@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 November 2014

အဟိရိကအကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ - ၅)


အဟိရိကအကြောင်း

မရှက်ခြင်းသဘောသည် အဟိရိကတည်း။ ထို့ကြောင့် "အဟိရိက-မရှက်စွတည့်"ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့်တူလေသည်။
ချဲ့ဦးအံ့-မစင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း၊ သို့သော် မစင်ကို အမွန်မြတ်အစာဟုထင်နေသော ရွာဝက်ကြီးသည်ကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးနေရမှာလည်းမရှက်၊ မစင်ထဲ၌လူးကာလှိမ့်ကာ မစင်များများစားရသည်ကိုပင် ဂုဏ်တစ်မျိုးတက်သည်ဟု မှတ်ထင်လေသည်။

ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုသည် သူတော်ကောင်းတို့၏ သဘောဖြင့်ကြည့်လျှင် အင်မတန် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ ပြုမိပြန်လျှင်လည်း သူတော်စင်ပရိတ်သတ်တို့၏ အလယ်မှာရှက်ဖွယ်သာ ဖြစ်၏၊ သို့သော် အဟိရိကသဘောထား ထိုဒုစရိုက်တို့ကို စကဆုပ်ရွံရှာခြင်းလည်း မရှိ၊ မပြုမိသော်လည်း မရှက်တတ်ချေ၊ စင်စစ်မှာ အဟိရိကသမား အရှက်မရှိသူများအလယ်၌ ဒုစရိုက်များများ ပြုနိုင်သည်ကိုပင် "ကြီးကျယ်သော ဂုဏ်တစ်မျိုး"ဟု မှတ်ထင်နေလေသည်။

မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်းပါဝင်လာသဖြင့် ပညာရှိများကင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေသည်၊ ဤစကား မှန်-မမှန် ပညာရှိအခေါ်ခံရသူကိုယ်တိုင်ပင် ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ ကြည့်ကြပါလေ။



ဟရိတစဝတ္တု မှတ်ချက်

မောဟအခန်း၌ပြခဲ့သော ဟိရိတစရှင်ရသေ့၏ ပြုမူပုံ၌
ဤအဟိက သဘောလည်း ပေါလောပေါ်အောင် ထင်ရှား၏၊ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်း ကြီးဖြစ်၏၊ ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထပ်ထပ်သယ် မောင်းမမိဿံတို့၏အလယ် တကယ်ရှက်စရာကောင်း သော ကာမမှုကြီးပေတည်း၊

ထိုမျှလောက် မဖွယ်ရာသော ကစ္စကိုပင် မောဟကလည်း ဖုံးလွမ်း၊ အဟိကလည်း မရှက်တမ်းပင် ဖြစ်နေသော ကြောင့် လက်စွမ်းကုန် ယွမ်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။

အကုသိုလ်မှန်လျှင် ရှက်ဖွယ်

မကောင်းမှုဒုစရိုက်မှန်လျှင် ဤကာမမှုသာ ပရိသတ်အလယ်၌ ရှက်ဖွယ်မဟုတ်သေး၊ အပြင်းအထန် စိတ်ဆိုးသဖြင့် ဟစ်အော်ငေါက် ငမ်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးလေပင့်၍ ဘဝင်မြင့်သော အရူးကဲ့သို့ ထောင်လွှာြးွကတက် သူတစ်ပါးကိုအဖက် မထင် စိတ်ကြီးဝင် သောမာန၊ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်သော ဣဿာမှုများလည်း စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါသည်။

ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ ဤအဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း "အဟိရိကစိတ်= မရှက်စိတ်" ဟုခေါ်၍ ဒုစရိုက်အမှု ပြုနေသူကိုလည်း "အရှက်မရှိသူ" ဟုခေါ်ဝေါ်လေ၏။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

♣ မောဟအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated