@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 19 January 2015

* ရှင်သီဝလိမထေမြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။

       ရှင်သီဝလိ မထေမြတကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဧတဒဂ်ရ  ရဟန္တာအရှင်မြတ်ကြီးဖြစ်
တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှပါ၏။ ဆန်းကြယ်
လွန်းလှပါ၏။ ဘုရားရှင် ကိုယ်တော်တိုင်က သီဝလိသတိုးသားငယ်အား ရှင်သာမဏေအဖြစ် သွတ်
သွင်းချီးမြင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေးပါ၏။ ယင်းသို့ ဆံချပေးရာ ခေါင်း
မှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်ဝက်ကျန်သောအ
ခါ သကဒါဂါမိမဂ်ရ၏။ ဆံချပြီးစီးသွားသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်သွားပါသည်။
         ရှင်သီဝလိ အရှင်မြတ်ကြီးကို ကိုးကွယ်သူများသည် အရှင်မြတ်ကြီး၏ အံ့သြစရာကောင်း
သော တရားထူးရပုံကို သိရှိကြည်ညို နှလုံးသွင်းတတ်ဖို့ လိုပါသည်။ အရှင်မြတ်ကြီး၏ ဘ၀ပေါင်း
များစွာ ပြုခဲ့သော ကုသိုလ်ကောင်းမှုကို အာရုံသက်ဝင် ကြည်ညိုတတ်ဖို့ လိုပါသည်။ လာဘ်လာဘ
အရာ၌ အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဆု ရတော်မူသော ရှင်သီဝလိ ရဟန္တာမြတ်ကြီးကို ကိုးကွယ်
သောကြောင့် မိမိတို့လည်း လာဘ်လာဘတွေ ပေါပေါများများ ရလိမ့်မည်ဟူသော လောဘအရင်း
ခံလျက်မူ မကိုးကွယ်သင့်ပါ။ ရှင်သီဝလိ ရဟန္တာမြတ်ကြီးကို ကိုးကွယ်မည်ဆိုလျှင် အမျှော်ကင်းစင်
သင့်ပါသည်။ ပကတိ ရိုးသားသန့်စင်သော ကြည်ညိုစိတ် အရင်းခံ ထားအပ်ပါသည်။
         အချို့သော ဗုဒ္ဓဘာသာဝင်များသည် ရှင်သီဝလိ ပုံတော်ကို ပြောနိုင်ရုံ၊ သေးသေးမွှားမွှား
အရုပ်ကလေး ထုလုပ်ပြီး ပုလင်းထဲထည့်ကာ အဆောင်အဖြစ် သွားလာတိုင်း ပင့်ယူတတ်ကြပါ၏။
ဘုရား၊ တရား၊ သံဃာတည်းဟူသော ကိုးကွယ်ရာ ရတနာအဖြစ်ထက် လာဘ်လာဘ ပေါများစေ
နိုင်သော အဆောင်သဖွယ် ထားလျက်ရှိနေကြပါသည်။ ယင်းအပြုအမူသည် သာသနာတော်မြတ်
တွင် ဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်ချီးမြောက်တော်မူသော ရဟန္တာမြတ်ကြီး
ကို မရိုမသေရာ ရောက်ပါသည်။ မလေးစားရာရောက်ပါသည်။
         ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ အပြုအမူများ ပြန်ပြင်နိုင်စေရန် မဟာဓမ္မကထိက ဗဟုဇနဟိတ
ဓရ မိုးတားကျောင်းတိုက် ဆရာတော်က ဤသို့ သတိပေးပြုပြင် ဆုံးမတော်မူသည်မှာ...........
  “ ကျုပ်တို့ ရှင်သီဝလိ အရှင်မြတ်ကြီးဟာ မယ်တော်ဝမ်းကြာတိုက်မှာ ခုနှစ်နှစ်နဲ့ ခုနှစ်ရက်တိတိ
ပဋိသန္ဓေနေရခြင်း ကျဉ်းကျဉ်းကျပ် ခံစားခဲ့ရတယ်။ အရှင်မြတ်ကြီးဟာ ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန်
ပြုပြီး ဒီနေ့အထိ အဲဒီဝဋ်ကြွေးက မကုန်သေးဘူး ထင်ပါရဲ့ဗျာ။ ပရိသတ် မြင်ဖူးတယ် မဟုတ်လား။
လက်တစ်ဆစ်လောက်ရှိတဲ့ ပုလင်းသေးသေးလေးတွေထဲ ရှင်သီဝလိရုပ်ဆိုပြီး အပေါ်ကအလုံပိတ်၊
ဟိုဆွဲ ဒီဆွဲ လုပ်နေကြတာလေ။ ဒါမျိုးမလုပ်ကောင်းပါဘူးပရိသတ်။ မလုပ်အပ်ဘူး။ ရှင်သီဝလိဆို
တာ အလွန်ပါရမီထူးတဲ့ ရဟန္တာပုဂ္ဂိုလ်ကြီးပါ။ ကြည်ညိုလို့ပဲ ဖြစ်ဖြစ်၊ လာဘ်ပေါများအောင်ပဲဖြစ်
ဖြစ် ကိုးကွယ်ချင်သပဆိုရင် ကိုးကွယ်လို့ ရပါတယ်။ ကိုးကွယ်ကောင်းပါတယ်။ ကိုးကွယ်ကြပါ။
ဘုရားကျောင်းဆောင်ထဲမှာပဲ မြတ်စွာဘုရားအောက် တစ်ဆင့်နိမ့်ပြီး သူ့ကျောင်းဆောင်ကလေး
နဲ့  သူ့ရုပ်လက္ခဏာကိုလည်း ပီပီပြင်ပြင် ထင်ထင်ရှားရှား ကြည်ညိုစဖွယ်ဖြစ်အောင် ထုလုပ်ကိုး
ကွယ်ကြပါ။ ”လို့  မိန့်မှာကြားတော်မူပါသည်။
        သူတော်စင်အပေါင်းကလည်း ကိုးကွယ်အပ်သည့် ရတနာဟု သဘောပေါက်နားလည်ကြပြီး
ကိုးကွယ်ကြပါလို့ တိုက်တွန်းရင်း ချမ်းသာမျိုးစုံ ခံစားစံစားနိုင်ကြပါစေကုန်သတည်း။ ။
 { မင်းနန်(မော်ကျွန်း)၏ သြ၀ါဒတော်များကို ကိုးကားရေးသားပါသည်။ }
     “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated