@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၂ ၊ Dr နန္ဒာမာလာဘိဝံသ



ပဋ္ဌာန်းတရားကိုစာပေအနေနဲ့လေ့လာသူများအနေနဲ့ ပစ္စည်း၊ ပစ္စယုပ္ပန် တို့ကို ရှေးဦးစွာမှတ်ရမယ်။ ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ ထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရား သို့မဟုတ် ပစ္စယုပ္ပန်ဆိုတာ - (ပစ္စည်းတရား အကြောင်းတရားကနေ) ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလို အဓိပ္ပာယ်ရတယ်။ ပစ္စယဆိုတဲ့စကားလုံးကို မြန်မာလိုပစ္စည်းလို့ပြန်လိုက်တာ၊ အကြောင်းတရားလို့ပြောတာ။ ဒီမှာ ပစ္စည်းဆိုတာ အထောက်အကူပြုတဲ့ အကြောင်းတရားလို့ အဓိပ္ပာယ်ရတယ်။ ပစ္စယုပ္ပန်ဆိုတဲ့ စကားလုံးက ပစ္စယုပ္ပန္နဆိုတဲ့ စကားလုံးက ဖြစ်ပေါ်လာတာဖြစ်လို့ အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတရား သို့မဟုတ် အကြောင်းတရားကနေ ကျေးဇူးပြုထားတဲ့တရားလို့ ဒီလို အဓိပ္ပာယ်ရတယ်။

ဟေတုပစ္စည်းဆိုတာ ဘယ်သူ့ခေါ်တာတုန်းဆိုယင် ဟိတ်ခြောက်ပါးကိုခေါ်တယ်။ ဟိတ်ခြောက်ပါးလို့ဆိုတာ အဘိဓမ္မာသင်ဖူးတဲ့သူတွေအနေနဲ့တော့ ဒီလောက်ပြောလိုက်ယင်သိတယ်ပေါ့။ အဘိဓမ္မာမသင်ဖူးးတဲ့သူတွေအနေ
နဲ့တော့ ဟိတ်ခြောက်ပါးဆိုတာ ဘာတွေပါလိမ့်လို့ ဒီလိုထင်ကောင်းထင်လိမ့်မယ်။
ဟေတုဆိုတဲ့ အဓိပ္ပာယ်က အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုးတိုးတက်နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့ အကြောင်းတရားလို့ အဓိပ္ပာယ်ရတယ်။


အဲဒီ ဟေတုဆိုတဲ့နံမည်နဲ့ဟောထားတဲ့တရားက ခြောက်မျိုးပဲရှိတယ်။ ပိဋကတ်သုံးပုံမှာလိုက်ကြည့်
လိုက်လို့ရှိယင် အဘိဓမ္မာမှာ ဟေတုကခြောက်မျိုးပဲရှိတယ်။
အဲဒီခြောက်မျိုးက လောဘ ဒေါသ မောဟ ၊ အလောဘ အဒေါသ အမောဟ။ အကောင်းဘက်ကသုံးမျိုး၊ အဆိုးဘက်ကသုံးမျိုး၊ ဒီခြောက်မျိုးပဲရှိတယ်။
အဲဒီခြောက်မျိုးသော သဘာဝတရားများသည် မိမိတို့နဲ့ယှဉ်တွဲ ဖြစ်ပေါ်လာတဲ့ တရားများကို အခိုင်အမာဖြစ်သွားအောင် အထောက်အကူပြုတတ်တယ်လို့ ဒါဟာ သူတို့ရဲ့ ဟေတုသတ္တိလို့ ဒီလိုပြောတာ ဖြစ်တယ်။

အဲဒီမှာ ရှေးဦးစွာ စာလိုမှတ်မယ်ဆိုယင် ဟိတ်ခြောက်ပါးပစ္စည်း။ ပစ္စယုပ္ပန် သဟိတ်စိတ် ၇၁ ၊ သ ဆိုတာ အတူတကွ၊ ဟေတု ဆိုတာ ဟိတ်။ ဟိတ်နဲ့ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ပါဠိမြန်မာရောပြီးတော့ သုံးထားတဲ့ စကားလုံးဖြစ်နေတယ်။ (*** သဟိတ်စိတ် ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ စိတ်) လို့ ပြောတာ ဖြစ်တယ်။ ဟိတ်နဲ့ယှဉ်တဲ့စိတ်သည် ၇၁ ရှိတယ်။ ဟိတ်နဲ့မယှဉ်တဲ့စိတ်က ၁၈ခု ရှိတယ်။ နှစ်ခုပေါင်းတဲ့အခါ စိတ် ၈၉ ဆိုတာ ရတယ်ပေါ့။ အဲဒီထဲမှာ ယှဉ်တဲ့စေတသိက်ကိုကြည့်လိုက်မယ် ဆိုလို့ရှိယင် စေတသိက် ၅၂ အားလုံး ယှဉ်တယ်။

*** သဟိတ် စိတ္တဇရုပ်ဆိုတာ စိတ်သည် သဟိတ်စိတ် အဟိတ်စိတ်လို့ နှစ်မျိုးခွဲထားတယ်။

*** ဟိတ်နဲ့ယှဉ်တဲ့စိတ်၊ ဟိတ်နဲ့မယှဉ်တဲ့စိတ်။

*** ဟိတ်နဲ့ယှဉ်တဲ့ စိတ်တွေကြောင့်ဖြစ်တဲ့ ရုပ်ကို သဟိတ် စိတ္တဇရုပ်လို့ ဒီလိုပြောတာ။ စိတ္တဇ ဆိုတာ စိတ္တ က စိတ်ကြောင့် ၊ ဇ က ဖြစ်လာတာ။ အဲဒီအဓိပ္ပာယ် စိတ်ကြောင့်ဖြစ်တဲ့ရုပ်။ ဒီနေရာမှာ စိတ္တဇရုပ်ဆိုတာ စိတ်ကနေထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို စိတ္တဇရုပ်လို့ ခေါ်တယ်တဲ့။

နောက် သဟိတ် ပဋိသန္ဓေကမ္မဇရုပ်ဆိုတာ ပဋိသန္ဓေစိတ်ကလည်း သဟိတ်ပဋိသန္ဓေရှိတယ်။ အဟိတ်ပဋိသန္ဓေ ရှိတယ်ပေါ့။ သဟိတ်ပဋိသန္ဓေဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ ပဋိသန္ဓေစိတ်၊ ဥပမာ - မဟာဝိပါက် ၈ခု စိတ်နဲ့ ပဋိသန္ဓေနေလို့ ရှိယင် သဟိတ်ပဋိသန္ဓေစိတ် ၊ လူတွေမှာ မဟာဝိပါက် စိတ် ၈ခုဆိုတာနဲ့ ပဋိသန္ဓေ နေကြတယ်။

ဗြဟ္မာတွေမှာ ရူပ၀စရ စိတ် ၅ခုနဲ့ ပဋိသန္ဓေနေတယ်။ အရူပ၀စရဗြဟ္မာတွေမှာ အရူပ၀စရစိတ် ၄ခု နဲ့ ပဋိသန္ဓေနေတယ်။

နောက်တချို့ အဆင့်မမှီတဲ့ လူသားတွေကြတော့ ကုသလ၀ိပါက်သန္တီရဏဆိုတဲ့ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေတယ်။

ကျန်တဲ့ အပ္ပာယ်လေးပုံသားအားလုံးသည် အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ အကုသလ၀ိပါက်သန္တီရဏစိတ်နဲ့ပဲ ပဋိသန္ဓေနေကြတယ်။ နံမည်တွေခေါ်ရခက်နေတယ်ဆိုယင် တိရိစ္ဆာန်တွေရဲ့သန္ဓေစိတ်လို့ပဲ ဒီလို မှတ်ထားပေါ့။ ငရဲ တိရိစ္ဆာန် ပြိတ္တာ တို့ရဲ့ သန္ဓေစိတ်လို့ ပဲမှတ်ထား။ အဲဒီ သန္ဓေစိတ်က အတူတူပဲ။ ငရဲသားတွေရဲ့သန္ဓေစိတ်ရယ်၊ တိရိစ္ဆာန်တွေရဲ့သန္ဓေစိတ်ရယ်
၊ ပြိတ္တာတွေရဲ့သန္ဓေစိတ်ရယ် အတူတူပဲလို့ ဒီလို မှတ်ထား။
အဲဒါတွေကို အဟိတ်။
ဒါကြောင့်မို့လို့ ဗမာတွေက အဟိတ်တိရိစ္ဆာန်လို့ပြောကြတယ်လေ။ လောဘ ဒေါသ မောဟ ၊ အလောဘ အဒေါသ အမောဟလို့ဆိုတဲ့ ကောင်းတဲ့ဟိတ်တွေနဲ့ယှဉ်တွဲ
ပြီးတော့ သူတို့ သန္ဓေစိတ်မှာ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ဟိတ်မဲ့သန္ဓေစိတ်တွေနဲ့ ပဋိသန္ဓေနေလာတဲ့ ပုဂ္ဂိုလ်တွေတဲ့။ ဒီလို ဆိုလိုတယ်။
အဲတော့ ဟေတုပစ္စည်းနဲ့ပစ္စယုပ္ပန်ကို ရှေးဦးစွာ ဒီလို မှတ်ထား . .နော်။

ကဲ . . ဟေတုသတ္တိဆိုတာလေးက - သစ်မြစ်သည် ရေသောက်မြစ်ကလေးဟာ ဘယ်သစ်ပင်က ရေသောက်မြစ်ပဲဖြစ်ဖြစ် ၊ ထိုသစ်ပင်က ရှင်သန်ပြီးတော့ ဖွံ့ဖြိုးတိုးတက်နေတာ နှစ်ပေါင်းများစွာ ရှင်သန်နေအောင် ဘယ်သူက ထောက်ပံ့ထားတာတုန်းဆိုယင် ရေသောက်မြစ်က ထောက်ပံ့ထားတာ၊ အဲဒီ ရေသောက်မြစ်ရဲ့ စွမ်းရည်သတ္တိကို ဟေတုလို့ခေါ်တယ်၊ ဟေတုသတ္တိ။ အခိုင်အမာဖြစ်အောင် ရှင်သန်နေအောင် ထောက်ပံ့ကူညီထားတဲ့ သတ္တိသည် ထူးခြားတဲ့ သတ္တိတစ်ခုပဲ . . ။

ကဲ . . လောဘလေးကို ပြောရအောင် လူတိုင်းလူတိုင်းဟာ လိုချင်တဲ့စိတ်ဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြတယ်။ လိုချင်တဲ့စိတ်ဖြစ်ပြီဆိုလို့ရှိယင် ထိုလိုချင်တဲ့စိတ်ကို ဘယ်သူကနေပြီးတော့ တည်တံ့နေအောင် ပြုလုပ်ထားလည်းဆိုယင် လိုချင်မှုဆိုတဲ့ လောဘတရားက တည်တံ့နေအောင်လုပ်ထားတာ။

ထိုလိုချင်တဲ့စိတ်ကို အကြောင်းပြုပြီးတော့ စိတ္တဇရုပ်တွေကို ထုတ်လုပ်ပေးနေတယ်။ နှုတ်ကထုတ်ပြောတယ်ဆိုတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေဖြစ်ပေါ်လာတယ်။ အဲဒီ ဖြစ်ပေါ်လာအောင် ဘယ်သူကနေပြီးတော့ ရှင်သန်အောင် လုပ်ထားသလည်းဆိုယင် ဟောဒီ လောဘကလေးကလုပ်ထားတယ်။

ဒါကြောင့်မို့လို့ ဒီလောဘလေးကို ဟေတုသတ္တိလို့ ခေါ်တယ်။ သူ့ရဲ့အကျိုးဆက်တွေ ၊ သူ့ရဲ့အကျိုးတရားတွေ ဆက်လက်ဖြစ်ပေါ်နေအောင် သူက ခိုင်ခံ့နေအောင် တည်မြဲနေအောင် စွမ်းဆောင်ပြီးတော့ထားတယ် . . ဒီ သတ္တိကို ဟေတုသတ္တိလို့ ပြောတာ ဖြစ်တယ်။
ကဲ . . လူလောကမှာလွယ်လွယ်ပြောမယ်ဆိုယင်တော့ ၊ စာလိုပြောယင်တော့

*** လောဘနဲ့ လောဘမူလစိတ်လို့ နှစ်မျိုးခွဲရမယ်။

လောဘဆိုတာ လိုချင်တဲ့သဘောလေးကိုပြောတာ အဲဒီ လိုချင်တဲ့သဘောလေးသည် လောဘမူလစိတ်နဲ့ယှဉ်တွဲပြီးတော့ ဖြစ်တဲ့ စေတသိက်တရားသာ ဖြစ်တယ်။ အဲဒီလောဘမူလစိတ် ဖြစ်လာလို့ရှိယင် လောဘစေတသိက်တခုတည်းသာဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့ စေတသိက်တွေလည်း ဖြစ်သေးတယ်။ အားလုံး လောဘမူစိတ် ၈ခု မှာ ဖြစ်ခွင့်ရှိတဲ့ စေတသိက်အပေါင်းဟာ လောဘအပါအ၀င် ဆိုလိုရှိယင် ၂၂ ခု ရှိတယ်ပေါ့။

ထိုလိုချင်တဲ့စိတ်ဆိုတာ စိတ် စေတသိက်ပေါင်းလိုက်မယ်ဆိုလို့ ရှိယင် စေတသိက်က ၂၂ခု ၊ စိတ်က ၈ခု။ သို့မဟုတ် စိတ် ၁ခုနဲ့ စေတသိက် ၂၂ခု ၊ ပေါင်းလိုက်ယင် ၂၃ခု ။ ၂၃ခုကို တခုတခုတွက်ထားလို့ ရှိယင် လူတွေ ပြောနေကြတဲ့ လိုချင်တဲ့စိတ် ဆိုတာ . . အဲဒါကို ပြောတာ . . ။ အဲဒီလိုချင်တဲ့စိတ်ကလေး မိမိရဲ့ရင်ထဲ နှလုံးထဲမှာ ခိုင်မာနေအောင် ဘယ်သူကလုပ်ပေးနေလည်းဆိုယင် . . လိုချင်တယ် ဆိုတဲ့ လောဘကနေ ပြီးလုပ်ပေးနေတာ၊ သူ့မှာ ဒီလိုသတ္တိအထူးရှိတယ်လို့ ဒီလို ပြောတာ . . ။

အဲတော့ အခြားစေတသိက်တွေမှာ ဒီလို စွမ်းရည်သတ္တိရှိလားဆိုတော့ . .*** မရှိဘူး။

ဒီစိတ်ထဲမှာဆိုယင် လောဘသည် ဟေတုသတ္တိနဲ့ကျေးဇူးပြုထားတဲ့ စွမ်းရည်သတ္တိထဲမယ် . . ဥပမာမယ် . . ဒိဋ္ဌိဆိုတဲ့ တရားဟာလည်း လိုချင်တဲ့စိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်။ မာနဆိုတဲ့ တရားဟာလည်းပဲ လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီ့း ဖြစ်ပေါ်လာတယ်။ အဲဒီ ဒိဋ္ဌိတို့ မာနတို့မှာ . . ဒီလောဘစိတ်ကို ထိန်းထားနိုင်စွမ်း ရှိရဲ့လားဆိုတော့ မရှိဘူး၊ ဒီသတ္တိ သူတို့မှာ မရှိဘူး။

ဥပမာမယ် လောဘမူစိတ် ၈ခု မှာ ယှဉ်တဲ့ စေတသိက်တွေ . . ဖဿဆိုတာရှိတယ်၊ ဝေဒနာဆိုတာရှိတယ်၊ သညာဆိုတာရှိတယ်။
စေတနာရှိတယ်။ ဧကဂ္ဂတာရှိတယ်။ ဇိဝိတိနြေ္ဒရှိတယ်။ မနသိကာရရှိတယ်။ အဲဒါတွေက လိုချင်တဲ့စိတ်ကလေးကို သူတို့ ထိမ်းထားနိုင်သလားဆိုတော့ မထိမ်းနိုင်ဘူးး။

လိုချင်တဲ့စိတ်ပေါ်လာလို့ရှိယင် သူတို့ပါလာတာပဲရှိတယ်၊ သူတို့က လိုချင်တဲ့စိတ်ကို အခိုင်အမာဖြစ်အောင် ကျေးဇူးပြုနိုင်စွမ်း မရှိကြဘူး။

ထို့အတူပဲ ၀ိတက်တို့ ၀ိစာရတို့ ဆိုတဲ့ စေတသိက်တွေ ၊ ပီတိဆိုတဲ့ စေတသိက်တွေ ၊ အဓိမောက္ခဆိုတဲ့ စေတသိက်တွေ ၊ ၀ီရိယဆိုတဲ့ စေတသိက်တို့ ၊ ဆန္ဒဆိုတဲ့ စေတသိက်တွေ ၊ မောဟတို့ အဟေရိကတို့ အနောတ္တပတို့ဆိုတဲ့ စေတသိက်တွေ . . သူတို့ကရော . .

(မောဟကတော့ လောဘမူစိတ်ကို ထိမ်းထားတဲ့ အထဲမယ်ပါတယ်) သို့သော် အဓိက ပဓါနကတော့ လောဘကထိမ်းထားတာ . . ။ အဲဒီမှာ - အဟေရိက ၊ အနောတ္တပ၊ ဥဒ္ဒစ္စဆိုတဲ့ တရားတွေဟာ ဟေတုသတ္တိမရှိသည့်အတွက်ကြောင့်မို့လို့ ထိမ်းထားနိုင်စွမ်း မရှိဘူးတဲ့။

သို့သော် လိုချင်စိတ်နဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာကြတာတွေချည်းပဲ . . ။

ကောင်းပြီ . . အာရုံတစ်ခုခုကိုတွေ့ရှိလို့ မိမိတို့စိတ်ထဲမှာ လိုချင်စိတ်ကလေးဖြစ်လာပြီဆိုလို့ရှိယင် . . ဟောဒီ သဘာဝတွေဖြစ်လိမ့်မယ် . . လောဘမူစိတ်ရယ်၊ စေတသိက်တွေရယ်ဖြစ်လိမ့်မယ်၊ ထိုစိတ် စေတသိက်တွေဖြစ်တာနဲ့တစ်ပြိုင်နက် စိတ္တဇရုပ်တွေ ထုတ်လုပ်လိမ့်မယ်၊ ဒီသဘောတရားတွေ ရှိနေလိမ့်မယ်။ အဲဒီလိုရှိနေတဲ့အထဲမှာ လောဘသည် မိမိနဲ့အတူတကွ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေကို ရှင်သန်နေအောင် အခိုင်အမာရပ်တည်နေအောင် ၊ ရပ်တည်နို်င်အောင် ကြီးပွားလာအောင် ကြီးထွားလာအောင် ကျေးဇူးပြုတယ်၊ ထိမ်းထားတယ် . . တဲ့။

အဲတော့ ဒီလောဘနဲ့ ကျန်တဲ့ လိုချင်တဲ့စိတ် စွမ်းအားတွေဟာ သူတို့က တစ်ပြိုင်နက်ဖြစ်ကြတာ။ လောဘကအယင်ဖြစ်ပြီးတော့ လိုချင်တဲ့စိတ်တွေက နောက်မှ ဖြစ်လာတာ မဟုတ်ဘူး။ *** လောဘနဲ့လိုချင်တဲ့စိတ်သည် တစ်ပြိုင်နက် ဖြစ်လာတာ။

တစ်ပြိုင်နက်ဖြစ်လာပြီးတော့ သူ့မှာ ထူးခြားတဲ့စွမ်းရည်သတ္တိကဘာတုန်းဆိုယင် အဲဒီ … *** သူနဲ့ဖြစ်ဖော်ဖြစ်ဖက် သဘာဝတရားတွေကို ရှင်သန်နေအောင် ထိမ်းထားနိုင်တာက လောဘရဲ့သတ္တိပဲ . . တဲ့။ တခြားစေတသိက်တွေမှာ ဒီသတ္တိမျိုးမရှိဘူးလို့ ဒီလိုပြောတာ . .။

ကဲ . . ဒါဖြင့် လောဘရဲ့သတ္တိထူးက ဟေတုသတ္တိထူး။ သို့သော် ဒီလောဘဆိုတဲ့ သဘာဝတရားက လိုချင်တဲ့စိတ်နဲ့ လိုချင်တဲ့စိတ်ကနေ ထုတ်လုပ်ထားတဲ့ စိတ္တဇရုပ်တရားတွေကို ဟေတုသတ္တိတစ်ခုတည်းနဲ့ ကျေးဇူးပြုနိုင်တာလားလို့ … ? ဆိုတော့ . .
ဟေတုသတ္တိတစ်ခုတည်းနဲ့မဟုတ်ဘူး . . တခြားအကြောင်းတွေလည်း ပါဝင်ပြီးတော့ ကျေးဇူးပြုနေကြတယ်။ သူ့ရဲ့သတ္တိထူးကတော့ ထိမ်းထားတဲ့ ဟေတုသတ္တိထူးပဲ။ ဒါဖြင့် ဘာသတ္တိထူးတွေရှိတုန်းဆိုတော့ . .

*** လောဘမှာ လိုချင်တဲ့စိတ်နဲ့စိတ္တဇရုပ်တွေကို အတူတကွဖြစ်တယ်ဆိုတဲ့ သတ္တိတစ်မျိုးလည်းရှိသေးတယ်။ *** အဲဒါကို သဟဇာတပစ္စယောလို့ခေါ်တယ်။

သဟဇာတပစ္စယောဆိုတာ လောဘနဲ့လိုချင်တဲ့စိတ် ထိုလိုချင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်များသည် ပြိုင်တူဖြစ်လာတာ ဖြစ်သောကြောင့် . . . သူက အကြောင်းကအယင်ဖြစ်ပြီး အကျိုးကနောက်မှဖြစ်တာလို့ . . ဒီလို မဟုတ်ဘူး . . ဒီနေရာမှာ . . အကြောင်းနဲ့အကျိုးသည် ပြိုင်တူဖြစ်လာတာ . . အဲဒီ ပြိုင်တူဖြစ်လာတာကိုပဲ သဟဇာတသတ္တိလို့ပြောတာ . . နော် ။

ပြိုင်တူဖြစ်လာပြီးတော့ အကျိုးပြုတာ။ ဒါဖြင့် ပြိုင်တူဖြစ်ပြီးတော့ အကျိုးပြုတာမျိုးရှိနိုင်သလား . . အကျိုးကိုထုတ်လုပ်တာ ရှိသလားဆိုတော့ . . ရှိတယ်လေ။

မီးထွန်းလိုက်လို့ရှိယင် အလင်းရောင်က ချက်ခြင်းလာတာ ၊ မီးလင်းလိုက်တာနဲ့တစ်ပြိုင်နက် အလင်းရောင် ရတာ ၊ မီးငြိမ်းသွားတာနဲ့တစ်ပြိုင်နက် မှောင်သွားတာ . . ဟော . . ဒါပြိုင်တူဖြစ်တာလို့ ခေါ်တယ်။

အဲတော့ လောဘလေးဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် လိုချင်တဲ့စိတ်တွေ တစ်ပြိုင်နက် ဖြစ်လာတာ။ လောဘနဲ့လိုချင်တဲ့စိတ်ရယ်၊ စိတ္တဇရုပ်တွေရယ် တစ်ပြိုင်နက် ဖြစ်လာတာ။ အဲဒါကြောင့်မို့လို့ ဒါကို သဟဇာတသတ္တိလို့ ခေါ်တယ်။

သဟဇာတဆိုတာ - သဟ ဆိုတာ အတူတကွ၊ ဇာတ က ဖြစ်လာတာ . . born together . အတူတကွဖြစ်လာတယ်တဲ့။ အတူတကွဖြစ်ပြီးတော့ ကျေးဇူးးပြုနေတယ်လို့ . . ဒီလိုပြောတာ ဖြစ်တယ်။ အဲတော့ ဟေတုသတ္တိဆိုတာ သူ့ရဲ့ထူးခြားတဲ့ စွမ်းရည်တစ်ခု ၊ အတူတကွဖြစ်ပြီး ကျေးဇူးပြုတယ်ဆိုတာ . . ကျန်တဲ့ တရားတွေမှာလည်း ဒီသတ္တိရှိတယ်။ လောဘတစ်ခုတည်းမှာတင် ဒီသတ္တိရှိတာ မဟုတ်ဘူး။

ဒါကြောင့်မို့လို့ ဟေတုသတ္တိဆိုတဲ့ သတ္ထိဝိသေသလို့ပြောတာ .. သူနဲ့ယှဉ်ပြိုင်ပြီးတော့ ၀င်လာတဲ့ စွမ်းရည်သတ္တိတွေက . . သဟဇာတသတ္တိ . . ဟော . . ယှဉ်ပြိုင်လာတယ် ။

*** နောက်တစ်ခု ဘာဝင်လာသေးတုန်းဆိုယင် . . အညမည . . ဆိုတာ .. Reciprocal. . အပြန်အလှန်လို့ . . ဒီလို အဓိပ္ပာယ်ရတယ်။ လောဘလေးဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် . . လိုချင်တဲ့စိတ်တို့ . . စိတ္တဇရုပ်တို့ ဖြစ်လာတယ်။ အဲဒီ လောဘနဲ့လိုချင်တဲ့စိတ် စိတ္တဇရုပ်တို့ဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဘယ်လို အပြန်အလှန် အထောက်အကူပြုနေလည်းဆိုယင် . . .

သုံးချောင်းထောက်ကို ကြည့်လိုက် . . ဒီဒေါက်သုံးဒေါက်သည် တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီထားတာ . . တစ်ခု ပျက်သွားယင် ကျန်တဲ့ နှစ်ခုက ပြိုလဲသွားမှာပဲ . ..။

ထို့အတူပဲ လောဘမှာ လိုချင်တဲ့စိတ်နဲ့ စိတ္တဇရုပ်တွေကို ထိမ်းထားဖို့အတွက် သူ့မှာ အပြန်အလှန် ကျေးဇူးပြုနိုင်တဲ့ စွမ်းရည်သတ္တိလည်း သူ့မှာ ရှိတယ်လို့ ပြောတာ . .။

အဲတော့ လောဘက လိုချင်တဲ့ စိတ်နဲ့ စိတ္တဇရုပ်တွေကို . . လိုချင်တဲ့စိတ်ကို ကျေးဇူးပြုတဲ့အခါမှာ အပြန်အလှန်သတ္တိထူးလေးလည်း သူ့မှာ ရှိတယ်လို့ပြောတာ ဖြစ်တယ်။

၂၄ပစ္စည်းဆိုတာ တော်တော်များများ ဆက်စပ်ပြီးနေလေ့ရှိကြတယ်။ ပစ္စည်းတစ်ခုနဲ့တစ်ခုဟာ ဆက်သွယ်ပြီးတော့ နေတယ်။ အခု အဲဒီမှာ အပိုင်း ၂ပိုင်း ထားပြီးတော့ ပြောမှ ပိုပြီးတော့ ရှင်းမယ်။ အပိုင်း ၂ ပိုင်း ဆိုတာ -

*** လောဘနဲ့လိုချင်တဲ့စိတ်က တစ်ပိုင်း ၊ လောဘနဲ့လိုချင်စိတ်ကြောင့်ဖြစ်လာတဲ့ ရုပ်ကတစ်ပိုင်းလို့ ဒီလို နှစ်ပိုင်းခွဲပြီးတော့ ပြောမယ်။

အဲတော့ လောဘနဲ့လိုချင်တဲ့စိတ် ၊ လောဘနဲ့လိုချင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ စိတ္တဇရုပ်၊ သို့မဟုတ် ၊ လောဘနဲ့လိုချင်တဲ့စိတ်ရယ်၊ လိုချင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ရုပ်ရယ်၊ သုံးခု သုံးအုပ်စု ခွဲကြည့်လိုက်။

* လောဘကအကြောင်းတရား၊ လိုချင်တဲ့စိတ်က အကျိုးတရား။ ဒါကတစ်ခု။

** လောဘကအကြောင်းတရား၊ လိုချင်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်က အကျိုးတရား၊ ဒါတစ်ခု။

*** နောက်တခါ လောဘကအကြောင်းတရား၊ လိုချင်တဲ့စိတ်ရယ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်ရယ်က အကျိုးတရား။ လို့ သုံးစု ခွဲကြည့်လိုက် . .။ သုံးစုခွဲလာတဲ့အခါမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာတဲ့ သတ္တိတွေ တစ်ခုနဲ့တစ်ခု မတူဘူးလို့ ဒီလိုပြောတာ . .။

အဲဒီထဲမယ် အားလုံးမှာ ပါဝင်နိုင်တဲ့ သတ္တိတွေက ဘာတုန်းဆိုယင် အခုပြောခဲ့တဲ့ လောဘနဲ့လိုချင်တဲ့စိတ်ရယ်၊ လိုချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ရုပ်ရယ်၊ အဲဒီနှစ်ခုသည် အတူတကွဖြစ်နေတာ ဖြစ်သောကြောင့် သဟဇာတသတ္တိ ။ လောဘနဲ့လိုချင်တဲ့စိတ်ကျတော့ အပြန်အလှန်ရသည်အတွက်ကြောင့် အညမညသတ္တိ တစ်ခု ပိုလာတယ်။ နောက်တစ်ခုက ဘာသတ္တိရှိတုန်းဆိုယင် လောဘကနေ လိုချင်တဲ့စိတ်ရယ်၊ လိုချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ရုပ်ရယ်၊ အဲဒီ နှစ်ပိုင်းက . . လောဘက ဘာသတ္တိနဲ့ကျေးဇူးပြုသေးလည်းဆိုယင် နိဿယသတ္တိ၊ နိဿယပစ္စယော တဲ့။ ၂၄ပစ္စည်းထဲမှာ နိဿယပစ္စယောတဲ့။

နိဿယပစ္စယောဆိုတာ မှီရာအနေအထား အားဖြင့် ကျေးဇူးပြုတာ . . တဲ့။

လောဘဆိုတဲ့ အမှီရှိသည့်အတွက်ကြောင့် ဒီလိုချင်တဲ့စိတ်တို့ . . လိုချင်တဲ့စိတ်ကြောင့်ဖြစ်တ
ဲ့ စိတ္တဇရုပ်တို့ဟာ ရှင်သန်နိုင်တာ . . ဒီလိုဆိုလိုတယ်။
အဲတော့ လောဘလေးတစ်ခုဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ဟေတုပစ္စည်းတင်မကဘူး။ အခုပြောတဲ့ သဟဇာတပစ္စည်းပါလာတယ်၊ ရံခါ အညမညပစ္စည်းပါလာတယ်၊ နိဿယပစ္စည်းပါလာတယ်၊ နောက်တစ်ခု အများဆုံး အမြဲတမ်းပါနေတာကတော့ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အ၀ိဂတ၊ အဲဒီ ၄ခု က အမြဲတမ်းပါနေတယ်။

ပြန်ပြီးတော့ မှတ်ဖို့ . .

လောဘဆိုတဲ့အကြောင်းတရားလေးကနေပြီးတော့ လိုချင်တဲ့စိတ်ရယ်၊ လိုချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ရယ်၊ အဲဒီနှစ်ခုကို ကျေးဇူးပြုတဲ့အခါမှာ သူ့ရဲ့သတ္တိထူးက ဟေတုပစ္စယော။ ဟေတုသတ္တိဟာ သူ့ရဲ့သတ္တိထူး။ သာမာန် တစ်ခြားစိတ်တွေလို သာမာန်သတ္တိအနေနဲ့ပါဝင်တာတွေက ဘာတွေတုန်းဆိုယင် . . သဟဇာတပစ္စယော၊ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်။ နိဿယပစ္စယော၊ မှီရာဖြစ်ပြီးတော့ ကျေးဇူးးပြုတယ်။ အတ္ထိပစ္စယော၊ နှစ်ခုစလုံးရှိနေခိုက်မှာ ကျေးဇူးပြုတယ်။ အ၀ိဂတပစ္စယော၊ နှစ်ခုစလုံးပျောက်မသွားခင် ကျေးဇူးပြုတယ် . . ဟော - ဒီလေးခုပါဝင်နေတယ်လို့ ဒီလိုဆိုလိုတယ်။

တဖန် လောဘကနေပြီးတော့ ဒီလိုချင်တဲ့စိတ်ကလေးကိုတင်ကြည့်မယ်ဆိုလို့ရှိယင် . . . လောဘက အကြောင်းတရား ၊ လိုချင်တဲ့စိတ်လေးက အကျိုးတရားလို့ပြောတဲ့အခါကျတော့ . . အခုပြောတဲ့ သတ္တိလေးမျိုးအပြင် နောက်ထပ် ဘာတွေပါလာတုန်းဆိုယင် . . . အညမည ပါလာမယ်။ အညမညပစ္စယော၊ အပြန်အလှန်။ သမ္ပယုတ္တပစ္စယော၊ ဒီနှစ်ခုသည် အတူဖြစ်ခြင်း၊ အတူချုပ်ခြင်း၊ အာရုံတစ်ခုတည်းကိုသာ ယူခြင်း၊ မှီရာဝတ္ထု တူခြင်း လို့ ဆိုတဲ့ တူ ၄ ပါး နဲ့ ယှဉ်တွဲထားလို့ သမ္ပယုတ္တပစ္စယော။

အဲတော့. . .

*** သမ္ပယုတ္တပစ္စယောဆိုတာ တူ ၄ ပါးနဲ့ ယှဉ်တွဲထားရမယ်။ တူ ၄ ပါး ဆိုတာ ဘာတုန်း။ ဖြစ်တာ တူတယ်၊ ချုပ်တာ တူတယ်၊ အာရုံ တူတယ်၊ မှီရာဝတ္ထု တူတယ် . တဲ့။ ဟော - အဲဒီ အတူ ၄ ခု နဲ့ ယှဉ်တွဲနေတဲ့ သဘာဝတရား။ တူတယ်ဆိုကတည်းက စိတ်ထဲမှာ တစ်ခုတည်းလို ဖြစ်သွားပြီလေ။ အတူတူဖြစ်ကြတယ်။ အတူတူချုပ်ကြတယ်။ အာရုံတစ်ခုတည်းကိုယူတယ်။

မှီရာဝတ္ထုတစ်ခုတည်းကနေပေါက်ဖွားလာတယ် ဆိုလို့ရှိယင် . . လူတွေရဲ့စိတ်မှာ သာမာန်ကြည့်မယ်ဆိုလို့ရှိယင် တစ်ခုတည်းလို့ပဲထင်မှာပဲ . . နှစ်ခုလို့ မထင်ဘူး။ ဒါကြောင့်မို့လို့ပြောကြတယ်လေ . . လူတွေက သိလို့ရှိယင် . . လိုချင်တဲ့စိတ်တွေဖြစ်တယ်လို့ ဒီလောက်ပဲပြောတယ်။ လိုချင်တဲ့စိတ်လို့ပဲပြောတယ်။ ခွဲမပြောနိုင်ဘူး။ ဘာလို့တုန်းဆိုယင် ဒါတွေက တူနေတာ။ တူနေသည့်အတွက်ကြောင့် တစ်ခုတည်းလိုဖြစ်နေတယ်။ အဲဒါ အဘိဓမ္မာအရကြတော့ မတူဘူးတဲ့ . . သူ့ Function နဲ့ သူ . . . သမ္ပယုတ္တပစ္စယော ။

နောက်တစ်ခု ပါဝင်နိုင်တဲ့ ပစ္စည်းတစ်ခုက ဘာတုန်းဆိုလိုရှိယင် . . .

(ဒါဟေတုပစ္စည်းအပြင်ပါလာတာတေ
ွကို ပြောတာနော်) . . နောက်တစ်ခုပါနိုင်တာက - - -
လောဘကနေပြီးတော့ . . . လိုချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ရုပ်ကို အထောက်အကူပြုတဲ့အခါမှာ ဘာလာတုန်းဆိုတော့ --- လောဘက နာမ်တရား၊ အထောက်အကူပြုခံရတာက ထုတ်လုပ်ထားတာက ရုပ်တရား လို့ ဆိုတော့၊ ရုပ်နဲ့နာမ် နှစ်ခုဖြစ်မသွားဘူးလား။ အဲဒီလို ရုပ်နဲ့နာမ် နှစ်ခုဖြစ်လို့ရှိယင် . . ခုနက . . ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံအတူ၊ ၀တ္ထုအတူဆိုတဲ့ … တူ လေးခု မရတော့ဘူး။ . . . မရသည့်အတွက်ကြောင့် သူ့ကို ၀ိပ္ပယုတ္တပစ္စယောလို့ ခေါ်တယ်။

ဝိပ္ပယုတ္တပစ္စယောဆိုတာ ရုပ်နဲ့နာမ် အတူတကွယှဉ်တွဲ၍နေသော်လည်း --- ဖြစ်တူခြင်း၊ ချုပ်တူခြင်း၊ အာရုံတူ၊ မှီရာဝတ္ထုတူ ဆိုတဲ့ အတူ ၄ ချက် မရနိုင်ဘူး . . တဲ့ ။ . . . မရနိုင်သည့်အတွက်ကြောင့်. . . ၀ိပ္ပယုတ္တပစ္စယော။ ဒီတစ်ခုပိုလာတယ်။

အဲတော့ လိုချင်စိတ်လေးပေါ်လာတာနဲ့တစ်ပြိုင်နက် ၂၄ ပစ္စည်းထဲက ဘာတွေပါတုန်းလို့ အကျဉ်းချုပ် ပြန်ပြီး ပြောကြည့်ရအောင် . . .

*** လိုချင်စိတ် ဆိုတာလေး ပေါ်လာလိုက်တာနဲ့တစ်ပြိုင်နက
် ပါဝင်နိုင်တဲ့ ပစ္စည်းတွေက . . . ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ . . . သမ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော ။ . . . ဟော . ဒီလိုပါလာနိုင်တယ် . . နော် . .။
အဲတော့ လောဘက ၀ိပါက်မရှိလို့ ၀ိပါကတော့ မပါနိုင်သေးဘူး။ ဒီလိုလည်း မှတ်ထားဦး . . နော်။ ၀ိပါက်စိတ်မှာ လောဘဆိုတာ မရှိဘူး မဟုတ်လား . . မပါဘူး ။

အဲတော့ . . .

*** ဟေတုပစ္စည်းနဲ့ပတ်သက်ပြီးတော့ ယှဉ်တွဲပါဝင်လာနိုင်တဲ့ ပစ္စည်းဟာ ၁၁ မျိုး ရှိတယ်။ ဒါဖြစ်သင့်သလိုပါဝင်တာ၊ အမြဲတမ်းပါဝင်တာမဟုတ်ဘူး . . ပါဝင်နိုင်တဲ့ ပစ္စည်းပေါင်း ၁၁ မျိုး ရှိတယ်။

အဲဒီ ၁၁ မျိုးက ဘာတွေတုန်း ဆိုလို့ရှိယင် . . .

*** အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ၀ိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ၀ိပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ ..။ အဲဒီ ၁၁မျိုး။ ဟေတုပစ္စည်းပါထည့်လိုက်လို့ရှိယင် ၁၂ မျိုး။

*** ဟေတုက သတ္တိဝိသေသ၊ ကျန်တာတွေက သတ္တိသာမညလို့ ၊ ဒါတွေ အတူတူပါလာတာ။
အဲတော့ လိုချင်တဲ့စိတ်လေးတင်မကဘူး။ အကုန်ချုံပြီးတော့ပြောတာ၊ ဟေတုပစ္စည်းတစ်ခုလုံးကို ချုံပြောလိုက်ယင် . . ဟိတ်ခြောက်ပါးက ပစ္စည်း၊ သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိစိတ္တဇရုပ်၊ သဟိပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုတ္တပ္ပန်လို့ အကုန်လုံးချုံပြီးပြောလိုက်မယ်ဆိုယင် ဟောဒီ ၁၁ ပစ္စည်းရတယ်။ လို့ပြောတယ်။

သို့သော် လောဘလေးတင်ပြောယင် .. ၀ိပါကဆိုတာမပါနိုင်ဘူး၊ ဣန္ဒြိယဆိုတာမပါနိုင်ဘူး၊ မဂ္ဂမပါနိုင်ဘူး၊ ဒါမပါနိုင်တဲ့ ပစ္စည်းတွေ။ နောက်လောဘမှာ အဓိပတိမရှိသည့်အတွက်ကြောင့် အဓိပတိပစ္စည်းဆိုတာ မပါနိုင်ဘူး။ တဲ့… ကျန်တဲ့ဟာတွေပါနိုင်တယ်တဲ့။ ဒီလိုခွဲခြားပြီးတော့ နားလည်ရမယ်။

အဲတော့ . . . *** လောဘကို ပစ္စည်းယူလို့ ပါနိုင်တာတွေကို ပြန်ပြီးတော့ တွက်ကြည့်ရအောင် . . . လောဘကပစ္စည်း၊ လိုချင်တဲ့စိတ်နဲ့ခုနက စိတ္တဇရုပ်တွေက ပစ္စယုပ္ပန်လို့ သူတို့အချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီးတော့ ကျေးဇူးးပြုနေတဲ့ ပစ္စည်းပေါင်းဟာ ဘယ်လောက်ရှိလည်းလို့ ပြန်တွက်ကြည့်လိုက်မယ်ဆိုလို့ရှိယင် .. ကြည့် …

ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ ၈ ခု ရှိတယ်။ အဲတော့ အဲဒီ သတ္တိ ၈မျိုးထဲမှာ ဟေတုသတ္တိသည် သတ္တိဝိသေသ ၊ ထူးခြားတဲ့ သတ္တိတစ်ခု။ ကျန်တာတွေက သတ္တိသာမညလို့ ဆိုလိုတယ်။ ကျန်တဲ့ သဘာဝတရားတွေမှာလည်း ဒီသတ္တိတွေရှိတယ်။ လို့ ဒါက လောဘနဲ့ပတ်သက်ပြီးတော့ သဘောပေါက်ဖို့ ။


(မှတ်ချက် ။ ။ လောဘအကြောင်းအသေးစိတ်ရှင်းပြီးဖြစ်သဖြင့် ဒေါသနှင့် မောဟအကြောင်းကို စာမျက်နှာအခက်အခဲကြောင့် အတော်များများ ချုံ့လိုက်ရပါသည်။ )

နေ့စဉ်နဲ့အမျှ ရံဖန်ရံခါ အကြောင်းမညီညွတ်လို့ နှလုံးသွင်းမှားလို့ မကောင်းတဲ့အာရုံနဲ့တွေ့လို့ ဒေါသဖြစ်တယ်ဆိုပါစို့ … အရပ်ကပြောတော့ စိတ်ဆိုးတဲ့စိတ်လို့ပြောတယ်။ စိတ်ဆိုးတဲ့စိတ်လို့ပြောတဲ့အခါမှာ စိတ်ဆိုးတယ်လို့ပြောတဲ့အထဲမှာ ဒေါသလေးပါတယ်။ အဲဒီဒေါသနဲ့ယှဉ်တဲ့စိတ်တွေပါတယ်။ သူတို့နဲ့ယှဉ်တွဲဖြစ်တဲ့ စေတသိက်တွေပါတယ်။

အဘိဓမ္မာအနေနဲ့ပြောမယ်ဆိုလို့ရှိယင် ဒေါသမူစိတ် ၂ ခု နဲ့ စေတသိက် ၂၂ ။ စိတ်ဆိုးတယ်ဆိုတာ အဲဒီထဲကပဲ။ စိတ်ဆိုးတယ်ဆိုတာ အဲဒါကိုပြောတာ။ နောက်ပြီးတော့ အဲဒီ ဒေါသမူစိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ် တဲ့။

ဒေါသရဲ့သတ္တိထူးက ဒေါသနဲ့ တွေးကြံမှု ၊ ဒေါသနဲ့ ပြုလုပ်တဲ့ အပြောအဆို အပြုအမူ လုပ်ကိုင်ပုံတွေကို ခိုင်မြဲနေအောင် ဒေါသကနေထိမ်းထားတယ်။ အဲဒါကြောင့်မို့ ဒေါသမှာ အထူးဝိသေသအားဖြင့် ဟေတုသတ္တိဆိုတာရှိတယ်။ တဲ့… သူ့ရဲ့ ဟေတုသတ္တိက .. သူနဲ့ယှဉ်ဖက်တရားတွေ ရှင်သန်နေအောင်ထိမ်းပေးထားတယ်။

နောက် ဟေတုပစ္စယောဆိုတဲ့ သတ္တိဝိသေအပြင် နောက်ထပ်ဘာပါလာတုန်းဆိုယင် သဟဇာတ … အတူတူဖြစ်ကြတယ်တဲ့။ စိတ်ဆိုးလို့ဖြစ်ပေါ်လာတဲ့ရုပ်တွေဟာ အတူတကွဖြစ်ကြလို့ သဟဇာတပစ္စယော။ ဒေါသကနေ သူနဲ့ယှဉ်ဖက်စိတ်ကိုဆိုလို
့ရှိယင် အညမညပစ္စယော။ မှီရာအနေနဲ့ပြောမယ်ဆိုယင် နိဿယပစ္စယော။ ဒီလိုဖြစ်လာတယ်။
တစ်ခါ ဒေါသနဲ့ သူနဲ့ယှဉ်ဖက်တရားတွေတင်ကြည့်မယ်၊ ရုပ်မပါဘဲနဲ့ဆိုလို့ရှိယင် သမ္ပယုတ္တပစ္စယော။ ရုပ်နဲ့ဒေါသနဲ့ဆိုလို့ရှိယင် ၀ိပယုတ္တပစ္စယော။

ရှိနေခိုက်မှာကျေးဇူးပြုသောကြောင့် အတ္ထိပစ္စယော။ မကင်းသေးခင်ကျေးဇူးပြုတာ မချုပ်သေးခင်ကျေးဇူးပြုတာဖြစ်သောကြောင့် အ၀ိဂတပစ္စယော။ ဟော…စိတ်ဆိုးတယ် ဆိုတဲ့အထဲမယ် ၂၄ ပစ္စည်းတည်းက ဒါတွေပါနေတယ်လို့ ဒီလိုနားလည်ရတယ်။

ဒါကိုပစ္စည်းပြိုင်တယ်လို့ခေါ်တယ်။ ပဋ္ဌာန်းသင်တဲ့ အသုံးအနှုန်းတွေနဲ့ပြောမယ်ဆိုယင် ဒါကို ပစ္စည်းပြိုင်လို့ ခေါ်တယ်။ ပစ္စည်းပြိုင်တယ်ဆိုတာ အမျိုးတူမှ ပြိုင်လို့ရတယ်၊ အမျိုးမတူယင် ပြိုင်လို့မရဘူး။ အခုအမျိုးအစားက ဘယ်လိုအမျိုးအစားမျိုးလည်းဆိုယင် born together သဟဇာတမျိုး အတူဖြစ်တဲ့အမျိုးတွေ။ အတူမဖြစ်တဲ့အမျိုးတွေထည့်ပြီး ပြိုင်လို့မရဘူးပေါ့။


ဒေါသဖြစ်ပြီလိုဆိုလိုက်တာနဲ့ စိတ်ဆိုးပြီဆိုလိုက်တာနဲ့တစ်ပြိုင်နက် ၂၄ ပစ္စည်းထဲက ဘာတွေပါလာတုန်းဆိုယင် . . . ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ၀ိပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အ၀ိဂတပစ္စယော။ လို့ ၈ ခု ပါလာတယ်။ ၂၄ပစ္စည်းဆိုတာ တခုနဲ့တခုဆက်သွယ်ပြီးတော့ . . conditional relation လို့ ပြောတာ။ conditional relation တခုနဲ့တခုအခြေအနေပေးပြီးတော့ အကြောင်းအကျိုးပြု ပြီးတော့ ဆက်သွယ်နေတဲ့ သဘောတရားတွေတဲ့။ အဲဒီထဲမယ် ဒေါသရဲ့အရေးကြီးဆုံး သူ့ရဲ့သတ္တိဝိသေသက ဟေတုသတ္တိပဲ။

ကဲနောက်တစ်ခုပြောရအောင် မောဟဆိုတာကိုကြည့် . . .

မောဟရဲ့သဘာဝတရားဟာ သာမာန်အားဖြင့် လူတွေဟာ လောဘဖြစ်တာလည်း ပြောတတ်ကြတယ်။ ဒေါသဖြစ်တာလည်း ပြောတတ်ကြတယ်။ မောဟဖြစ်တာကြတော့ ဘယ်လိုပြောမတုန်း . . . ?
မောဟဖြစ်တာကြတော့ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်။ တဲ့…
အမှားကို အမှန်ထင်နေတယ်။ အမှန်ကို အမှားထင်နေတယ်။ တဲ့ … ဒါ မောဟရဲ့သဘော၊ မောဟရဲ့သဘောက အဲဒီလို။ မောဟက မသိတာ မဟုတ်ဘူး။ အမှန်ကိုမသိတာကို မောဟလို့ခေါ်တယ်။ မသိတာမဟုတ်ဘူး။ သိတယ်။ သိတာကဘာတုန်း အမှားသိတာ။ အမှန်မသိဘဲ အမှားသိနေတာဟာ မောဟပဲတဲ့။

ဒါကိုပဲ တွေဝေတယ်လို့ပြောတာ ဖြစ်တယ်။ အမှန်တရားကို မသိမမြင်သည့်အတွက်ကြောင့် မောဟ၊ သို့သော် မသိဘူးဆိုတာ အကုန်မသိတာ မဟုတ်ဘူး။ သဘာဝအစစ်အမှန်ကိုမသိတာ တခြားဟာကို သူက သိနေတယ်။ တလွဲသိနေတယ်လို့ပြောတာ။
မောဟလေးဖြစ်လာပြီဆိုလို့ရှိယင် အကုသိုလ်စိတ်တွေနဲ့သူကယှဉ်တယ်။ သူ့ရဲ့ မောဟမူစိတ်အပြင်၊ အကုသိုလ်စိတ်အားလုံးနဲ့ယှဉ်တယ်။

အကုသိုလ်စိတ်အားလုံးနဲ့ယှဉ်နေတဲ့အခါကျတော့ တွေဝေတဲ့စိတ်ပေါ်လာပြီဆိုတဲ့အခါမှာ လောဘနဲ့ယှဉ်တွဲလာတဲ့အခါမှာ သူ့ရဲ့သတ္တိတွေကနောက်ရောက်သွ
ားတယ်။ ဘာဖြစ်လို့တုန်းဆိုယင် လိုချင်တဲ့စိတ်က ရှေ့တန်းတက်လာတယ်။ လောဘကရှေ့တန်းတက်လာတယ်။
တခါ မောဟစိတ်ဟာ မောဟဆိုတဲ့ စေတသိက်တရားဟာ ဒေါသနဲ့ယှဉ်တွဲလာတဲ့အခါ စိတ်ဆိုးတဲ့ဒေါသက ရှေ့တန်းတက်လာပြီး သူက နောက်ရောက်သွားပြန်တယ်။

သူ့ရဲ့သတ္တိကသိပ်မပေါ်ဘူးဖြစ်သွားတယ်။ သူ့ရဲ့သတ္တိက ဘယ်မှာသွားပေါ်တုန်းဆိုယင် မောဟမူစိတ်ကျတော့ ပေါ်ပြီ။ ၀ိစ္ဆိကိစ္စာ တဲ့ အမှန်တရားနဲ့ပတ်သက်ပြီး သံသယတွေဖြစ်နေပြီဆိုယင် သူ့မဆုံးဖြတ်နိုင်တော့ဘူး။ ဥဒ္ဒစ္စလို့ခေါ်တယ်။ စိတ်လေလွင့်နေပြီ်ဆိုယင် သူမဆုံးဖြတ်နိုင်တော့ဘူး။ အမှန်ကိုမသိတဲ့နေရာမှာ အဲဒီ မောဟမူဒွေးနဲ့ယှဉ်ပြီးတော့ မောဟမူလစိတ်နှစ်ခုနဲ့ယှဉ်လာပြီဆိုလို့ရှိယင် မောဟရဲ့စွမ်းရည်သတ္တိတွေပေါ်လာပြီတဲ့။

သူ့ရဲ့သတ္တိဝိသေသကတော့ မောဟရှိနေသေးသမျှ အမှန်မသိမှုတို့ သံသယတို့ စိတ်မငြိမ်မသက်မှုတို့ ဒါတွေဟာ ယှဉ်သန်နေမှာပဲတဲ့။
နောက်ဆုံးလောဘရှင်သန်ဖို့လည်း အထောက်အကူဖြစ်နေမှာပဲ၊ ဒေါသရှင်သန်ဖို့လည်း အထောက်အကူဖြစ်နေမှာပဲ။ အဲတော့ သူဝင်လာလို့ရှိယင် ခုဏက ၂၄ ပစ္စည်းတွေက ဘာတွေဝင်လာနိုင်တုန်း။ ဘာတွေဖြစ်လာနိုင်တုန်းဆိုယင် . . .

နံပါတ်၁က ဟေတုပစ္စယော၊ နောက်ပြီးတော့ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ၀ိပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အ၀ိဂတပစ္စယော။ တဲ့ . . .
ဒီ ပစ္စည်း ၈ မျိုး သူနဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်။
အဲတော့ အကြောင်းဆိုတာ တစ်ခုတည်းမဟုတ်ဘူး။ အများကြီးအထောက်အကူပြုထားတာ။ တစ်ခုတည်းမဟုတ်ဘူး။

ကြည့်လေ . . .

သစ်ပင်လေးတစ်ပင်ပေါက်ဖို့ရာ
အကြောင်းက တစ်ခုတည်းမှ မဟုတ်တာ . . . မြေရှိရတယ်၊ ရေရှိရတယ်၊ အလင်းရောင်ရှိရတယ်၊ အပူအအေးဆိုတာရှိရတယ်။ ဒါတွေ စုံညီနေမှ သစ်ပင်လေးက မျိုးစေ့လေးက အပင်လေးပေါက်လာတာ၊ အကြောင်းတွေအများကြီးပဲ။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ၂၄ပစ္စည်းဆိုတာ အားလုံးကိုစုံပြီးတော့၊ ဖြစ်နိုင်သမျှအကြောင်းတွေကို စုပြီးတော့ ရှင်းပေးထားတာ။ ၂၄ပစ္စည်းဆိုတာ ခေါင်းစဉ်ကလေးတွေပေးလိုက်တာ။

အခုလိုပဲ . ကြည့် . အရပ်ပြောပြောမယ်ဆိုလို့ရှိယင်. . *** လိုချင်တဲ့စိတ်ဖြစ်လာယင် ဒီပစ္စည်းတွေပါမယ်။ ဒီ ၈ မျိုးပါလာမယ်။ စိတ်ဆိုးတဲ့စိတ် ဖြစ်လာယင် ဒီ ၈ မျိုးပါလာမယ်။ အမှန်ကိုမသိ တွေဝေတဲ့စိတ်ဖြစ်လာယင် ဒီ ၈ မျိုးပါလာမယ်။ ၂၄ပစ္စည်းထဲက ဒီ ၈ မျိုးပါနေတယ်ဆိုတာ သတိထားဖို့ပေါ့။

ဒါက မကောင်းတဲ့ဘက်ကပြောတာ။ တစ်ခါကောင်းတဲ့ဘက်က ကြည့်ကြဦးဆို့။
အလောဘ - အလောဘဆိုတဲ့ ဒီသဘာဝတရားကဖြစ်ပေါ်လာတဲ့အခါကျတော့ သူက ကောင်းတဲ့စိတ်ကလေးတွေနဲ့ယှဉ်တွဲလာတယ်။ မဟာကုသိုလ်စိတ်တို့ ၊ ရဟန္တာပုဂ္ဂိုလ်မှာဆိုယင် မဟာကြိယာစိတ်တို့ ၊ နောက် ပဋိသန္ဓေအခါ ပ၀တ္တိအခါတို့ မဟာဝိပါက်စိတ်တို့ ။ ဈာန်စိတ်တွေနဲ့သွားပြန်လို့ရှိယင် ရူပါဝစာရကုသိုလ်စိတ်တို့ ၊ အလောဘကပါတယ်။

အလောဘဖြစ်လို့ မဟာကုသိုလ်စိတ်ကလေး ကုသိုလ်စိတ်ကလေးဖြစ်လာပြီိဆိုတဲ့အချိန်မှာ ဘာပစ္စည်းတွေဝင်လာတုန်း။ အဲဒီ ကုသိုလ်စိတ်ကလေးကို ဘယ်သူကနေထိမ်းပေးထားလည်းဆိုယင် အဲဒီ အလောဘကနေထိမ်းပေးထားတယ်။ ဒါကြောင့်မို့လို့ သူ့ကို ဟေတုပစ္စယောလို့ပြောတာ။ ဒါက သတ္တိဝိသေသ။

သူ့ရဲ့ထူးခြားထက်မြက်တဲ့သတ္တိတစ်ခု။ အများလိုပဲ သတ္တိပေးနိုင်တာတွေက ဘာတွေတုန်းဆိုယင် - သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ နောက်ပြီးတော့ . . ၀ိပါကပစ္စယော၊ ကုသိုလ် . . . ၀ိပါက်ဆိုလို့ရှိယင် သူက ၀ိပါက်စိတ်တွေမှာယှဉ်တဲ့အခါမှာဆိုယင် ၀ိပါကပစ္စယောရတယ်။ ကုသိုလ်ယှဉ်တဲ့အခါတော့ ၀ိပါကမရဘူးနော်။ ၀ိပါက်ဟိတ်ဆိုမှ ၀ိပါကကိုရတယ်။ သူကဖြစ်နိုင်လို့ ၀ိပါကပစ္စယော။

နောက်တစ်ခုက သမ္ပယုတ္တပစ္စယော၊ ၀ိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အ၀ိဂတပစ္စယောလို့ . . ဟော ၀ိပါကပါထည့်လိုက်မယ်ဆိုလို့ရှိယင် သူကပိုလာတယ် . . သတ္တိတွေပိုလာတယ်။ ဘာဖြစ်လို့တုန်းဆို မဟာဝိပါက်စိတ်မှာလည်း အလောဘကယှဉ်နိုင်တာကိုး။ ကုသိုလ်စိတ်မှာဖြစ်တဲ့အချိန်မှာဆိုယင်တော့ ၀ိပါက မပါဘူးလို့ ဒီလိုမှတ်ရမယ်။ ဒါယှဉ်ပြိုင်လာတဲ့သတ္တိတွေ။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၂

Dr နန္ဒာမာလာဘိဝံသ

Credit to Ko Thein Naing Ohn

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated