@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 7 May 2015

နိဓိကဏ္ဍသုတ္တန် ရွှေအိုးမြှုပ်နှံ ကုသိုလ်ကံ တရားတော်


****************************
ထိုတရားဒေသနာတော်ကို မြတ်စွာဘုရားသာဝတ္ထိပြည်မွန်ဇေတဝန်ရွှေကျောင်းကိန်းအောင်းတော်မူစဉ်
သာဝတ္ထိပြည်သားသူဋ္ဌေးတစ်ယောက်
မြတ်ဘုရားနှင့် ရဟန်းသံဃာတော်များ
အားမိမိအိမ်သို့ပင့်၍မွန်မြတ်သောဆွမ်းခဲဖွယ်ဘောဇဉ် ကပ်လှူပူဇော်နေဆဲ်
ပသေနဒီကောသလမင်းမှငွေရေးကြေး
ရေး ဆွေးနွေးတိုင်ပင်စရာရှိ၍မင်းချင်း
တစ်ယောက်ကို အခေါ်လွှတ်ရာ


ဥစ္စာမြှုပ်နှံနေဆဲဖြစ်၍ မလိုက်နိုင်သေး
ကြောင်း ဥစ္စာမြှုပ်နှံ သိမ်းဆည်းပြီးမှ
မင်းထံ လာခဲ့ပါရစေဟုပြောကြားသည်
ကို အကြောင်းပြု၍ သူဋ္ဌေး ဆိုလိုသော
စကား၏အနက်အဓိပ္ပါယ်ကိုကိုယ်တေ
ာ်တိုင်သိတော်မူရကား
ထို နိဓိကဏ္ဍသုတ္တန်ဒေသနာတော်ကို
ဟောတော်မူသည်။
နိဓိ =ဥစ္စာ
ကဏ္ဍ==ပိုင်းခြားဖော်ပြရာ
သုတ္တံ==သုတ်ဒေသနာတော်

ယင်း နိဓိဆိုတဲ့ ဥစ္စာကို ပိုင်းခြားဖော်ပြ
ရာမှာဥစ္စာလေးမျိုးရှိကြောင်းသိရ၏။

ဥစ္စာ လေးမျိုး
************
၁==ထာဝရဥစ္စာ=ရွေ့လျှားမသွားတတ်
သော လယ်ယာမိုးမြေတိုက်တာနေအိမ်
ရွှေငွေအိမ်ထောင်ပရိဘောဂအသုံးအဆောင်စသောမိမိပိုင်ပစ္စည်းများ။

၂==ဇင်္ဂမဥစ္စာ=လှုပ်ရှားသွားလာတတ်သော ဆင် မြင်းကျွဲ နွား ကျွန်ယောက်ျာ
း ကျွန်မိမ္မ စသောသက်ရှိပစ္စည်းများ။
၃==အင်္ဂသမဥစ္စာ= မိမိရဲ့ဦးခေါင်းလက်
ခြေစသောအင်္ဂါတို့သည်မိမိသွားလေ
ရာပါသကဲ့သို့ မိမိသွားရာပါတတ်သော
မိမိတတ်ထားသော နှုတ်မှုပညာ လက်
မှုပညာများ။
၎==အနုဂါမိကဥစ္စာ= ဆိုခဲ့ပြီးသော ရှေ့
ဥစ္စာသုံးမျိုးတို့သည်ဒီဘဝမှာအလွန်ဆုံးလိုက်လျှင်သေတဲ့အထိပါ။သေပြီးနောက်မလိုက်နိုင်။ အနာဂါတ်သံသရာမှာ
နိဗ္ဗာန်ရောက်သည်အထိ မိမိနောက်က
အရိပ်ပမာ လိုက်နေတာကဒါနကောင်း
မှု သီလကောင်းမှု သမာဓိကောင်းမှု
ဘာဝနာ ပညာကောင်းမှု ။
၎င်းတို့သည် အနုဂါမိကဥစ္စာမည်၏။

ဥစ္စာမြှုပ်နှံရာ၌ ရည်ရွယ်ချက်( ၂ ) မျိုး
********---***---***---*********
၁===နိဓိံ နိဓေတိ ပုရိသော၊
ဂမ္ဘီရေ သြဒကန္တိကေ။
အတ္ထေ ကိစ္စေ သမုပ္ပန္နေ၊
အတ္ထာယ မေ ဘဝိဿတိ။

ဂဟပတိ၊ ဒါယကာသူဋ္ဌေး။ပုရိသော၊
အမြှော်အမြင်ကြီးတဲ့အမျိုးကောင်းသားမင်းယောက်ျားသည်။ဂမ္ဘီရေ၊နက်စွာထသော။သြဒကန္တိကေ၊ရေနှင့်နီးကပ်
်မြေအောက်အရပ်၌။နိဓိံ၊ ရွှေငွေ ဥစ္စာ
ရတနာကို။နိဓေတိ၊မြှုပ်နှံသိုမှီးသိမ်း
ဆည်းပေ၏။

ရည်ရွယ်ချက်က
၁=အကျိုးရဖို့ရန်ရည်ရွယ်ချက်ကတစ်
ခု။
၂==အကျိုးမဲ့ကို ပယ်ရှားဖို့ ရည်ရွယ်
ချက်ကတစ်ခု။

ထိုရည်ရွယ်ချက်နှစ်မျိုးက
အတ္ထေ ကိစ္စေ သမုပ္ပန္နေ
အတ္ထာယ မေ ဘဝိဿတိ။
မေ၊ငါ့အဖို့ရာ။ အတ္ထေကိစ္စေ၊အကျိုးရှိ
အောင်ရွက်ဆောင်နိုင်သောကိစ္စကြီး
ငယ်အသွယ်သွယ်သည်။သမုပ္ပန္နေ၊ဖြစ်
လတ်သည်ရှိသော်။မေ၊ငါ၏။အတ္ထာယ
ဥစ္စာပွါးတိုးအကျိုးအလို့ငှါ။ဘဝိဿတိ
၊ဖြစ်ပေလိမ့်မည်။
ဣတိဝါ၊ဤသို့ နှလုံးပိုက်၍လည်းပဲ။
နိဓေတိ၊မြှုပ်နှံသိုမှီး သိမ်းဆည်းတတ်
ပေ၏။

အကျိုးရဖို့ မျှော်ကိုးတယ်ဆိုတာ" ခုအ
ချိန်သည် ရောင်းလို့ ဝယ်လို့ မကောင်း
သေး။နောင်အခါရောင်းဝယ်ကောင်းတဲ့အချိန်အခါမှ ငါ ဒီဥစ္စာတွေကိုအရင်း
အနှီးလုပ်မယ်" အဲဒီရည်ရွယ်ချက်နဲ့ဥစ္စ
ာမြှုပ်ထားတယ်။ ဒါတစ်ချက်
နောက် တစ်ချက်က
အကျိုးမဲ့ကိုပယ်ရှားလိုခြင်း တဲ့။
ဒါက ငါးချက်ရှိပါတယ်။
၁။ ရာဇတောဝါ ဒုရုတ္တဿ၊
၂။ စောရတော ပီဠိတဿဝါ။
၃။ ဣဏဿ ဝါ ပမောက္ခာယ၊
၎။ ဒုဗ္ဘိက္ခေ အာပဒါသုဝါ။
၅။ ဧတဒတ္ထာယ လောကသ္မိံ၊
နိဓိ နာမ နိဓိယ်တိ။႔
၁။ သူတစ်ဘက်သားတို့ဂုံးတိုက်စကား
ပြောခဲ့လို့ငါ့မှာ မင်းဘေးသင့်ခဲ့ရင်ဟော
ဒီဥစ္စာတွေနဲ့ မင်းပြစ်မင်းဒဏ်ကလွတ်
အောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လည်း ဥစ္စာမြှုပ်နှံထာတယ်။

၂။ အကျဉ်းအကြပ်နှိပ်စက်အပ်တဲ့သူခိုး
ဘေးနဲ့တွေ့လို့ ပစ္စည်းကုန်ခမ်းတဲ့အချိန်
မှာလည်းဒီဥစ္စာတွေထုတ်သုံးမယ်ဆိုပြီးတော့လည်းမြှုပ်နှံထားတယ်။

၃။ကြွေးမြီနှိပ်စက်လာလို့စိတ်မချမ်းမသာဖြစ်တဲ့အခါမှာလည်း ဒီဥစ္စာတွေ ထု
တ်သုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း
ဥစ္စာတွေမြှုပ်နှံထားတယ်။

၎။ငတ်မွတ်ခေါင်းပါးအစာရှားတဲ့အချိန်အခါမှာလည်းဒီဥစ္စာတွေထုတ်ပြီးသုံး
စားမယ်ဆိုတဲ့ ရည်ရွယ်ချက်

၅။ ရေဘေး မီးဘေးသင့်လို့ဥစ္စာပစ္စည်း
ပျက်ပြားဆုံးရှုံးတဲ့အခါမှာလည်းဒီဥစ္စာတွေကို အားကိုးအားထားပြုဘို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့လည်းမြှုပ်ထားပါတယ်
။ တဲ့ ဒါဥစ္စာမြှုပ်ထားသူရဲ့ရည်ရွယ်ချက်တွေပါ။
တာဝ သုနိဟိတော သန္တော၊
ဂမ္ဘီရေ သြဒကန္တိကေ။
နသဗ္ဗော သဗ္ဗဒါ ဧဝ၊
တဿ တံ ဥပ ကပ္ပတိ။

ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေထွက်ခါ
နီးတိုင်အောင် တူးမြှုပ်ထားပေမယ့်ဒီ
ဥစ္စာရွှေငွေတွေဟာ အခါခပ်သိမ်းကိုယ်
လိုတိုင်းရလိမ့်မယ်ဆိုပြီး ပုံသေကားချ
တွက်ထားလို့ မရပါဘူး တဲ့။

အကြောင်းကတော့
ပျောက်ဆုံးခြင်း အကြောင်း( ၅ ) ပါး

နိဓိ ဝါ ဌာနာ စဝတိ၊
သညာ တဿ ဝိမုယှတိ။
နာဂါ ဝါ အပနာမေန္တိ၊
ယက္ခာဝါ ပိ ဟရန္တိ နံ။

အပ္ပိယာဝါပိ ဒါယာဒါ၊
ဥဒ္ဓရန္တိ အပဿတော။
ယဒါ ပုညက္ခယော ဟောတိ၊
သဗ္ဗ မေတံ ဝိနဿတိ။
မြှုပ်ထားတဲ့ ဥစ္စာတွေဟာ တဲ့

၁==နေရာရွေ့ပြီးလည်းသွားတတ်ပါတယ်။
၂==ဥစ္စာရှင်ကမြှုပ်ထားတဲ့နေရာလည်းမေ့သွားတတ်ပါတယ်။
၃==နဂါးတွေကလည်းနေရာရွှေ့တတ်
ပါတယ်။
၎==ဘီလူးတွေကလည်း နေရာရွှေ့ထာ
တတ်ပါတယ်။
၅==မချစ်အပ်တဲ့အမွေခံဆိုးတွေကလ ည်းကိုယ်မမြင်အောင် မသိအောင် ခိုး
ဝှက်သုံးတတ်ပါတယ်။ တဲ့
အကြင်အခါ၌ ကုသိုလ်ကံအစွမ်း ကုန်
၏။ထိုအခါ၌တမျိုးမျိုးသောအကြောင်းဖြင်ပျက်စီးရ၏။့
***သတိပြုကြဘို့ပါ။***
ပကတိ ရွှေ ငွေ ဥစ္စာပစ္စည်းတွေ စိတ်မ
ချရပုံပါ။ဒီပေစ္စက္ခမျက်မှောက်ဘဝတစ်ခုမှာသုံးဆောင်သွားရဖို့ဆိုတာတောင်မသေချာတဲ့ အချက်တွေပါဘဲ။

ဟုတ်ပါပြီ။
ဒီစိတ်မချရတဲ့ပစ္စည်းတွေကိုစိတ်ချရတဲ့ကိုယ်နဲ့တစ်ပါတည်းပါအောင်ယူသွားနိုင်တဲ့ နည်းလမ်းလေးရှိပါတယ်။

အနုဂါမိကဥစ္စာ မြှုပ်နှံရာ ( ၇ ) ဌာန
စေတီယမှိစ သံဃေဝါ၊
ပုဂ္ဂလေ အတိထီသုဝါ။
မာတရိ ပိတရိစာပိ၊
အထော ဇေဋ္ဌမှိ ဘာတရိ။
၁==စေတီ ဘုရား
၂==ရဟန်း သံဃာ
၃==မိမိကြည်ညို လေးစားသည့်ပုဂ္ဂိုလ်
၎==မိမိထံရောက်လာသော ဧည့်သည်
၅==အစ်မေ
၆==အစ်ဖေ
၇==အစ်ကိုကြီး အစ်မကြီး
ထိုနေရာဌာန ( ၇)
 ထိုနေရာဌာန ( ၇)မျိုးတို့၌မြှုပ်နှံရမည်။

***မြှုပ်နှံပုံ***
၁==ဓာတု ဓမ္မ ဥဒ္ဒိဿ ပရိဘောဂစေတီ်
တော်တို့၌ ဆွမ်း ပန်း ရေချမ်း ဆီမီ
း စသည်ကပ်လှူပူဇော်ရခြင်း။
၂==သံဃာတော်များအားဆွမ်းသင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးလှူဒါန်း
၃==မိမိတို့ကြည်ညိုလေးစားမှီခိုအားထားရသူတို့အားအဝတ် အစား အသုံး
အဆောင် ဆေးဝါးစသည်လှူဒါန်းခြင်း
၎==ဧည့်သည်တို့အား ကျွေးမွေးပြုစု
ကိစ္စစသည်ဆောင်ရွက်ပေးခြင်း။
၅==်အနန္တကျေးဇူးရှင် မွေးမေမေအား
ဒါနသီလဘာဝနာ၌တည်စေခြင်းပြုစေ
ခြင်း မြတ်နိုးစွာ ကျွေးမွေးပြုစုခြင်း။
၆==အနန္တကျေးဇူးရှင်ကျွေးဖေဖေ အား
ဒါန သီလ ဘာဝနာ၌ တည်စေခြင်း ချစ်
မြတ်နိုးစွာ လုပ်ကျွေးပြုစုခြင်း။
၇==အစ်ကိုကြီး အဖအရာ ၊ အစ်မကြီး
အမိအရာဆိုသည့်အတိုင်းမိမိတို့ထိန်း
ကျောင်းပြုပြင်ကျွေးမွေးခဲ့သော အစ်ကိုကြီး အစ်မကြီးတို့ကို မိမိတို့က
တစ်ဖန် ပြန်လည်ပြုစုလုပ်ကျွေးခြင်း
အားလုံးတို့သည်ပြဆိုခဲ့ပြီးသောဘဏ္ဍာ
ခုနစ်တိုက်၌ဥစ္စာကိုမြှုပ်နှံသိမ်းဆည်းသည်မည်ပေ၏။
ွ္တှ
အနုဂါမိကဥစ္စာ ဂုဏ် ငါးဖြာ
**********************
ဧသော နိဓိ သုနိဟိတော၊
အဇေယျော အနုဂါမိကော။
ပဟာယ ဂမနီယေသု၊
ဧတံ အာဒါယ ဂစ္ဆတိ။
ယခုပြဆိုခဲ့သည့်အတိုင်း မြှုပ်နှံထားတဲ့
ရွှေအိုးကိုမည်သူတစ်ဦးတစ်ယောက်မျှ
လုယူလို့မရနိုင်တော့။
သံသရာတစ်လျှောက်ကောက်ကောက်ပါအောင်မိမိနောက်ကလိုက်ပါမည့်အနု
ဂါမိက ရွှေအိုးမည်ပါပေ၏။

အသာဓာရဏ မညေသံ၊
အစောရာ ဟရဏော နိဓိ။
ကယိရာထ ဓီရော ပုညာနိ၊
ယော နိဓိ အနုဂါမိယော။

အခုပြဆိုခဲ့တဲ့ ဒါန သီလ ဘာဝနာဆိုတဲ့
ကောင်းမှုတွေဟာ ဘယ်သူခိုး ဓားပြ
အမွေခံဆိုး ရေ မီး မင်း စတဲ့ရန်သူတွေ
နဲ့မှမဆက်ဆံတော့ဘူး။
ကိုယ်ပိုင်ဥစ္စာမည်သွားပါပြီ။ဒါကြောင့်
ကြောင်းကျိုးမျှော်မြင်ပညာရှင်တွေဟာဒီကုသိုလ်တွေကိုမြတ်မြတ်နိုးနိုးဆည်
းပူးပြုလုပ် အားထုတ်သွားကြပါတယ်။

ဒါတင်မဟုတ်သေးပါဘူး တဲ့
ဧသဒေဝ မနုဿာနံ၊
သဗ္ဗ ကာမဒဒေါ နိဓိ။
ယံ ယဒေဝါပိ ပတ္ထေန္တိ၊
သဗ္ဗ မေတေန လဗ္ဘတိ။

ဒီဒါန သီလ သမထ ဝိပဿနာဆိုတဲ့ရွှေ
အိုးဟာ လူနတ်ဗြဟ္မာ သတ္တဝါတွေအ
တွက် လိုတိုင်းတ ရနိုင်တဲ့ ဣစ္ဆာသယ
အိုးကြီးပါ တဲ့။ လူနတ် နိဗ္ဗာန် သုံးတန်
သော ချမ်းသာကို လျှင်စွာမနှေး ပေး
တတ်ပါတယ် တဲ့။
ကဲးးးးးး ဘယ်လောက်အားရှိဘို့ကောင်းလိုက်ပါ
သလဲ။
အားလုံးသော သူတော်ကောင်းတို့လည်း
စိတ်မချရတဲ့ ကိုယ်ပိုင်မဟုတ်တဲ့
ရန်သူတကာနဲ့ ဆက်ဆံနေတဲ့ လောကီ
ဥစ္စာကနေ ကိုယ်ပိုင်ဖြစ်တဲ့ စိတ်ချရတဲ့
သူတကာနဲ့လုံးဝမဆိုင်တဲ့နိဗ္ဗာန်တိုင်ထိ
အကျိုးရှိနိုင်တဲ့ အနုဂါမိကခေါ်ရိုး လောကုတ္တရာမြတ်ရွှေအိုးကိုဘဏ္ဍာ တိုက် ခုနှစ်တိုက်မှာ မြှုပ်နှံတတ်ကြပြီး
မြှုပ်နှံနိုင်ကြပြီး နိဗ္ဗာန်တိုင်ပေါက် ခရီး
ရောက်နိုင်ကြပါစေ ဟု
ဆန္ဒပြုရင်း

သာသနာတော်ကြီး
အဆုံးမရှိသော ကြီးပွါးတိုးတက်ခြင်း
နှင့် ပြည့်စုံပါစေ တောင်းဆုခြွေလျှက်

ဘုန်းဟေသီ
18 . 1 .2015 ည ၁၀: ၃၀:နာရီု

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated