@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 September 2014

"မတိုင်ပင်အပ်သူ ရှစ်ဦး၊တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူကိုးဦး"

 
 
၁။ ရာဂလွန်သူ
၂။ စိတ်ခတ်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ထောင်လွှားတတ်ကြွသူ
၅။ လိုချက်တက်မက်ရှိသူ
၆။ ပျင်းရိသူ
၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သူ။
၈။ မိုက်မဲသောသူ ဟူ၍ဖြစ်သည်။
ထိုရှစ်ဦးတို့ကို တိုင်ပင်မိခြင်းဖြင့် အကျိုးပျက်တတ်ခြင်းကား ဤသို့ဖြစ်၏။
၁။ ရာဂလွန်သူကို တိုင်ပင်မိသောအခါ ပျော်ပါးမှု၌သာ စိတ်ထက်သန်သူဖြစ်၍ အကျိုးပျက်စီးတတ်၏။
၂။ စိတ်ခက်ထန်သူကို တိုင်ပင်မိသောအခါ ယဉ်ကျေးချေငံမှု မရှိသဖြင့် အကျိုးပျက်စီးတတ်သည်။
၃။ တွေဝေထိုင်းမှိုင်းသူကို တိုင်ပင်မိသောအခါ ကောင်းဆိုးမှားမှန်ကို မသိတတ်၍ အကျိုးပျက်စီးတတ်၏။
၎။ ထောင်လွှားတက်ကြွသူကို တိုင်ပင်မိသောအခါ အညီအညွတ်အပြေအပြစ် မရှိသဖြင့် အကျိုးပျက်စီးတတ်သည်။
၅။ လိုချင်တပ်မက်သူကို တိုင်ပင်မိသောအခါ မိမိအကျိုး မိမိအခွင့်အရေးကိုသာ ရှေးရှုလွန်းသဖြင့် အကျိုးပျက်စီးတတ်သည်။
၆။ ပျင်းရိသူကို တိုင်ပင်မိသောအခါ နိုးကြားထက်သန်မှု မရှိသဖြင့် အကျိုးပျက်စီးတတ်သည်။
၇။ တစ်ဦးတည်းသာ ကြံစည်တတ်သူကို တိုင်ပင်မိသောအခါ အသိအမြင် မကျယ်ပြန့်သဖြင့် အကျိုးပျက်စီးတတ်၏။
၈။ မိုက်မဲသူကို တိုင်ပင်မိသောအခါ ထောက်ထားဆင်ခြင်တတ်သူ မဟုတ်သဖြင့် အကျိုးပျက်စီးတတ်၏။
မတိုင်ပင်အပ်သူရှစ်ဦးအပြင် တိုင်ပင်၍မဖြစ် မလုံမခြုံ စိတ်မချရသူ ကိုးဦးလည်းရှိပါသေးသည်။



တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူကိုးဦး
၁။ ရာဂလွန်သောသူ
၂။ စိတ်ခက်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ကြောက်တတ်သူ
၅။ တံစိုးလက်ဆောင်ပစ္စည်း၌ အလေးအမြတ်ပြုသောသူ
၆။ အမျိုးသမီး
၇။ သေသောက်ကြူးသူ
၈။မိန်းမ-ယောက်ျား အစစ်မဟုတ်သူ(မိန်းမလျာ- ယောက်ျားလျာ)
၉။ ကလေးသူငယ် တို့ပင်ဖြစ်ပါသည်။
၁။ရာဂထူလွန်းသူသည် ပျော်ပါးမှုလွန်ကြူးခြင်းဖြင့် လျှို့ဝှက်အပ်သော တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၂။ စိတ်ခက်ထန်သူသည် ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၃။ တွေဝေထိုင်းမှိုင်းသူသည် အရေးကြီးသည် မကြီးသည်ကို မသိတတ်သောကြောင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၎။ ကြောက်တတ်သူသည် စိတ်ချောက်ချားလွယ်သောကြောင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၅။ တံစိုးလက်ဆောင်၌ အလေးအမြတ်ပြုတတ်သူသည် ထိုလက်ဆောင်ဝတ္ထုပစ္စည်းကို တက်မက်သောကြောင့်ပင် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၆။ အမျိုးသမီးသည် ချင့်ချိန်တွေးဆနိုင်မှုဟူသော ပညာမရှိခြင်းကြောင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၈။ မိန်းမမဟုတ် ယောက်ျားမဟုတ် (မိန်းမလျာ-ယောက်ျားလျာ)သည် သဘာဝမမှန်သူ ဖြစ်သောကြောင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
၉။ ကလေးသူငယ်သည် သင့်-မသင့်တို့မသိတတ်၊ ပြောလွယ်ဆိုလွယ်ရှိသောကြောင့် လျှို့ဝှက်တိုင်ပင်မှုကို ထုတ်ဖော်ပြောဆိုတတ်၏။
ဤကား တိုင်ပင်ရာတွင် လုံခြုံစိတ်ချရမှု မရှိခြင်းကြောင့် အကျိုးပျက်စီးရခြင်းပင် ဖြစ်ပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Print Friendly and PDFPrintPrint Friendly and PDFPDF

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated