@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 19 January 2015

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး       = ဒွါရငါးပါး ပိတ်ထားရမည်။
၅။ ရှေ့      = မိမိရှေ့ မနီးမဝေး၌ ဗောဓိပင်နှင့် မြတ်စွာဘုရား ထင်ရှားရှိပုံကို နှလုံးသွင်းရမည်။
၆။ မြဲ        = သက်တော်ထင်ရှား မြတ်စွာဘုရားကို စွဲစွဲမြဲမြဲ နှလုံးသွင်းရမည်။
၇။ ပွား      = သက်တော်ထင်ရှား မြတ်စွာဘုရားကို ကြည့်၍ အရဟံ အရဟံ စသည်ဖြင့် ဂုဏ်
တော်ကို ပွားရမည်တို့ ဖြစ်ပါတယ်။ (စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်နည်း)
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}

ဇာတာရက်ချုပ်


ဗေဒင်ယုံကြည်မှု လောင်ရိပ်အောက်တွင် ကျရောက်နေသောသူများသည်
ကလေးတစ်ယောက် ဖွားမြောက်လာသော်
"ဇာတာရက်ချုပ်" ပြုလုပ်တတ်ကြသည်မှာ အစဉ်အလာဖြစ်ခဲ့ပါသည်။
လူမှန်သမျှ "ဇာတာရက်ချုပ်" ရှိရမည်။
ဇာတာရက်ချုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဟူ၍လည်း "အယူသီး" တတ်ကြပါ၏။
ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို အစဉ်တစိုက် ဆန့်ကျင်ဖီလာလုပ်ခဲ့သော
ဗြဟ္မဏ ပုဏ္ဏားတို့၏ မှိုင်းမိထားရခြင်းဖြစ်ပါ၏။
      ကောင်းပြီ။

အသုဘပွဲတွင် ရေအိုးခွဲခြင်း


တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ နေရာဒေသအလိုက်
ဆောင်ရွက်ကြသော "ဒုမင်္ဂလာဆိုင်ရာ" ဓလေ့ထုံးစံများကား များပြားလှ၏။
ယင်းဓလေ့ထုံးစံများထဲတွင် "အသုဘပွဲတွင် ရေအိုးခွဲခြင်းအလေ့" လည်းပါဝင်ပါသည်။

သက်မဲ့ခန္ဓာကိုယ်ကို အိမ်မှထုတ်ဆောင်သောအခါ
တစ်ပါတည်းယူဆောင်လာသော ရေအိုးကို ရိုက်ခွဲရ၏။
ယင်းသို့ရိုက်ခွဲရာ၌ ရေအိုးကွဲဖို့ အရေးကြီး၏ဟု ယုံကြည်ကြသည်၏ အချို့သည်
ရေအိုးကို ရိုက်ခွဲရာ၌ ပထမအကြိမ်တွင် မကွဲသော် ဒုတိယအကြိမ်ရိုက်ခွဲရ၏။
ယင်းသို့ပထမအကြိမ်တွင် ရေအိုးမကွဲသောအခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်လျှင်
ဗေဒင်ဆရာ နတ်ကတော်ဆရာထံ ချဉ်းကပ်မေးမြန်းပြီး ယတြာချေကြသူတွေပင် ရှိ၏။
ကောင်းပြီ။

ဣနြေ္ဒ ၅ ပါး။

၁။ သိဒ္ဓိနြေ္ဒ   = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ  = သတိဖြင့် စိတ်ကို အစိုးရခြင်း။

၎။ သမာဓိနြေ္ဒ= သမာဓိဖြင့် စိတ်ကို အစိုးရခြင်း။
၅။ ပညိနြေ္ဒ   = ပညာဖြင့် စိတ်ကို အစိုးရခြင်းတို ဖြစ်ပါတယ်။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ




၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

ဘုရားရှစ်ခိုးတိုင်းရွတ်နေကြပါဘဲ( လူငယ်များအတွက်)

 
အပါယ်လေးပါးဆိုသည်ကား။
၁။ ငရဲ                   …….. ချမ်းသာ အနည်းငယ်မရှိပဲ ၊ မီးတောက် မီးလျှံ ဓါးလှံ စက်တို့၌ ခံရခြင်းကို ငရဲဟု ခေါ်ပါသည်။
၂။ တိရစ္ဆာန်            …….. တရားကို မသိ ၊ စားခြင်း အိပ်ခြင်း မေထုန်မှီဝဲခြင်းကိုသာသိသော ၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ                …….. ချမ်းသာသုခမှ ကင်းဝေးသော ဖုတ် တစ္ဆေ စသောသတ္တ၀ါ။

၎။ အသူရကာယ်       …….. စည်းစိမ်ချမ်းသာ မြူးထူးခြင်း စသည်တို့ဖြင့် မမြူးထူးမထွန်းပတက်သော သတ္တ၀ါ။
(နေ့စံ၍ ညဉ့်ခံ ၊ ညဉ့်စံ၍ နေ့ခံသော သတ္တ၀ါ)

မိန်းမဘ၀ကနေ ယောက်ျားဘ၀ဖြစ်ချင်ရင် -



                     
 (၁) မိန်းမဘ၀ကို စပ်ဆုပ်ရမယ်၊
(၂) ဥပုသ်သီလ စောင့်ထိန်းရမယ်၊
(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်၊
(၄) ယောက်ျားဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်၊


(၅) ကုသိုလ်ပြုတဲ့အခါတိုင်း ယောက်ျားအဖြစ်ကိုဆုတောင်းပြီး ကုသိုလ်ပြုရမယ်။
(၆) လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

* ရှင်သီဝလိမထေမြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။

       ရှင်သီဝလိ မထေမြတကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဧတဒဂ်ရ  ရဟန္တာအရှင်မြတ်ကြီးဖြစ်
တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှပါ၏။ ဆန်းကြယ်
လွန်းလှပါ၏။ ဘုရားရှင် ကိုယ်တော်တိုင်က သီဝလိသတိုးသားငယ်အား ရှင်သာမဏေအဖြစ် သွတ်
သွင်းချီးမြင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေးပါ၏။ ယင်းသို့ ဆံချပေးရာ ခေါင်း
မှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်ဝက်ကျန်သောအ
ခါ သကဒါဂါမိမဂ်ရ၏။ ဆံချပြီးစီးသွားသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်သွားပါသည်။

* လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

        စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်

မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံး
မှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း ” စသည်ဖြင့် စိန္တာ
မဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

         နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။

လူသားတို့အတွက် အားပေးစကား အလိုအပ်ဆုံးအချိန်။

           မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်
တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။ ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။
         အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊ အားအငယ်ဆုံး ဖြစ်တတ်သည့်အတွက် အားပေးစ
ကား ပြောဖို့လိုတယ်။ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပါပဲ။
         လူတိုင်းလူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ အိုခြင်းဆီသွားနေကြတာ၊
အိုခြင်းကနေ နာခြင်းဆီ သွားနေကြတာ၊ နာခြင်းကနေ သေခြင်းဆီ သွားနေကြတာ၊ ဒါ ကြောက်
စရာစကား မဟုတ်ဘူး။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated