@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Monday 31 August 2015
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
လက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်
၍ တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်
အောင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ
သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားကြပါတယ်။
         မြတ်စွာဘုရားက မေတ္တာလက်နက်ကို ယူဆောင်ပြီး တောအုပ်သို့ ပြန်သွားကြရန် တိုက်
တွန်းပြီး မေတ္တာသုတ်ဒေသနာကို ဟောကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာဓာတ်
ကြောင့် နတ်များက ချစ်လာကြပြီး အေးချမ်းစွာ နေတော်မူကြရပါတယ်။
         ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ၀ါခေါင်လအတွင်း ဒုတိယ၀ါ ကပ်တော်မူ
ကြပြီး မေတ္တာတရားကို ပွားများ၍ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ
အားလုံး ရဟန္တာ ဖြစ်တော်မူကြပါတယ်။ ဘုရားရှင်က (၁) ရဟန်းတော်ငါးရာကို အကြောင်းပြု၍
မေတ္တာသုတ်ကို ၀ါတွင်းကာလ၌ ဟောတော်မူပါတယ်။ (၂) ရဟန်းတော်ငါးရာတို့ တောအုပ်သို့
ပြန်၍ ၀ါခေါင်လ၌ ပစ္ဆမ၀ါကပ်တော်မူပါတယ်။ ဒီအကြောင်းများကိုထောက်၍ ၀ါခေါင်လပြည့်နေ့
ကို မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာရပါတယ်။
  {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
   သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated