@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 November 2014

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော ဓမ္မမှတ်ကျောက်။

         ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက် တစ်ခုကတော့ =
၁။ ဧကန္တနိဗ္ဗိဒါယ။  ။ သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသ
          ရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာမယ်။ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေ
          တဲ့ တရားဟာ တရားစစ်မဟုတ်သေးဘူး။

၂။ ၀ိရာဂ        ။  ။ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံဆိုတဲ့ တပ်
           မက်မှုတွေ လျော့နည်းသွားရမယ်။ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရ
           မယ်။  နောက်ဆုံး ကင်းသွားနိုင်တဲ့ အနေအထားရှိရမယ်။ ကျင့်လေလေ တပ်မက်မှု
           တွယ်တာမှုတွေ လျော့လာလေလေ ဖြစ်ရမယ်။
၃။ နိရောဓ     ။  ။ ကိလေသာဆိုတဲ့ လောဘတွေ ဒေါသတွေ မာန်မာနတွေ ချုပ်ငြိမ်းသွားရ
           မယ်။ မငြိမ်းဘဲနဲ့တိုးလာတယ်ဆိုရင် တရားဟာ တရားစစ်တရားမှန်မဟုတ်သေးဘူး၊
           ကိုယ့်သန္တာန်မှာ မာန်မာနတွေ တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေမဖြစ်
           အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်ပါမယ်။
၎။ ဥပသမ    ။  ။ တရားတစ်ခုဟာ ကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကို အ
           ကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပင်တာတွေ သောကတွေ နည်းသွားတယ်၊ ဘယ်လို
           ပြဿနာမျိုးနဲ့တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်း
           ပြီး နေနိုင်တယ်။
၅။ အဘိညာ  ။  ။ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်ကသိမြင်မှုတွေနဲ့ မတူဘူး၊ ရှင်း
          ရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်ကြီး သိလာတယ်။
          နိဗ္ဗာန်ရဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိဉာဉ်ဆို
          တဲ့ ထူးခြားတဲ့ အသိဉာဏ်ကို ရတယ်။
၆။ သမ္ဗောဓ ။  ။ သစ္စာလေးပါးကို မှန်မှန်ကန်ကန် သိလာတယ်၊ အဲဒီလို ထူးခြာတဲ့ဓမ္မ အသိ
          တွေ ဖြစ်လာပြီ ဆိုလို့ရှိရင် တရားအသိ မရှိတုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အ
         ချိန်က တစ်မျိုးဆိုပြီး ပြောင်းလဲလာတယ်။ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမ
         ရသေးဘူးလို့ မှတ်ရမှာပဲ။ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်၊ နူးညံ့
         လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန် ယဉ်ကျေးလာတယ်။
၇။ နိဗ္ဗာနာယ။  ။ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်။ ဒါ အဆင့်အလွန်
         မြင့်သွားပြီပေါ့။ ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရ
         တရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်။ ဒီတရား ကျင့်လိုက်တဲ့အခါ ခါတိုင်းလို
         ကာမဂုဏ် အာရုံတွေနဲ့ မပျော်တော့ဘူး။ တရားကိုသိရင် အခြေအနေက ပြောင်းလဲ
         သွားတယ်။ အရင်တုန်းက ပွဲကြိုက်တယ၊် အခု ပွဲမကြိုက်တော့ဘူး။ အရင်တုန်းက အ
         ရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်၊
         အခု အဲဒီလို မပြောတော့ဘူး။ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊  အခု
         တော့ သိပ်မထားတော့ဘူး။ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာက
         တကယ့်တရားစစ်လို့ ဟောကြားထားပါတယ်။
       ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ် နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ    မြတ်စွာ
ဘုရားဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့   နားလည်သဘောပေါက်ကြပြီး
ဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ  ကိုယ်ငှ
မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။
{သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊
   ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို
    ကိုးကား ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated