@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 19 January 2015

* လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

        စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်

မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံး
မှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း ” စသည်ဖြင့် စိန္တာ
မဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။
       “  စိန္တာမဏိဂါထာတော် ”
 ၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၁။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဗုဒ္ဓံ= ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ= ဘုရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
        စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဓမ္မံ=တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ= တရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ သံဃံ= သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ= သံဃာတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
         ဤစိန္တာမဏိဂါထာကို ရွတ်ဖတ်ပူဇော်လေ့ ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကို ကြို
တင်သိရှိနိုင်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်မည် ဖြစ်ပေသည်။ သို့သော် အထက်ဖေါ်ပြပါနှင့် ပြည့်စုံလာလိမ့်မည်ဟု မျှော်လင့်ချက် အရင်းခံလျက် မပူဇော်သင့်
ပါ။ “စန္တာမဏိဂါထာတော်ကို ရွတ်ဖတ်ပူဇော်မည်ဆိုလျှင် အမျှော်ကင်းစင်သင့်ပါသည်။”  ဟုတ်၊
မဟုတ်၊ မှန် မမှန် မိမိကိုယ်တိုင် ကြိုးစားရွက်ဖတ်ပူဇော်ခြင်းဖြင့် ကုသိုလ်ပွားများကာ နိဗ္ဗာန်ချမ်း
သာကို ရရောက်နိုင်တဲ့ သူတော်ကောင်း သူတော်မြတ်တို့ ဖြစ်ကြပါစေ ကုန်သတည်း။
  {နှစ်ဖက်လှဦးကျော်လွင်၏ ဗုဒ္ဓဘာသာလူထက်လူနှင့် မင်းနန်(မော်ကျွန်း)၏ သြ၀ါဒပေါင်း
   ချုပ်ကို ကိုးကားရေးသားပါသည်။ }
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------
  “ ရေချိုးပေးပါ ”
   ==========
*  အမိဝမ်းမှ ကျွတ်လွတ်စတွင်
    ငါ့ရုပ်ခန္ဓာ၊ မသန့်ပါ၍
    ဦးစွာပထမ၊ ရေချိုးရ၏။
*  ထိုမှတစ်ဆင့်
    ကြီးရင့်၍လာ၊ ဤချိန်ခါထိ
    ငါသည် ရေချိုးနေရဆဲ။
*  ဤမျှမပြီး၊ ဇရာစီး၍
    ခရီးလမ်းဆုံး၊ အသက်သုဉ်းလျှင်
    နောက်ဆုံး ရေချိုးရဦးမည်။
*  သြော်......
    ငါ့ရုပ်ခန္ဓာ၊ အဖြေရှာ၍
    သေချာစေ့ငု၊ သတိပြုမှ
    အသုဘကြီး ပါတကား။ ။
    {အသျှင်ပ၀ရ(ရန်ကင်းတောင်) }

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated