံကြည်ကြသည်၏ အချို့သည်
ရေအိုးကို ရိုက်ခွဲရာ၌ ပထမအကြိမ်တွင် မကွဲသော် ဒုတိယအကြိမ်ရိုက်ခွဲရ၏။
ယင်းသို့ပထမအကြိမ်တွင် ရေအိုးမကွဲသောအခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်လျှင်
ဗေဒင်ဆရာ နတ်ကတော်ဆရာထံ ချဉ်းကပ်မေးမြန်းပြီး ယတြာချေကြသူတွေပင် ရှိ၏။
ကောင်းပြီ။

ဣနြေ္ဒ ၅ ပါး။

၁။ သိဒ္ဓိနြေ္ဒ   = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ  = သတိဖြင့် စိတ်ကို အစိုးရခြင်း။

၎။ သမာဓိနြေ္ဒ= သမာဓိဖြင့် စိတ်ကို အစိုးရခြင်း။
၅။ ပညိနြေ္ဒ   = ပညာဖြင့် စိတ်ကို အစိုးရခြင်းတို ဖြစ်ပါတယ်။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ




၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

ဘုရားရှစ်ခိုးတိုင်းရွတ်နေကြပါဘဲ( လူငယ်များအတွက်)

 
အပါယ်လေးပါးဆိုသည်ကား။
၁။ ငရဲ                   …….. ချမ်းသာ အနည်းငယ်မရှိပဲ ၊ မီးတောက် မီးလျှံ ဓါးလှံ စက်တို့၌ ခံရခြင်းကို ငရဲဟု ခေါ်ပါသည်။
၂။ တိရစ္ဆာန်            …….. တရားကို မသိ ၊ စားခြင်း အိပ်ခြင်း မေထုန်မှီဝဲခြင်းကိုသာသိသော ၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ                …….. ချမ်းသာသုခမှ ကင်းဝေးသော ဖုတ် တစ္ဆေ စသောသတ္တ၀ါ။

၎။ အသူရကာယ်       …….. စည်းစိမ်ချမ်းသာ မြူးထူးခြင်း စသည်တို့ဖြင့် မမြူးထူးမထွန်းပတက်သော သတ္တ၀ါ။
(နေ့စံ၍ ညဉ့်ခံ ၊ ညဉ့်စံ၍ နေ့ခံသော သတ္တ၀ါ)

မိန်းမဘ၀ကနေ ယောက်ျားဘ၀ဖြစ်ချင်ရင် -



                     
 (၁) မိန်းမဘ၀ကို စပ်ဆုပ်ရမယ်၊
(၂) ဥပုသ်သီလ စောင့်ထိန်းရမယ်၊
(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်၊
(၄) ယောက်ျားဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်၊


(၅) ကုသိုလ်ပြုတဲ့အခါတိုင်း ယောက်ျားအဖြစ်ကိုဆုတောင်းပြီး ကုသိုလ်ပြုရမယ်။
(၆) လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

* ရှင်သီဝလိမထေမြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။

       ရှင်သီဝလိ မထေမြတကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဧတဒဂ်ရ  ရဟန္တာအရှင်မြတ်ကြီးဖြစ်
တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှပါ၏။ ဆန်းကြယ်
လွန်းလှပါ၏။ ဘုရားရှင် ကိုယ်တော်တိုင်က သီဝလိသတိုးသားငယ်အား ရှင်သာမဏေအဖြစ် သွတ်
သွင်းချီးမြင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေးပါ၏။ ယင်းသို့ ဆံချပေးရာ ခေါင်း
မှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်ဝက်ကျန်သောအ
ခါ သကဒါဂါမိမဂ်ရ၏။ ဆံချပြီးစီးသွားသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်သွားပါသည်။

* လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

        စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်

မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံး
မှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း ” စသည်ဖြင့် စိန္တာ
မဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

         နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။

လူသားတို့အတွက် အားပေးစကား အလိုအပ်ဆုံးအချိန်။

           မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်
တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။ ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။
         အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊ အားအငယ်ဆုံး ဖြစ်တတ်သည့်အတွက် အားပေးစ
ကား ပြောဖို့လိုတယ်။ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပါပဲ။
         လူတိုင်းလူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ အိုခြင်းဆီသွားနေကြတာ၊
အိုခြင်းကနေ နာခြင်းဆီ သွားနေကြတာ၊ နာခြင်းကနေ သေခြင်းဆီ သွားနေကြတာ၊ ဒါ ကြောက်
စရာစကား မဟုတ်ဘူး။

Saturday 17 January 2015

၁၅၀၀ နဲ့ ၅၂၈



ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။
အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ – လိုချင်တာ
(၂) ဒေါသ – ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ – မသိတာ
(၄) မာန – ထောင်လွှားတာ
(၅) ဒိဋ္ဌိ – အယူမှားတာ
(၆) ဝိစိကိစ္ဆာ – သံသယဖြစ်တာ
(၇) ထိန – မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်တာ
(၉) အဟိရိက – မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ – မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။

သုခ လေးပါးတရားတော်


သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ
သုခါ သဒ္ဓမ္မ ဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ။

ဗုဒ္ဓါနံ= သဗ္ဗညုဗုဒ္ဓ အမည်ရသည့်လော
ကထွတ်ထား မြတ်ဘုရားတို့၏။
ဥပ္ပါဒေါ=ဖြစ်ထွန်းပွင့်ပေါ်၍လာခြင်းသည်။ သုခေါ=ရှေးဦးအစပထမသုခချမ်း
သာပါပေတည်း။



သဒ္ဓမ္မဒေသနာ=ဘုရားမြတ်စွာစိန္တေယျာတို့၏သူတော်တရားဟောကြားတော်
မူခြင်းသည်။ သုခေါ= နှစ်ကြိမ်မြောက်
သုခမင်္ဂလာပါပေတည်း။

Friday 16 January 2015

“ခန္တီ နဲ့ ဥပေက္ခာ ကွဲပြားခြားနားပုံ”



                  ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ???

ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း၊ဥပေက္ခာစ- လျစ်လျူရှုရခြင်းဟု ပြောဟောကြရာ…

ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန်လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့
ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ၊သဘောတရားကတော့ အတူတူပါပဲလို့
အချို့ဆရာတို့က ပြောဟောကြပါတယ်။

ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး။ တခြားစီသာ ဖြစ်တယ်။
အကယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ။
ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်။

အဲဒီတရား နှစ်ပါး ထူးခြားတယ် ၊မထူးခြားဘူးဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မ၀ိစယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် “ပုလင်းတူ-ဘူးဆို့”
သဘောပဲလို့ မှတ်ထင်စရာ ဖြစ်နေတယ်။ အမှန်ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်။
ယင်းတို့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။

“ခန္တီ”
•••••••••••
ခန္တီရဲ့သဘောက သက်ရှိ(သ၀ိညာဏ)က သတ္တ၀ါ သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်၎င်း၊
  နှုတ်ဖြင့်သော်၎င်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်သော်၎င်း၊ ထိပါးပုတ်ခတ်မှုပြုလာသော် ဒေါသဖြင့် ယင်းပုဂ္ဂိုလ်အား
စိတ်ဆိုးခြင်း၊ ပြန်လှန်၍ပြစ်မှားခြင်း၊ထိပါးပုတ်ခတ်၊လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေနိုင်ခြင်းနှင့်....

သက်မဲ့(အ၀ိညာဏ)က မိမိကိုယ်နဲ့စပ်တဲ့ အချမ်းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊
အ၀တ်အစား၊ နေရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း၊မပြည့်စုံခြင်းစသည်တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ
စိတ်ဆင်းရဲခြင်း ၊ စိတ်နှလုံး မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခန္တီလို့ ဆိုကြတယ်။
သူ့တရားကိုယ်က “အဒေါသ စေတသိက်” ပဲ။

“ဥပေက္ခာ”
•••••••••••••••••
ဥပေက္ခာရဲ့သဘောက
●ဣဋ္ဌာရုံခေါ်တဲ့ လိုချင်စရာ၊ခင်မင်စရာ၊ချစ်စရာ၊နှစ်သက်စရာ၊မြတ်နိုးစရာ၊
အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ၊ခင်မင်၊လိုချင်၊တပ်မက်၊ဆာလောင်၊စွဲလမ်းခြင်းဆိုတဲ့
တဏှာ၊ဥပါဒါန်ဖက်သို့ မပါမရောက်အောင် စောင့်ရှောက် တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်းသဘောနှင့်....

●အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ၊ရွံစရာ၊မခံချင်စရာ၊စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့ တွေ့ကြုံတိုက်ဆိုင်လာတဲ့
အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်း သဘောတမျိုးပဲဖြစ်တယ်။

အဲဒီ ဣဋ္ဌာရုံဖက်ကိုရော၊အနိဋ္ဌာရုံဖက်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်၊မုန်း မပါ
အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ “တတြ မဇ္ဈတ္တ စေတသိက်” ကိုပင်လျှင်
“ဥပေက္ခာ” လို့ ခေါ်ဆို ဟောပြောကြတာပဲ။

ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာနည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ။ဒါထက် လွယ်လွယ် သိချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်းကြပေတော့။

◄အဲဒီတရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အလွန်စိတ်အေးမြ ငြိမ်းချမ်းတယ်။
အဲဒါကိုလည်း အကျင့်လုပ်ထားပါ။►

ဒကာ။ ။ ဆရာသစ်တွေ ရှာနေစရာ မလိုတော့ပါဘူး ဆရာတော်..ရှင်းလင်းပြတ်သား ကွဲပြားခြားနားစွာ သိပါပြီဘုရား…။ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရအောင်အကျင့်
လုပ်ထားပါမည် ဆရာတော်…။လက်စသတ်တော့ “ခန္တီက အဒေါသ စေတသိက်
မေတ္တာ ဓာတ်သဘောကိုး” ခုမှပဲ ကွဲတော့တယ်။

-【အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ】
Posted by►

Wednesday 14 January 2015

အမှတ်စဉ်(၅၇) {ကုက္ကုစ္စ၊ ထိနနဲ့ မိဒ္ဓ၊ ဝိစိကိစ္ဆာ၊ စိတ်အညစ်အကြေး ၁၄-မျိုး}



ကုက္ကုစ္စ
နောက်တစ်ခုက ‘ကုက္ကုစ္စ’ ဆိုတာ ကောင်းတာတွေ မလုပ်မိလို့ နောင်တပူပန်တယ်၊ မကောင်းတာတွေ လုပ်မိလို့ စိတ်ပူပန်သောက ရောက်ရတယ်၊ လုပ်မိတာ မလုပ်မိတာနဲ့ ကိုယ်လုပ်တဲ့ လုပ်ငန်း မအောင်မြင်တာလို့ ၃-မျိုး ရှိတယ်နော်။

                   (၁) လုပ်မိတဲ့ မကောင်းမှု အတွက်လည်း ပူပန်စိတ်ဖြစ်တယ်၊
                   (၂) မလုပ်မိတဲ့ ကောင်းမှုကိုလည်း ပူပန်စိတ် ဖြစ်တယ်၊
                   (၃) ကိုယ်လုပ်ရဲ့သားနဲ့ မအောင်မြင်တဲ့ အပေါ်မှာလည်း ပူပန်စိတ် ဖြစ်တယ်လို့ ဟောဒီလို ကုက္ကုစ္စက သုံးမျိုး ရှိတယ်။

အမှတ်စဉ် (၆၄) {ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊စိတ္တမုဒုတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယုဇုကတာ၊ စိတ္တဇုကတာ



ကာယလဟုတာ၊ စိတ္တလဟုတာ
                  
နောက်တစ်ခုက “ကာယလဟုတာ၊ စိတ္တလဟုတာ”၊ ကိုယ်ရဲ့ ပေါ့းပါးမှု၊ စိတ်ရဲ့ပေါ့ပါးမှု၊ တစ်နည်းအားဖြင့် စေတသိက်တွေရဲ့ ပေါ့ပါးမှု နဲ့ စိတ်ရဲ့ ပေါ့ပါးမှု၊ ပေါ့ပါးမှုရှိတယ်ဆိုတာ လေးလံမှုလည်း ရှိလို့ပေါ့၊ အဲဒီ လေးလံမှုက ဘာတွေလဲဆိုတော့ “ထိန - မိဒ္ဓ”၊  ဒါတွေ ဖြစ်လာလို့ရှိရင် စိတ်က လေးလံလာတယ်၊ စိတ် ဆုတ်နစ်လာပြီဆိုရင် တရားအားထုတ်ဖို့ စိတ်မပါဘူး၊ ကုသိုလ်လုပ်ဖို့ စိတ်မပါဘူး၊ အဲဒီ စိတ်လေးလံစေတက်တဲ့ သဘာဝ တရားတွေ စိတ်အညစ်အကြေးတွေကို ကာယလဟုတာ စိတ္တလဟုတာဆိုတဲ့ သဘာဝတရား စွမ်းအား ထက်လာရင် ဖယ်ရှားပစ်နိုင်တယ်။
                  
အညစ်အကြေးတွေကို ဖယ်ရှားတဲ့နေရာမှာ ဒီ ဘသာဝတရားတွေကလည်း စိတ်အညစ်ကြေးတွေကို ဆေးကြောနိုင်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်၊ ဒါ ပိုက်ဆံနဲ့ ဝယ်ရတာမဟုတ်ဘူး၊ ဒီ သဘာဝတရားက ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်ယူရတယ်။ ဘာနဲ့ဖြစ်အောင် လုပ်ရမလဲဆိုရင် ခုနက ဓမ္မာရုံပေါ် စိတ်စိုက်ပြီး ဒီသဘာဝတရားတွေ ဖြစ်လာအောင် ကိလေသာတွေ မဖြစ်အောင် ဖယ်ရှား၊ စိတ်စွမ်းအားတွေ ဒီဘက်က တိုးမြင့်လာအေင်လုပ်ပေး၊ ကျင့်စဉ်ကတော့ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ်ပဲ ဖြစ်တယ်။

အမှတ်စဉ်(၆၃) {ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ပဿဒ္ဓိသဗ္ဗောဇ္ဈင်၊ ဆန့်ကျင်ဘက်တရား၊ အဓိပ္ပါယ်တစ်မျိုး } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



စိတ်ဖြူစင်မှု အင်အားစုများ

အပိုင်း(၂)

စိတ်စင်ကြယ်မှု အင်အားစုများဖြစ်တဲ့ စေတသိတ်တွေ အကြောင်း အပိုင်း(၁)ကို ဟောပြောပြီးပြီ၊ ဒီကနေ့ အပိုင်း(၂) ဆက်ဟောပေးပါမယ်။

စေတသိတ်ပေါင်း အားလုံး ၅၂-မျိုး ရှိတယ်၊ ကောင်းမြတ်တဲ့ အရည်အသွေးရှိပြီး စိတ်ရဲ့ အညစ်အကြေးတွေကို စင်ကြယ်စေနိုင်တဲ့ ဒီသဘာဝ စွမ်းအားတွေဟာ မိမိတို့ရဲ့ သန္တာန်မှာ မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးလို့ရှိရင် ခိုင်မာကြီးထွားလာအောင် လုပ်ဖို့ သမ္မာဝါယာမ လို့ ခေါ်တဲ့ မှန်ကန်သော ကြိုးစားမှုဖြင့် ကြိုးစားကြရမှာပါ။
                  
သူ့အလိုအတိုင်းကို ဘာမှဖြစ်လာတာ မရှိပါဘူး၊ အကျိုးလိုချင်ရင် အကြောင်းကို တည်ဆောက်ရမယ်၊ ဒါသဘာဝပါပဲ၊ ဒါကြောင့်မို့ မနေ့က ပြောခဲ့တယ်၊ သဒ္ဓါ, ဟိရီ, သြတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ ဆိုတဲ့ ဒီ သဘာဝတရားတွေရဲ့ စွမ်းဆောင်မှုတွေကို ဟောပြပေးခဲ့ပြီ၊ ဒီကနေ့ အစုံလိုက် အစုံလိုက် အမည်ပေးထားတဲ့ သဘာဝတရား ၆-မျိုးရဲ့ စွမ်းရည် သတ္တိတွေကို ရှင်းပြပါ့မယ်။

အမှတ်စဉ်(၆၂) {အလောဘ၊ အဒေါသ၊ မေတ္တာ၊ တတြမဇ္ဈတ္တတာ} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



အလောဘ
                  
နောက်တစ်ခုက အလောဘ၊ အလောဘဆိုတာ လောဘရဲ့ ဆန့်ကျင်ဘက်တရား၊ လောဘ မရှိရုံသက်သက်ကို အလောဘခေါ်တာ မဟုတ်ဘူး၊ လောဘကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိလို့ လောဘရဲ့ ဆန့်ကျင်ဘက်တရားကို ခေါ်တာ၊ အလောဘဟာ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားရှိတဲ့ သဘာဝတရားတစ်ခု ဖြစ်တယ်၊ အလောဘဟာ လောဘကို ပယ်ဖျက်ပြီး ဒါန ကောင်းမှုကို ပြုတက်တယ်၊ဒါကြောင့်မို့ “အလောဘော ဒါနဟေတု” အလောဘဆိုတဲ့ သဘာဝတရားသည်  လှူဒါန်းမှုကို ဖြစ်စေတက်တယ်လို့ ဆိုတာဖြစ်တယ်။
                  
စေးကပ်နေတဲ့ ကော်သဘောမျိုးဖြစ်တဲ့ စိတ်ကို အာရုံမှာ ကပ်စေတက်တဲ့ လောဘကို လျော့ပါးစေပြီး ကော်နဲ့ အလားတူတဲ့ လောဘကို ဖယ်ရှားပစ်လိုက်ရင် လောဘကြောင့် ဖြစ်တက်တဲ့ အကုသိုလ်တွေ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့ လောဘမှာ လှူကြတယ် တန်းကြတယ်ဆိုတာ အလောဘဆိုတဲ့ စွမ်းအားကြောင့် လှူနိုင်တန်းနိုင်တာ၊ အလောဘမရှိရင် မလှူနိုင်ဘူး။

အမှတ်စဉ်(၆၁) {ဒေဝဓမ္မ၊ ဒေဓမ္မဇာတ်၊ဟိရိ သြတ္တပ္ပသဘော၊ မစင်လူးနေတဲ့ သံပူတုံး } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



ဒေဝဓမ္မ

                   ဒေဝဓမ္မဆိုတာ နတ်တွေက တန်ဖိုးထားတဲ့ တရား၊ နတ်လို့ဆိုတဲ့နေရာမှာ ဒေဝ ၃-မျိုးရှိတယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ မင်းမျိုးတွေကို သမ္မုတိဒေဝ၊ သူတို့လည်း ဟိရီ, သြတ္တပ္ပတရားရှိတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့သူက ဟိရီ,သြတ္တပ္ပမရှိလို့ မရဘူးနော်၊ နောက်တစ်ခါ ဥပပတ္တိဒေဝတဲ့၊ တကယ့်ကို နတ်ဘဝရောက်သွားတဲ့ နတ်တွေကလည်း ဒီ ဟိရီ, သြတ္တပ္ပ ရှိတယ်၊ နောက် ဝိသုဒ္ဓိဒေဝ ဆိုတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ။ စင်ကြယ်သွားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဟိရီ, သြတ္တပ္ပကို တန်ဖိုးထားတာပဲ။

ဒေဝဓမ္မဇာတ်
                  
ငါ့ရာငါးဆယ်ဇာတ်ထဲမှာ ဒေဝဓမ္မဇာတ်ဆိုတာ ရှိတယ်၊ ဟိရီ, သြတ္တပ္ပကို ‘ဒေဝဓမ္မ’ - နတ်တို့ တန်ဖိုးထားတဲ့တရားလို့ ဒီလိုနာမည်ပေးတယ်၊ အဲဒီ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဘုရားအလောင်းက အဲဒီတုန်းက မဟိသာသကုမာရ လို့ခေါ်တယ်၊ သူ့ရဲ့ ညီငယ် ၂-ယောက်မှာ တစ်ယောက်က စန္ဒကုမာရ, တစ်ယောက်က သူရိယကုမာရဆိုပြီး ညီအစ်ကို ၃-ယောက်၊ အကြောင်းတစ်ခုကြောင့် တောထဲ ရောက်သွားကြတယ်၊

အမှတ်စဉ်(၆၀) {သတိ၊ သတိထားမှုနှင့် မှတ်မိမှု၊ သတိနှင့် သညာ၊ သတိနှင့် ပညာ၊ ဟိရီ သြတ္တပ္ပ၊ လောကပါလတရား }



သတိ
နောက်တစ်ခုက သတိတဲ့၊ လူတိုင်းလူတိုင်း ပြောနေတာ ‘သတိထား’ လို့၊ သတိဆိုတာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်တာ၊ အဘိဓမ္မာတရားတော်အရ သတိဆိုတာ သောဘဏလို့ခေါ်ထားတဲ့ အခါကျတော့ ကောင်းတာတွေကို အမှတ်ရတာကိုမှ ‘သတိ’ လို့ ပြောရမယ်၊ အရပ်ထဲမှာ ပြောနေကြတဲ့ သတိတွေဟာ တစ်ချို့က ဒီသတိ မဟုတ်ဘူးလို့ ပြောရမယ်။
ခိုးဝှက်မယ့် သူကလည်းပဲ သူလည်း သတိရှိနေတာပဲလေ၊ ဘယ်အချိန် ဘယ်နား ဘာထားတယ်ဆိုတာ သူ သတိထားရတာပဲ၊ သူလည်း သတိရှိတာပဲ၊ အဲဒီ သတိမျိုး သုတ္တန်မှာတော့ မိစ္ဆာသတိ လို့ ခေါ်တယ်၊ မိစ္ဆာသတိဆိုတာ ဒီသတိစေတသိက်ကို ပြောတာ မဟုတ်ပါဘူး၊ ဒီသတိက အကောင်းဘက်မှာသာ သုံးတဲ့ စကားလုံးပါလို့  မှတ်ရမယ်နော်။
လူ့ဝေါဟာရအရ အသုံးအနှုန်း define လုပ်ထားတယ်၊ ကန့်သတ်ချက်ရှိရမယ်၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ် ဒါ အတူတူပဲ၊ ပါဠိမှ မဟုတ်ဘူး၊ မြန်မာစကားမှာလည်း အကန့်အသတ်ရှိတာပဲလေ၊ သေချာ စဉ်းစားကြည့်ရင် မြန်မာစကားမှာလည်းပဲ ပြောတဲ့အတိုင်း အကုန်ယူရတာမှ မဟုတ်ဘဲ၊ ဒီနေရာ ဒါသုံးတယ်ဆိုတာ မှတ်ထားရမယ်၊ ဒိပြင်နေရာ သုံးလို့ ဖြစ်နိုင်တာမှ မဟုတ်ဘဲနော်၊ ဒီမှာလည်း သတိဆိုတာ အကောင်းဘက်ပဲ ယူတယ်။


သတိထားမှုနှင့် မှတ်မိမှု
သတိဟာ ၂-မျိုးလို့ မှတ်ရမယ်၊ သူ့ရဲ့ အသွင်အပြင် လက္ခဏာဆောင်ရွက်မှု ၂-မျိုးရှိတယ်၊ တစ်ခုက ဘာတုံး ဆိုရင် အာရုံပေါ် စိတ်စိုက်နေမှု၊ နောက်တစ်ခုက အမှတ်ရမှု၊ မှတ်မိမှု။
‘ဟို လွန်ခဲ့တဲ့ အကြောင်းအရာတွေကို မှတ်မိတယ်’၊ အဲဒါ သတိရဲ့ စွမ်းဆောင်ချက် တစ်ခုပဲ၊ ‘အခု လောလောဆယ် ဘာလုပ်နေတယ်ဆိုတာ သတိထားနေတယ်’၊ ဟော သတိထားနေတယ်ဆိုတာ တစ်ခု၊ အမှတ်ရနေတယ်ဆိုတာ တစ်ခု၊ အဲဒီ ၂-ခုစလုံးဟာ သတိနဲ့ဆိုင်တဲ့ အရာတွေချည်းပဲ လို့ မှတ်ရမယ်။
ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ mind ful lness   လို့ပြန်တယ်၊ mind ful lness ဆိုတာ အခုလောလောဆယ် လုပ်နေတဲ့ ကိစ္စနဲ့သာ ဆိုင်တာ၊ မနှစ်က ကိစ္စမှတ်မိတာ၊ mind ful ness မဟုတ်ဘူး၊ အဲဒါကျတော့ မှတ်မိတာ၊ rememberance လို့ ဖြစ်ရမယ်ပေါ့၊ စာပေမှာ သတိကို ဒီလို ၂-မျိုးခွဲထားတာကို သတိထားဖို့ လိုတယ်၊ သတိဆိုတာ ယခုလုပ်နေတဲ့ ကိစ္စတွေအပေါ် စိတ်စိုက်နေတာ၊ သတိထားနေတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို အမှတ်ရတာတဲ့၊ ဟော နှစ်ခု ဟောထားတယ်။
ဒါကြောင့်မို့ သတိဆိုတာ တချို့က ငယ်ငယ်လေးထဲက မှတ်မိတယ်၊ ကိုယ်ဟာကိုယ် ပြန်ပြီးတော့ အဖြေထုတ်ကြည့် လူ့ဘဝ ရောက်လာတဲ့အခါကစပြီး ကိုယ့်ဘဝကိုယ် အောက်မေ့ကြည့်၊ ဘယ်အရွယ်ကဟာကို မှတ်မိသလဲ၊ ဘယ်အရွယ်က စပြီးတော့ ကိုယ်အသိတရား ဝင်လာသလဲ၊ မှတ်မိတဲ့စိတ် ဝင်လာသလဲဆိုတာ သတိထားမိလား။
ဘုန်းကြီးတော့ မှတ်မှတ်ရရ ၅-နှစ်အရွယ်လောက်မှ မှတ်မိတယ်၊ အရှေ့ပိုင်းကဟာတွေ တယ် မမှတ်မိတော့ဘူး၊ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်နေတဲ့အခါ ကျွဲညီနောင်ဆိုတဲ့ လေယျဉ်ပျံကြီး နှစ်စင်းဟာ ‘ဒက် ဒက် ဒက် ဒက်’ နဲ့ လျှောက်ပြီးတော့ စက်သေနတ်တွေနဲ့ ရမ်းတာ မှတ်မိတယ်၊ အဲဒီအချိန် ပြန်တွက်မယ်ဆိုရင်တော့ ၄-နှစ်၊ ၅-နှစ်သားပဲ ရှိသေးတယ်နော်၊ တောထဲမှာ ပုန်းရတာတွေ မှတ်မိတယ်၊ ဒါက မှတ်မိတာလေးတွေ ပြန်ပြီးတော့ ပြောတာနော်။
အဋ္ဌာကထာထဲမှာ မှတ်တမ်းတင်ထားတဲ့ ဆရာတော်ကြီး တစ်ပါးကတော့ ‘သူက ဖွားပြီးတဲ့နောက်မှာ ၉-ရက်သား အရွယ်မှာ သူ့မိခင်က ကုန်ပြီး နမ်းလိုက်တဲ့အခါ ဆံထုံးနဲ့ ပန်းကုံးကြီး သူ့ရင်ဘက်ပေါ် ပြုတ်ကျတာ မှတ်မိတယ်’ တဲ့၊ အဲဒီလောက်က စပြီးတော့ သူ မှတ်မိတယ်တဲ့။
ကဲ ကိုယ့်ဘာသာကိုယ် ကိုယ့်ဘဝ ဘယ်အချိန်က မှတ်မိလဲဆိုတာလေးတွေကို ရှာကြည့်လိုက်မယ်ဆိုရင် တစ်ယောက်နှင့်တစ်ယောက် တူကြမယ် မထင်ဘူးနော်၊ အဲဒီတော့ သတိစွမ်းအားချင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။

 သတိနှင့် သညာ
အဲဒီသတိက သညာနဲ့ တွဲထားတာ၊ “ထိရသညပဒဋ္ဌာနာ” ခိုင်မြဲတဲ့သညာက သတိကို စွမ်းအားထက်စေတယ်၊ ဒါကြောင့် သညာနဲ့တွဲရတယ်၊ သတိဆိုတာ ကောင်းတဲ့ဘက်မှာ အသုံးပြုရတယ်၊ သတိဆိုတာ အရေးပါတဲ့အရာ ဖြစ်သည့်အတွက်ကြောင့် မဂ္ဂင် ၈-ပါး ထဲမှာလည်း သတိပါတယ်၊ ဗောဇ္ဈင် ၇-ပါးထဲမှာလည်း သတိပါတယ်၊ သတိဆိုတာ အမြဲတမ်း လိုအပ်တယ်တဲ့၊ သတိမလိုအပ်တဲ့ အခါရယ်လို့ မရှိဘူး၊ ပညာဖြစ်ဖို့ ဆိုတာ သတိမပါရင် လုံးဝမဖြစ်နိုင်ဘူး။
သို့သော် သတိရဲ့စွမ်းဆောင်ချက်သည် အာရုံပေါ်မှာ စိတ်စိုက်ထားရုံမျှသာ ဖြစ်တယ်၊ သတိက သိနိုင်စွမ်းတော့ မရှိဘူး၊ သိတာက ပညာပဲ၊ ပူးပေါင်းပြီး အလုပ် လုပ်တဲ့ သဘောပေါ့၊ မျက်စိက ကြည့်ပေးတယ်၊ ခြေထောက်က လမ်းလျှောက်တယ် ဆိုတာလိုပဲ၊ စာအုပ်တစ်အုပ် ဖတ်တော့မယ်ဆိုရင် လက်က စာအုပ်ကို ဖွင့်ပေးတယ်၊ မျက်စိက စာအုပ်မှ မဖွင့်နိုင်ဘဲ၊  သူက ကြည့်ရုံ ကြည့်နိုင်တာ၊ မျက်စိနဲ့ လက်နဲ့ ပေါင်းပြီးတော့ စာအုပ်ဖတ်လို့ ရတာပေါ့၊ အဲဒီသဘောပဲ။

 သတိနှင့် ပညာ
သတိနဲ့ပညာ ပေါင်းပြီးတော့ သတိက မှတ်ချက်ကလေး တွေ ပေးတာကို ပညာက သိရတာ၊ သတိက မှတ်မပေးလို့ ရှိရင် ပညာက မသိနိုင်ဘူး၊ ဒီလိုပဲ ပူးပေါင်း ဆောင်ရွက်မှုသဘောလေး၊ သတိဟာ အရေးပါတဲ့ သဘာဝတရားတစ်ခု ဖြစ်တယ်၊ သူက တိုးတက် ကြီးထွားလာအောင် လုပ်လို့ရတယ်၊ သူ တိုးတက် ကြီးထွားလာလေလေ  အကုသိုလ်တရားတွေ နည်းလေလေပေါ့၊ သူ့ကို တိုးတက်ကြီးထွားအောင် လုပ်တဲ့နည်းတွေ မြတ်စွာဘုရားက မဟာသတိပဋ္ဌာန်သုတ် ဟောထားတယ်လေ၊ ကာယ ဆိုတဲ့ အာရုံပေါ်မှာ၊ ဝေဒါနာဆိုတဲ့ အတွေ့အကြုံပေါ်မှာ၊ စိတ္တလို့ဆိုတဲ့ စိတ်သဘော တွေပေါ်မှာ၊ ဓမ္မ လို့ဆိုတဲ့ ကျန်တဲ့ အနေအထားတွေပေါ်မှာ သတိကို မွေးမြူ လေ့ကျင့်ပေးရမယ်၊ သတိကို တည်ဆောက်ပြီးတော့ ပေးရမယ်။
‘စားရင် စားတယ်လို့ မှတ်၊ သွားရင် သွားတယ်လို့မှတ်’ ဆိုတာ သတိကို မွေးမြူနေတာ၊ လေ့ကျင့်ပေးနေတာ၊ အလကား မှတ်ခိုင်းတာ မဟုတ်ဘူးနော်၊ ဘုန်းကြီးတို့တစ်တွေ ဘယ်လောက်ထd သတိ ကင်းနေသလဲဆိုတာ စဉ်းစားကြည့်၊ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် ထိုင်နေလို့ရှိရင် စိတ်က ငါ ထိုင်နေတာပါလားလို့ မသိဘူး၊ တခြား တွေးနေတာပဲလေ၊ စိတ်က ဟိုးအတိတ်ရောက်ချင် ရောက်နေတယ်၊ နောက်တစ်ရက် အတွက် ရောက်ချင်ရောက်နေမယ်၊ ကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်ဆိုတာ စိတ်စိုက်မိတာ အင်မတန် ရှားတယ်။
ဒါကြောင့်မို့ ရိပ်သာတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို ပြတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို မှတ်မိအောင် ကြိုးစားပါ၊ ‘မှတ်ပါ မှတ်ပါ’ ဆိုတာ သတိ မွေးမြူတာပဲ၊ လုံလောက်တဲ့ သတိတစ်ခု ရလာလို့ရှိရင် သတိ အခြေခံနဲ့ နောက်က ပညာဉာဏ် လိုက်လာတယ်နော်၊ ဒါကြောင့်မို့ သတိဟာ အင်မတန် အရေးပါတဲ့ စိတ်ဖြူစင်မှုအတွက် အရေးပါတဲ့ အင်အားစုထဲမှာ အရေးပါဆုံး အရာတစ်ခုလို့ မှတ်ရမယ်၊ ဘုရားက “သတိံစ ခွါဟံ သဗ္ဗတ္ထိကံ ဝဒါမိ” သဗ္ဗတ္ထိက - အချိန်မရွေး လိုအပ်တာတော့ သတိပဲ၊ ခုန သဒ္ဓါဆိုတာ အချိန်မရွေး လိုအပ်တာ မဟုတ်ဘူး၊ သတိက အချိန်မရွေး လိုအပ်တယ်။

 ဟိရီ သြတ္တပ္ပ
နောက်တစ်ခုက ဟိရီ သြတ္တပ္ပ၊ ‘ဟိရီ’ ဆိုတာ ရှက်တာ၊ စက်ဆုပ်တာ၊ ‘သြတ္တပ္ပ’ ဆိုတာ ကြောက်လန့်တာ၊ ရှက်တယ် စက်ဆုပ်တယ် ဆိုတာ ဘာကို ပြောတာတုန်းဆိုရင် မဟုတ်တာ လုပ်ရမှာကို ရှက်တယ်၊ လိမ်ပြောရမှာကို ရှက်တယ်၊ မကောင်းတာ လုပ်ရမှာကို  ရှက်တယ်၊  လူ ရှိရှိ, မရှိရှိ ရှက်တဲ့လူက ရှက်တာပဲ၊ ဟိရီ ဆိုတာ ကိုယ့်ကိုယ်ကို ရှက်တာ၊ ကိုယ့်သိက္ခာကို လုံအောင် ထိန်းတယ်၊ မဟုတ်တာ လုပ်ရမှာ သိပ်ရှက်တယ်၊ မတော်တဆ လိမ်မိပြီးရင် ‘သြော်- ငါ လိမ်ထားတာပါလား’ လို့ ရှက်လို့ မဆုံးဘူး၊ ဟိရီ မရှိတဲ့ပုဂ္ဂိုလ်ကတော့ ရှက်ကို မရှက်ဘူးလေ၊ မျက်နှာပြောင် တိုက်တယ်၊ အဲဒါကျတော့ အဟိရီကလို့ ခေါ်တယ်။
ဒါကြောင့် ဟိရီဆိုတာ ရှက်တာ၊ ရှယ်တယ်ဆိုတာ ကိုယ့်ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းတာလို့ ပြောတာနော်၊ ငါလို လူက မဟုတ်တာ မလုပ်ဘူးဆိုပြီး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတယ်၊ ကိုယ့်အရည်သွေးကို ကိုယ် အားကိုးတယ်။
သြတ္တပ္ပ ဆိုတာ မကောင်းတာလုပ်ဖို့ ဟာအတွက်  လန့်တယ်၊ ကြောက်တယ်၊ သူ့ကျတော့ ဘာကို တွေးပြီး စိတ်ထိန်းတာတုန်းဆိုတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က သိမှာ သူကြောက်တယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရှေ့မှာ မျက်နှာမပြရဲမှာ ကြောက်တယ်၊ “ငါ ဒါတွေ လုပ်လို့ရှိရင် ငါ့အမေ ထိခိုက်မယ်၊  အဖေကို ထိခိုက်တယ်၊ ငါ့အမျိုး တွေ ထိခိုက်မယ်၊ ငါ့အမျိုးတွေ ထိခိုက်မယ်” လို့တွေးတယ်၊ သူက ဒီလို စဉ်းစားတာ။
ဟိရီ ကတော့ ဒီလို မဟုတ်ဘူး၊ “အို ငါ့အရည်အချင်းတွေ ထိခိုက်လိမ့်မယ်၊ငါလို လူတော်လူကောင်းတစ်ယောက် ဖြစ်ရဲ့သားနဲ့ အကုသိုလ်တွေလုပ်ရင် ငါ့ဂုဏ်ကို ထိခိုက်လိမ့်မယ်” လို့ တွေးတယ်၊ သြတ္တပ္ပကတော့ “ငါ့ပတ်ဝန်းကျင် ထိခိုက်လိမ့်မယ်” အတွေးချင်းကွာတယ်၊ အကုသိုလ်က ရှောင်တာချင်းကျတော့ အတူတူပဲ။ ဟိရီနဲ့ သြတ္တပ္ပ သိပ်အရေးကြီးတယ်။

 လောကပါလတရား
 မြတ်စွာဘုရားက လောကပါလတရား လို့ ဒီတရား ၂-ပါးကို ဟောတယ်၊ ဟိရီသြတ္တပ္ပက လူ့လောကကြီးကို ထိန်းသိမ်းစောင့်ရှောက် ပေးထားတာတဲ့၊ လူ့လောကမှာ ဟိရီ, သြတ္တပ္ပ မရှိတော့ဘူးဆိုရင် လူ့လောကကြီးဟာ တိရစ္ဆာန်လောကကြီးနဲ့ ရောထွေးသွားမယ်တဲ့၊ လူတွေက တိရစ္ဆာန်ထက် အဆင့်အတန်း မြင့်နေတာ ဟိရီ သြတ္တပ္ပကြောင့်လို့ ပြောတာ၊ 
လူတွေဟာ နေရာတိုင်းမှာ အဆင့်မြင်တယ်ချည်း မထင်နဲ့နော်၊ ငါးနဲ့ ရေပြိုင်ကူးရင် ဘယ်သူ ရှုံးမယ်ထင်တုန်း၊ လူတွေ ရှုံးတယ်၊ ငှက်နဲ့ကောင်းကင်ပျံ ပြိုင်မယ်ဆိုရင် လူ နိုင်ပါ့မလား၊ လူတွေ အများကြီးရှုံးတယ်၊ ဆင်တွေနဲ့ ပြိုင်ပြီးတော့ အားစမ်းကြမယ်ဆိုရင် ဘယ်သူရှုံးမလဲ၊ လူပဲ ရှုံးမှာပဲ၊ ဆင်လောက်လည်း အားမကောင်းဘူးနော်၊ တိရစ္ဆာန်တွေလောက်လည်း အပြေးမသန်ဘူး၊ ငါးတွေလောက်လည်း ရေမကူးနိုင်ဘူး၊ ဘယ်သူပြိုင်ကူးနိုင်မလဲ၊ လူချင်းသာ ပြိုင်လို့ ရတာ။
အခြား စွမ်းရည်သတ္တိတွေ ကြည့်လိုက်မယ် ဆိုလို့ရှိရင် လူရဲ့ အမြင်ကလည်း လင်းယုန်ငှက်ရဲ့ မျက်လုံးလောက် မစူးရှဘူး၊ လင်းယုန်ဆိုတာ ဟိုအမြင့်ကြီးက ကြည့်လို့ရှိရင် မြက်ကလေးတွေကြား မှာ မြွေသွားနေတာတို့ ကြွက်ကလေးတွေ သွားနေတာတို့ မြင်ရတယ်၊ သူ့မျက်လုံးက လူ့မျက်လုံးထက် သာတယ်၊ အဲဒီတော့ ဒီပြင် အတိုင်းအတာတွေအရဆိုရင် သူက ပိုသာတယ်၊ အနံ့ခံဆိုရင် လူရဲ့နှာခေါင်းက ပုရွက်ဆိတ် နှာခေါင်းလောက်တောင် အဆင်မပြေဘူးနော်၊ သူတို့ အကုန်သိတယ်၊ ဘာပဲ ထားထားရောက်လာပြီ။ အဲဒီတော့ စွမ်းရည် သတ္တိချင်း ပြိုင်ကြမယ်ဟေ့ သာမန်သတ္တိ ပြိုင်မယ်ဆိုရင် လူက တိရစ္ဆာန်တွေကို ရှုံးနေတာ အများကြီးပဲ၊ စဉ်းစားကြည့်။
အဲဒီတော့ လူက သူတို့ထက် သာတာတစ်ခုက ဘာတုံးဆိုလို့ရှိရင် အသိဉာဏ်ပဲ၊ အသိဉာဏ် ရှိသည့်အတွက်ကြောင့် တိရစ္ဆာန်တွေ အားလုံးအပေါ်မှာ လွှမ်းတက်သွာတယ်၊ လောကီလိုပြောရင်တော့ brain ပေါ့၊ ဥဏှောက်သာတာ၊ အဲဒီထက် နောက်တစ်ခု တော်တာက အဲဒီ ဟိရီ,သြတ္တပ္ပ၊ ဟိရီ,သြတ္တပ္ပရှိသည့် အတွက်ကြောင့် လူဟာ ဂုဏ်သိက္ခာ အပြည့်ရှိတယ်၊ ဟိရီ,သြတ္တပ္ပ မရှိရင် ဂုဏ်သိက္ခာမဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်သွားမယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက ‘လောကပါလ’ လူ့လောကကြီးကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ တရားတဲ့၊ နောက်ပြီးတော့ ‘သုက္ကမ္မ’ - လူတွေရဲ့ ဖြူစင်တဲ့ ကောင်းကျိုးချမ်းသာတွေ ရနေဖို့ အတွက်ဖြူစင်စေတဲ့ တရားလို့လည်း ဟောတယ်၊ နောက်တစ်ခုက ‘ဒေဝဓမ္မ’ တရားလို့လည်း ဟောတယ်။


** ဆက်ရန် **  {ဒေဝဓမ္မ၊ ဒေဓမ္မဇာတ်၊ဟိရိ သြတ္တပ္ပ }

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၃၁၀- ၃၁၈)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

အမှတ်စဉ်(၅၉) {ဒဿနမူလိကာ သဒ္ဓါ၊ ပညာမဲ့ သဒ္ဓါ၊ စိတ်ကြည်မှု၊ ခိုင်မာတဲ့ သဒ္ဓါ၊ သဒ္ဓါရှိသူရဲ့ စိတ်ထား၊ ဘာသာခြားတို့ရဲ့ ယုံကြည်မှု }



ဒဿနမူလိကာ သဒ္ဓါ
နောက်တစ်ခုက ဒဿနမူလိကာ သဒ္ဓါ၊ ကိုယ်တိုင်သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ၊ ဘယ်သူ ပြောလို့မှ လက်ခံစရာ အကြောင်းမရှိတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊ ကိုယ်တိုင် မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။
ဥပမာ ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက် ရှိနေပြီ၊ ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ သိတယ်၊ ဘယ်နားမှာလဲ ဆိုတာလည်း သိတယ်၊ ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား ကြားတော့ ကြားဖူးတယ်၊ ဘယ်နားမှန်း မသိဘူး၊ ပုံထဲတော့ မြင်ဖူးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် တူရဲ့လား၊ ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ၊ ဟိုလူက အကြားနဲ့ လက်ခံတာ၊ ဒဿနမူလိကာဆိုတာ အမြင်ကို အခြေခံပြီးတော့ လက်ခံတာ၊ မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလွဲပစ်လို့ မရဘူး။

အမှတ်စဉ်(၅၈){သောဘဏစေတသိက်၊ သဒ္ဓါ၊ အာကာရဝတီ သဒ္ဓါ}


အခန်း (၇)
စိတ်ဖြူစင်မှု အင်အားစုများ
အပိုင်း(၁)

စိတ်မှာ အညစ်အကြေးတွေ ရောက်နေ့လို့ရှိရင် ဟောဒီ အင်အားစုတွေက စိတ်ကို ဖြူစင်စေနိုင်တယ်၊ စိတ်ဖြူစင်စေတဲ့ အကြောင်းတရားများကို မိမိသန္တာန်မှာ ထူထောင်ပေးခြင်းဖြင့် စိတ်ရဲ့ အညစ်အကြေးတွေ ကင်းစင်သွားနိုင်ပါတယ်၊ ဒီ အင်အားစုတွေဟာလည်း  ယှဉ်ဘက်စိတ်တွေရဲ့ အခြေအနေအလိုက် စွမ်းရည်သတ္တိဟာ အဆင့်ဆင့်ရှိတယ်လို့ သဘောပေါက်ထားရမယ်။
ဆိုပါစို့၊ ဖြူစင်စေတဲ့ အင်အားစုတွေထဲမှာ အလောဘဆိုတဲ့ သဘာဝတရားက လောဘကို ပယ်ဖျောက်နိုင်တယ်ဆိုတဲ့ နေရာမှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်ဖို့ရာက ထိုအလောဘသည် ဘယ်စိတ်မှာ ယှဉ်တဲ့ အလောဘလည်း ဆိုတာ ကို ကြည့်ရမယ်။

အမှတ်စဉ်(၅၆) {ဒိဋ္ဌိနဲ့မာန အတူမဖြစ်၊ ဣဿာ၊ မစ္ဆရိယ၊ မစ္ဆရိယ ၅-မျိုး၊ ကုက္ကုစ္စ၊ ထိနနဲ့ မိဒ္ဓ}



ဒိဋ္ဌိနဲ့မာန အတူမဖြစ်
လောဘရယ်, ဒိဋ္ဌိရယ်, မာနရယ်ဟာ လောဘမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်ကြတယ်တဲ့၊ အယူမှားတဲ့ ဒိဋ္ဌိနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနတို့ဟာ တူတူယှဉ်တွဲပြီး မဖြစ်ကြဘူး၊ ဘာ့ကြောင့် ယှဉ်တွဲပြီး မဖြစ်တာတုံးဆိုလို့ရှိရင် အာရုံချင်း မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ အခြေခံ ဝတ္ထုချင်း မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ “အခြေခံဝတ္ထုချင်းတူရမယ်၊ အာရုံချင်းတူရမယ်၊ တပြိုင်နက် ဖြစ်ရမယ်၊ တပြိုင်နက် ဖြစ်ရမယ်၊ တပြိုင်နက် ချုပ်ရမယ်၊”  ဒါမှ ယှဉ်တယ်၊ associoation ဆိုတာ ဒါမှ တစ်ခုတည်းလို့ ဖြစ်ရမယ်၊ သို့သော် မာနနဲ့ဒိဋ္ဌိက သူ့ရဲ့ အယူအဆ philosophy ကို အာရုံပြုတယ်ဆိုတော့ သူတို့ နှစ်ခုမှာ အာရုံချင်း မတူကြဘူး။

အမှတ်စဉ်(၅၅) {ဒိဋ္ဌိ၊ မာန၊ သူတောင်းစားမာန၊ အကောင်းအဆိုး၊ မထားသင့်တဲ့မာန၊ မာနခံလျှင် တရားမရ}


 
ဒိဋ္ဌိ
နောက် လောဘမူစိတ် ဖြစ်တဲ့အခါမှာ လောဘသန့်သန့် ဖြစ်တာရှိတယ်၊ တစ်ခါတစ်ရံ လောဘနဲ့ ယှဉ်တွဲပြီး ဘာပေါ်လာတက်သေးတုန်းဆို မှားယွင်းတဲ့ အယူအဆတစ်ရပ် ပေါ်လာတက်သေးတယ်၊ အဲဒါကို ‘ဒိဋ္ဌိ’ လို့ ခေါ်တယ်၊ ခုခေတ်ကတော့ Philisophy ခေါ်မှာပေါ့၊ မှားယွင်းတဲ့ အယူအဆတွေ အားလုံးဟာ လောဘနဲ့ ယှဉ်တွဲပြီး ဖြစ်လာကြတာ၊ မောဟနဲ့ သာ ယှဉ်တွဲတာ မဟုတ်ဘူးနော်၊ လောဘနဲ့ ယှဉ်တွဲလာတာ။ ဘာဖြစ်လို့ ဒီ ဒိဋ္ဌိဆိုတဲ့  အတွေးအခေါ်တွေဟာ လောဘနဲ့ ယှဉ်တွဲရတာတုန်းဆို နည်းနည်း စဉ်းစားကြည့်။ အမှန်မသိလို့ အယူမှားတာလို့ ပြောကောင်း ပြောကြလိမ့်မယ်၊ သို့သော် အယူမှားမှု မှန်သမျှသည် လောဘကို အခြေခံတယ်၊ ဘာကြောင့် အခြေခံတုန်းဆို လူတွေက ကိုယ့်ကိုယ်ကို ချစ်တာကိုး၊ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါကျတော့ ကိုယ့်ရဲ့  အန္တရာယ်ကင်းမှု ထာဝရ ရှန်သန်မှုကို ရှာလာကြတယ်၊ selfish ဖြစ်လာတာပေါ့နော်၊ အဲဒီ ကိုယ်ကိုယ်ကို လုံခြုံ စိတ်ချရဖို့ဆိုတဲ့ လောဘအတွေးက အယူမှားမှုကို ပေါ်ပေါက် စေတက်တယ်။

အမှတ်စဉ်(၅၄) {မောဟ၊ အကုသိုလ်ဖြစ်တိုင်း၊ လောဘ ဒေါသ မောဟတို့ရဲ့ ဖြေဆေး၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ}



မောဟ
နောက်တစ်ခုက မောဟ၊ မောဟ ဆိုတာ မြန်မာလို တွေဝေတယ်လို့ ဘာသာပြန်တယ်၊ တွေဝေနေတယ်လို့ဆိုရင် ဘာမှ မသိဘူးလို့ ထင်ကောင်း ထင်လိမ့်မယ် မဟုတ်ဘူး၊ သူက တလွဲသိနေတယ်၊ အာရုံရဲ့ အစစ်အမှန်သဘောကို ဖုံးကွယ်ထားပြီး အမှားကို သိနေတယ်၊ ဖုံးကွယ်ထားတယ်ဆိုတာ ဒီမောဟကြောင့် အမှန်မမြင်ဘူးလို့ ပြောတာနော်၊ မောဟက အာရုံရဲ့ အစစ်အမှန်သဘောကို မသိဘဲနဲ့ တလွဲ သိနေတယ်တဲ့၊  

အမှတ်စဉ်(၅၃){လောဘမူလစိတ် ၈-မျိုးဖြစ်ပုံ၊ ဒေါသ၊ ဒေါသမီး၊ မြွေဟောက်လို၊ အပြစ်ကြီးပေမယ့်၊ ဒေါသရဲ့ အပြစ်၊ ဒေါသမူစိတ် ၂-မျိုးဖြစ်ပုံ}



လောဘမူလစိတ် ၈-မျိုးဖြစ်ပုံ
ဒီ လောဘလေးဟာ စိတ် ၈-မျိုးမှာ ယှဉ်တယ်၊ လောဘအခြေခံတဲ့စိတ်က ၈-ခု ရှိတယ်၊ သို့သော် အခြေအနေလေးတွေက တစ်ခါတစ်ခါ မတူတက်တာရှိလို့ ၈-မျိုး ခွဲလိုက်တာ၊ လောဘနဲ့ ယှဉ်တဲ့ စိတ်ကို ၈-မျိုးခွဲတာ စိတ်ပိုင်းတုန်းက မပြောခဲ့ဘူး၊  အခု သိသာရုံလေး ပြောမယ်။
တစ်ခါတစ်ရံ လောဘဖြစ်တာဟာ အယူအဆ မှားတာလေးကို အခြေခံပြီး ဖြစ်တာရှိတယ်၊ အယူအဆ မှားတာကို အခြေမခံဘဲနဲ့ ဖြစ်တာရှိတယ်၊ စာလိုပြောရင် ‘ဒိဋ္ဌိဂတသမ္ပယုတ် နဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ်’ ပေါ့၊ အမှားကို အခြေခံတာနဲ့ အမှားကို အခြေခံတာ မဟုတ်ဘူးဆိုတဲ့ ၂-မျိုး ခွဲလိုက်မယ်။

အမှတ်စဉ်(၅၂) {မျောက်ဖမ်းတဲ့ ကော်စေးနဲ့တူပုံ၊ အပြစ်နည်းပေမယ့်၊ ဟေတုသတ္တိ} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)


 မျောက်ဖမ်းတဲ့ ကော်စေးနဲ့တူပုံ

          လောဘဟာ အာရုံနဲ့ စိတ်ကို ကပ်ပေးထားတယ်၊ တွယ်ပေးထားတယ်၊ ကော်များလိုပဲ စိတ်ဟာ အာရုံနဲ့ တွယ်ကပ်နေအောင် မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေအောင် အာရုံနဲ့စိတ်ကို မခွါနိုင်အောင် တွယ်ကပ်ပေးထားတဲ့သဘော၊ စာပေကျမ်းဂန်များမှာ ဘာနဲ့ ဥပမာပေးထားတာတုန်းဆိုတော့ - “မက္ကဋာလေပ” တဲ့၊ မက္ကဋ - ဆိုတာ မျောက်၊ အာလေပ- ဆိုတာ ကော်စေးကိုပြောတာ၊ မက္ကဋာလေပ - မျောက်ဖမ်းတဲ့ ကော်စေးလို့၊ ခုခေတ် Super Glue လိုပေါ့၊ မျောက်နှဲစေးလို့ ခေါ်တယ်။

အမှတ်စဉ်(၅၁) {စိတ်အညစ်အကြေးလျှော်နည်း၊ လောဘ၊ ရာဂတဏှာ၊ စိတ်ကိုအရောင်ဆိုးခြင်း} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)


 
အခန်း (၆)

စိတ်၏ အညစ်အကြေးများ


          ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရ နိကာယ်မှာ “ပဘဿရ မိဒံ ဘိက္ခဝေ စိတံ္တ” စိတ်ကလေးဟာ ဖြူစင် ဝင်းလက်နေတယ်လို့ ဟောတော်မူတယ်၊ တင်စားပြီးသုံးတဲ့ အသုံးနော်၊ လူတွေလည်း ပြောကြတယ် မဟုတ်လား၊ အသံဆိုတာ မြင်ရတာလား၊ ကြားရတာလား၊ ကြားရတာနော်၊ ဒါပေမယ့် မပြောကြဘူးလား၊ အသံနက်ကြီးနဲ့တဲ့၊ အသံပြာကြီးနဲ့တဲ့၊ အသံဝါကြီးနဲ့တဲ့၊ ဘယ်လိုလုပ်ပြီး အပြာတွေ အဝါတွေ မြင်ကြလဲ၊ ပြောတယ် မဟုတ်လား၊ အေး ဒီမှာလည်းပဲ မြတ်စွာဘုရားက “ပဘဿရ မိဒံ ဘိက္ခဝေ စိတံ္တ” စိတ်ကလေးဟာ ဖြူစင်ပြီး ဝင်းလက်နေတာ၊  ပဘဿရ ဆိုတာ ပဘာ- အရောင်အဝါတွေ၊ သရ-ထွက်နေတယ်လို့ ဒီလိုပြောတာ၊ ဖြူစင်တယ်၊ စင်ကြယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာပါနော်။

“ပဘဿရ မိဒံ ဘိက္ခဝေ စိတံ္တ၊ တဉ္စ ခေါ အာဂန္တု ကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ” ။

        အခုလို ပါဠိတွေ နည်းနည်းပါးပါး ရွက်ရတာ  တခြားမဟုတ်ဘူး၊ မြတ်စွာဘုရား ဟောခဲ့တယ်ဆိုတာ သက်သေပြဖို့ အတွက်နော်၊ ဘုရားက ဒီလို ဟောခဲ့တာ။

အမှတ်စဉ်(၅၀) {ဝိစာရ၊ ဝိတက်နှင့် ဝိစာရအထူး၊ ပီတိ၊ ပီတိရဲ့ စွမ်းဆောင်မှု၊ အဓိမောက္ခ၊ ဝိရိယ၊ ဆန္ဒ} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



ဝိစာရ

          ဝိစာရဆိုတာ ဘာလဲ၊ ဝိတက်က ကြံစည်တာ၊ စိတ်ကူးတာ၊ ဝိစာရဆိုတဲ့ သဘောက သုံးသပ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ သုံးသပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က မထင်ရှားပြန်ဘူး၊ ဝိစာရက ဘာလုပ်တာတုံးဆိုတော့ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးတာ၊ တင်ပေးထားပေးတဲ့အတိုင်း စိတ်နဲ့အာရုံ ကွာမသွားအောင် ဝိစာရက ထိန်းပေးတာလို့ ပြောတယ်၊ တင်တော့ တင်လိုက်တယ်။ သို့သော် စိတ်က အာရုံနဲ့ ကွာထွက် သွားတက်တယ်၊ အဲဒီလို ကွာမသွားအောင် စိတ်ကို အာရုံနဲ့ ယှဉ်တွဲပြီးတော့ သူက ရစ်ဝဲပေးနေတာ၊ အဲဒါ ဝိစာရပဲ၊ သူကလည်း ဝိတက်လိုပဲ အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်တယ်ပေါ့။

အမှတ်စဉ်(၄၉) {ပကိဏ္ဏကစေတသိက် ၆-ခု၊ ဝိတက္က၊ မှားတဲ့အတွေး ၃-မျိုး၊ မှန်ကန်တဲ့အတွေး၊ ဝိတက်ရဲ့စွမ်းအား၊ ဝိတက်ကို လျှော့နည်း}



ပကိဏ္ဏကစေတသိက် ၆-ခု

          စိတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူတက်ဘူး၊ ခုနက အာဝဇ္ဇန်းဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကျတော့ စက္ခုဝိညာဏ်ထက် စေတသိက် ပိုတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းအစရှိတဲ့ စိတ်တွေမှာ စေတသိက်တွေ ပိုလာတယ်၊ ပကိဏ္ဏကစေတသိက်တွေ ပါလာတယ်၊ ပကိဏ္ဏကစေတသိက်က ၆-မျိုးရှိတယ်၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ။

ဝိတက္က

          အချို့ စိတ်တွေမှာ တစ်ခါတစ်ရံမှ ပါတဲ့ ပကိဏ္ဏက စေတသိက် ၆-ခုထဲက ဝိတက္က တဲ့၊ ဝိတက္ကဆိုတာ မြန်မာတွေက ဝိတက် ဝိတက်နဲ့ ခေါ်တဲ့အရာ၊ အင်္ဂလိပ်လို ပြန်တော့ Thouht စိတ်ကူးတယ်၊ ကြံစည်တယ်တဲ့၊ စိတ်ကူးတယ်၊ ကြံစည်တယ်ဆိုတာ ဘာလုပ်တာတုံးလို့ မေးရင် ဘယ်လိုပြောမလဲ၊ ဘယ်လို ထပ်ရှင်းမတုံး။

အမှတ်စဉ်(၄၈) {ဧကဂ္ဂတာ ဖြစ်ပုံ၊ မနသိကာရဖြစ်ပုံ၊ စိတ်နဲ့စေတသိက် ပေါင်းစပ်ဆောင်ရွက်ပုံ၊ စက္ခုဝိညာဏ်စိတ်နှင့် စေတိသိက်}



ဧကဂ္ဂတာ ဖြစ်ပုံ

          ဧကဂ္ဂတာဆိုတာ “ဧက ဆိုတာ တစ်၊ အဂ္ဂ ဆိုတာ ဒီနေရာမှာ အာရုံကို ရည်ညွန်းတဲ့ ဦးတည်ချက်တစ်ခု၊ တာ ဆိုတာ သဘာဝပဲ၊” အာရုံတစ်ခုတည်းကို ဦးတည်ထားတယ်။ ဒါ သမာဓိကို ပြောတာနော်၊  ဦးတည်ချက်တစ်ခုတည်း ရောက်လာအောင် စုစည်းပေးတာ၊

          ဖဿရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ ဝေဒနာရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ စိတ်ရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်၊ စေတနာရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်လို့ ဦးတည်ချက်တွေ အကုန်လုံး စုပေးတယ်၊ အာရုံတစ်ခုတည်းကို အားလုံး စုစည်းပေးလိုက်တာ၊ ဧကဂ္ဂတာ၊ ဒါက သမာဓိတရားရဲ့ Source အခြေခံရားပဲ။

အမှတ်စဉ်(၄၇) {သညာဝိပ္ပလ္လာသ၊ အကောင်းအဆိုးဟာ အထင်နဲ့သာ၊ သညာကိုပြောင်းထားခြင်း၊ စေတနာဖြစ်ပုံ}


 
သညာဝိပ္ပလ္လာသ
         သညာဝိပ္ပလ္လာသ - သညာရဲ့ လွဲမှားမှုတွေ အများကြီးရှိတယ်၊ အဲဒီ လွဲများမှုမဖြစ်အောင် မြတ်စွာဘုရားက အသုဘသညာတို့၊ အနိစ္စသညာတို့၊ ဒုက္ခသညာတို့ဆိုတာ စိတ်ထဲမှာ စွဲနေအောင် လုပ်ခိုင်းထားတာ။ မမြဲဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား၊ မလှဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား။

          ရွံစရာတွေ တွေးပြီးတော့ ဟုတ်ရဲ့လား၊ အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာတွေ စွဲနေအောင် လုပ်ထားဆိုတဲ့ သညာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါက ဘာဖြစ်လို့တုန်းဆိုရင် ဒီသညာက သူက မှတ်တာ၊ မှတ်တဲ့အတိုင်းပဲ သိတက်တယ်။

အမှတ်စဉ်(၄၆) {ဖဿဖြစ်ပုံ၊ ဝေဒနာဖြစ်ပုံ၊ သညာဖြစ်ပုံ } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)


 
ဖဿဖြစ်ပုံ

                   (၁) ဖဿဆိုတဲ့ သဘာဝတရားဟာ မြတ်စွာဘုရား ကိုယ်တိုင်က စိတ်ပေါ်လာမှ ပေါ်တယ်ဆိုတာ ဟောတော်မူထားတယ်။
                   
                    စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ။
                   စက္ခုံစ- စက္ခုပသာဒရုပ်ကိုလည်းကောင်း၊ (စက္ခုပသာဒရုပ်ဆိုတာက ကံက ဖန်တီးပေးထားတယ်၊ ကံကြောင့် ဖြစ်လာတဲ့ ရုပ်တစ်ခု၊) ရူပေ စ- စက္ခုပသာဒရုပ်ပေါ်မှာ ထင်လာတဲ့အဆင်း ရူပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ- အစွဲပြု၍၊ စက္ခုဝိညာဏံ- မြင်သိစိတ်ကလေးသည် (၀ါ) စက္ခုပသာဒရုပ်ပေါ်မှာ အမှီပြုပြီးတော့ ပေါ်လာတဲ့ စိတ်ကလေးသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရ၏။

                   စိတ်ကလေး ဖြစ်ပုံကို ဟောဒီ ပါဠိတော်က ဟောထားတာ၊ ဒါ ကိုယ်တိုင် နားလည်လို့ ရတာပဲ၊ ကိုယ့်မှာ မျက်စိရှိတယ်၊ မျက်စိရှိတော့ ပြင်ပက မြင်စရာအာရုံက မျက်စိမှာ လာတိုက်တယ်၊ တိုက်လိုက်တဲ့အတွက်ကြောင့် မြင်သိစိတ်ကလေး ပေါ်လာတယ်၊ မျက်စိဖွင့်ထားလို့၊ မျက်စိကို အာရုံလာထိမှ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုတာ လေ့လာကြည့်၊ ကိုယ့်ဟာကိုယ် မျက်လုံးလေး ဖွင့်လိုက်တာ၊ ကြည့်လိုက်တာနဲ့၊ ကိုယ့်ရှေ့မှာ မြစ်စရာတွေ မဟုတ်ဘူး၊ ဟိုဟာလေး မြင်လိုက်၊ ဒါလေး မြင်လိုက်၊ သိပ်မြန်လွန်းအားကြီးတော့ တစ်ခါတည်း အကုန်မြင်တယ် ထင်နတာနော်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated