@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 September 2014

ဆွမ်း+ရေ+ပန်း+မီးကပ်လှူပူဇော်ပုံနှင့် အကျိုးတရားများ

 
 
ဆွမ်းတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အဆင်း၊အနံ့၊
အရသာနှင့်ပြည့်စုံသော ဤ မွန်မြတ်သော ဆွမ်းတော်ကို လှူဒါန်းဆက်ကပ်ပါ၏အရှင်ဘုရား။ဤဆွမ်းလှူရသော
ကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။
ဤဆွမ်းလှူရသော ကောင်းမှု၏ အဖို့ကို မိဘ၊ဆရာသမား အစထားလျက် များပြားလှကုန် အလုံးစုံသော သတ္တဝါ
တို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။
(မှတ်ချက်)။ ။သစ်သီးလှူသောအခါ "ဆွမ်း" နေရာ၌ သစ်သီးကိုပြောင်းလဲဆိုပါ။
ဆွမ်းလှူရကျိုးငါးပါး
(၁)။အသက်ရှည်ခြင်း။
(၂)။အဆင်းလှခြင်း။
(၃)။ခွန်အားဗလကြီးခြင်း။
(၅)။ဥာဏ်ပညာကြီးခြင်း။
ဆောင်။ ။သက်ရှည်၊ဆင်းလှ၊ချမ်းသာရ၊ဗလ ဥာဏ်ပညာ။
ဆွမ်းလှူရကျိုး ၊ ဤငါးမျိုး၊ကျမ်းကိုး အဂုင်္တ္တရာ။(အင်္ဂုတ္တရနိကာယ်၊ပဉ္စကနိပါတ်၊ဘောဇနသုတ်)


ပန်းတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား အဆင်း၊အနံ့ နှင့်
ပြည့်စုံသော ဤတင့်တယ်လှပသော ပန်းတော်ကို လှူဒါန်းဆက်ကပ်ပါ၏အရှင်ဘုရား။ဤပန်းလှူရသော
ကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို
၏အရှင်ဘုရား။
ဤပန်းလှူရသော ကောင်းမှု၏ အဖို့ကို မိဘဆရာသမား အစထားလျက် များပြားလှကုန် အလုံးစုံသော သတ္တဝါ
တို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။
ပန်းလှူရကျိုးငါးပါး
၁။လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း။
၂။သင်းပျံ့မွှေးကြိုင် သော ကိုယ်ရနံ့ရှိခြင်း။
၃။နတ်လူတို့ချစ်ခင်မြတ်နိုးခြင်း။
၎။ကျော်စောသတင်းပျံ့နှံ့ခြင်း။
၅။ကိုယ်စိတ်ချမ်းသာရွှင်လန်းခြင်း။
(ဆောင်)။ ။လှပသန့်ရှင်း၊မွှေးပျံ့သင်း၊သတင်းကျော်စောပါ။
လူ နတ်ချစ်ခင်၊ကိုယ်စိတ်ရွှင်၊ငါးအင် ပန်းကျိုးမှာ။


၃။ရေတော်ကပ်။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်စုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘရားအား ဤသန့်ရှင်း
စင်ကြယ်သော ရေအေး ရေကြည်တော်ကို လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။ဤရေလှူရသော ကောင်းမှု
ကြောင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
ဤရေလှူရသောကောင်းမှု၏ အဖို့ကို မိဘ၊ဆရာသမား အစထားလျက် များပြားကုန်သော အလုံးစုံသော
သတ္တဝါတို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။
ရေလှူရကျိုးဆယ်ပါး။
၁။ချမ်းသာကြီးခြင်း။
၂။အဆင်းလှခြင်း။
၃။ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း။
၎။ခွန်အားဗလကြီးမားခြင်း။
၅။ဥာဏ်ပညာကြီးခြင်း။
၆။စင်ကြယ်သန့်ရှင်းခြင်း။
၇။ဂုဏ်သတင်းကျော်စောခြင်း။
၈။အခြွေအရံပေါများခြင်း။
၉။သွားလာရာ၌လျင်မြန်ခြင်း။
၁၀။မွတ်သိတ်မှုကင်းခြင်း(ရေမငတ်ခြင်း)။
(ဆောင်)။ ။သက်ရှည် ဆင်းလှ၊ချမ်းသာရ၊ဗလ ဥာဏ်ကြီးခြင်း။
သန့်ရှင်း ကျော်စော၊ခြွေရံပေါ၊လျင်ဆော မွတ်သိတ်ကင်း။
ရေလှူပါရ၊ကျိုးဆယ်ဝ၊ရကြ မှန်မယွင်း။


၎။မီးတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အမှိုက်...
အမှောင်ကို ပယ်ဖျောက်၍ အလင်းရောင် ထွန်းလင်းတောက်ပသော ဤဆီမီးတော်ကို(ဤလျှပ်စစ်ဓာတ်မီးကို)
လှူဒါန်းပူဇော်ပါ၏ အရှင်ဘုရား။ဤဆီမီး လှူဒါန်းပူဇော်ရသော ကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာ
ဖြစ်သော နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏အရှင်ဘုရား။
ဤဆီမီးလှူဒါန်းပူဇော်ရသော ကောင်းမှု၏ အဖို့ကို မိဘဆရာသမား အစအားလျက် များပြားကုန်သော အလုံးစုံ
သော သတ္တဝါတို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။

မီးလှူရကျိုးရှစ်ပါး။
၁။လုံခြုံစွာကြီးပွားချမ်းသာခြင်း။
၂။အမျိုးမြတ်ခြင်း။
၃။ဥာဏ်ပညာကြီးမားခြင်း။
၎။အင်္ဂါကြီးငယ်နှင့်ပြည့်စုံခြင်း။
၅။အဆင်းလှပခြင်း။
၆။ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း။
၇။ဘုန်းတန်ခိုးကြီးခြင်း။
၈။ဘေးအန္တရာယ်ကင်းခြင်း။
(ဆောင်) လုံခြုံစွာ့ ကြီးရတဲ့ချမ်းသာ။ မျိုးမြတ် ဥာဏ်ကြွယ်နှင့်၊အင်ကြီးငယ်ပြည့်စုံရ၊ဆင်းလှရောင်ဝါ။
ဘုန်းတေဇာ၊ကြီးစွာပတန်ခိုး၊ရန်ဘယာ၊ဘေးကာဆီးတယ်။မီး၏အကျိုး။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
Print Friendly and PDFPrintPrint Friendly and PDFPDF

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated