@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 October 2014

ထေရ၀ါဒ သင်္ဂါယနာတင် အဘိဓမ္မာကျမ်းမြတ် (၇)ကျမ်း



၁။ ဓမ္မသင်္ဂဏီ     [ဓမ္မအားလုံးကိုမာတိကာသဖွယ် စုဆောင်းပြဆိုထားခြင်း]
၂။ ၀ိဘင်း          [စုဆောင်းစီပြထားသော ဓမ္မတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြထားခြင်း]
၃။ ဓာတုကထာ   [ဓမ္မအားလုံးကိုဓာတ်ခွဲပြထားခြင်း]
၎။ ပုဂ္ဂလပညတ်  [ခွဲခြမ်းစိတ်ဖြာထားသောဓမ္မ နှင့် ဓာတ်တို့ကို ပုဂ္ဂိုလ်ပေါ်တင်ပြထားခြင်း]
၅။ ကထာဝတ္ထု    [ဓမ္မ-ဓာတု-ပုဂ္ဂလတို့၌ယုံမှား၊ ကြံမှား၊ ယူမှား၊ သိမှား၊ စသည်တို့ကို ဖြေရှင်းပြခြင်း]
၆။ ယမိုက်         [ပုဂ္ဂလ-ဓမ္မ စသည်တို့ကို အစုံ အစုံ တွဲပြထားခြင်း]
ရ။ ပဋ္ဌာန်း          [ပရမတ္ထသစ္စာတရားတို့၏ အကြောင်းအကျိုး ဆက်စပ် ကျေးဇူးပြုပုံများကိုရှင်းပြခြင်း]

  • မြတ်စွာဘုရား (၄၅-၀ါ)လုံး ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဓမ္မခန္ဓာအားဖြင့် (၈၄၀၀၀)ရှိသည်။

  • မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်ပြုပြီးနောက် ရဟန္တာမထေရ်မြတ်များမှ သင်္ဂါယနာတင်သောအခါ ဤဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ကို ပိဋကတ်တော်အားဖြင့် (၃-ပုံ)ခွဲ၍ ရွတ်ဆိုခဲ့ကြသည်။

၁။ ၀ိနည်းပိဋက (Basket ofDisciplines) - (ဓမ္မခန္ဓာပေါင်း-၂၁၀၀၀)ပါရှိသည်။
    ကျမ်းမြတ်(၅)-ကျမ်း [၀ိနည်းပါရာဇိကံ၊ ၀ိနည်းပါစိတ်၊၀ိနည်းမဟာဝါ၊ ၀ိနည်းစူဠ၀ါ၊ ၀ိနည်းပရိဝါ]

၂။ သုတ္တန်ပိဋက(Basket of Discourses) - (ဓမ္မခန္ဓာပေါင်း-၂၁၀၀၀)ပါရှိသည်။
    နိကာယ်(၅)-ရပ်[ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်]

၃။ အဘိဓမ္မာပိဋက (Basket ofUltimate Realities) - (ဓမ္မခန္ဓာပေါင်း-၄၂၀၀၀)ပါရှိသည်။
    အဘိဓမ္မာကျမ်းမြတ် (၇)ကျမ်း

အဘိဓမ္မာတရားတော်၏အားသာချက်များ-
-     မိဘကျေးဇူးဆပ်ရန်ဟောကြားခြင်း (မိဘကျေးဇူးကြီးမားလှပုံကို ထင်ရှားပြခြင်း)
-     နတ်နှင့် လူတို့ကို တစ်ပြိုင်တည်းဟောခြင်း (ပရမတ်အလိုအရ ဟောခြင်းကို ထင်ရှားပြခြင်း)
-     ပရမတ္ထသစ္စာ၏ကျယ်ဝန်းနက်နဲမှုကို (အကျဉ်း/အကျယ်/မကျဉ်းမကျယ်)အားဖြင့် ခွဲခြားပြခြင်း
-     အဘိဓမ္မာတရားတော်ကို(အစ-အဆုံး)တစ်ထိုင်တည်း ဟောကြား-နာကြားမှ အကျိုးထူး ရမည်ကို ပြခြင်း (နတ်ပြည်တွင် ဟောကြားသောအချိန်ကာလသည်၊ လူ့သက်တမ်းအရ (၃-လ) ကြာသော်လည်း၊ နတ်သက်တမ်းအရ မိနစ်မျှသာကြာသောကြောင့်၊နတ်တို့သည် မပင်မပန်းပဲ (အစ-အဆုံး) တစ်ထိုင်တည်း နာကြားနိုင်ခြင်း)
-     ဓမ္မခန္ဓာအရေအတွက်အားဖြင့်သာလွန်များပြားခြင်း

အဘိဓမ္မာတရားတော်ကို နာယူခြင်း၊ သင်ကြားခြင်းသည် မိဘကျေးဇူးဆပ်ခြင်းဖြစ်၏။
ဉာဏ်ကြီးသူတို့အတွက် ပညာရှာမှီးရာ ကြီးမြတ်သော ပရမတ္ထနယ်ပယ်အစစ်အမှန်ဖြစ်၏။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated