@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday, 27 May 2014

သာဓုခေါ်လိုသော နတ်ဗြဟ္မာများ



တချိန်သောအခါက တာဝတိံသာနတ်ပြည် နတ်သဘင်အစည်းအဝေး၌ အမေးပုစ္ဆာပြဿနာ လေးခု ပေါ်ပေါက်ခဲ့၏။
နတ်များ အမျိုးမျိုးကြံဆ၍ အဖြေရှာကြသော်လည်း တဆယ့်နှစ်နှစ်တိုင်တိုင် အဖြေမတွေ့ ဖြစ်နေကြ၏။
ထိုပုစ္ဆာလေးခုကား-
၁။ အလှူဟူသမျှတွင် မည်သည့်အလှူက အမြတ်ဆုံးနည်း။
၂။ အရသာဟူသမျှတွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
၃။ မွေ့လျှော်မှုများတွင် အဘယ်မွေ့လျှော်မှုသည် အမြတ်ဆုံးနည်း။
၎။ တဏှာကုန်ခြင်းကို အဘယ်ကြောင့် အမြတ်ဆုံးဟု ဆိုရသနည်း။

နောက်ဆုံးတွင် နတ်မင်းကြီးလေးဦးထံ သွားရောက်မေးမြန်းကြ၏။ သိကြားမင်းထံ သွားရောက်မေးမြန်း၏။ မဖြေဆိုနိုင်ကြလေ။
တညတွင် သိကြားမင်းနှင့် နတ်အပေါင်းသည် ဇေတ၀န်ကျောင်းတော်သို့ လာရောက်၍ ဘုရားရှင်အား လျှောက်ထားမေးမြန်းကြလေသည်။

ဘုရားရှင်က
တရားအလှူသည် အမြတ်ဆုံး စသည်ဖြင့် အောက်ပါဂါထာကို ဟောတော်မူရာ
သိကြားမင်းက အရှင်ဘုရား၊ ဤမျှကြီးကျယ်မြင့်မြတ် အကျိုးရှိသော တရားအလှူကို ပေးလှူရာ၌ ဒကာတော်တို့အားလည်း ကုသိုလ်၏အဖို့ဘာဂကို အမျှဝေငှ ပေးကမ်းပါ-ဟု လျှောက်ထားသည်။

သို့ဖြင့် ဘုရားရှင်သည် ရဟန်းတော်များအား စုဝေးစေပြီးလျှင်
ချစ်သားတို့၊ ယနေ့မှအစပြု၍ တရာစကားဟောကြားတိုင်း ဟောကြားတိုင်း အယုတ်အားဖြင့် ဆွမ်းအနုမောဒနာတရား ဟောကြားရာ၌ပင် အလုံးစုံသော လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးအား အမျှပေးဝေကြကုန်လော့-ဟု မိန့်မှာတော်မူလေသည်။

( ပါဠိဂါထာ )
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊
တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

( မြန်မာပြန် )
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။
တရားအရသာသည် အလုံးစုံသောအရသာကို အောင်နိုင်၏။
တရားဖြင့်မွေ့လျှော်ခြင်းသည် မွေ့လျှော်ဖွယ်အားလုံးတို့ကို အောင်နိုင်၏
တဏှာကုန်ရာအရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏

( အကျဉ်းဆောင်ပုဒ်)
အလှူဒါန၊ ဟူသမျှတွင်၊ ဓမ္မအလှူ၊ အောင်နိုင်ဟူ၏။
အပူခပ်သိမ်း၊ အေးငြိမ်းစေတတ်၊ တရားမြတ်သည်၊ ခပ်သိမ်းအရသာ၊ အောင်နိုင်ပါ၏။
မြဲစွာမွေ့လျှော်၊ တရားတော်သည်၊ အဖော်သားသမီး၊ ဇနီးသင်းပင်း၊ မွေ့လျှော်ခြင်းကို၊ အောင်နိုင်ပို၏။
ယိုစီးတဏှာ၊ ကုန်ရာအရဟတ်၊ ဖိုလ်အမြတ်သည်၊ ခပ်သိမ်းဆင်းရဲ၊ အောင်နိုင်မြဲတည်း။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated