@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 2 May 2015

"သလ္လေခသုတ် အဓိဋ္ဌာန်စကား (၄၄-ပါး)"




  • **************************************
    ၁။ ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်စေရ။
    သနားကြင်နာတတ်သူ ဖြစ်ရမည်။
    ၂။ ငါသည် သူများအသက် သတ်ဖြတ်သူ မဖြစ်စေရ။
    သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၃။ ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။
    ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၄။ ငါသည် မမြတ်သောအကျင့်ကိုကျင့်သူ မဖြစ်စေရ။
    မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်ရမည်။
    ၅။ ငါသည် လိမ်ပြောတတ်သူ မဖြစ်စေရ။
    အမှန်အတိုင်း ပြောတတ်သူသာ ဖြစ်ရမည်။

    ၆။ ငါသည် ကုန်းတိုက်စကား ပြောတတ်သူ မဖြစ်စေရ။
    ကုန်းတိုက်စကားမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၇။ ငါသည် ရိုင်းပျသောစကား ပြောတတ်သူ မဖြစ်စေရ။
    ယဉ်ကျေးစွာ ပြောတတ်သူသာ ဖြစ်ရမည်။
    ၈။ ငါသည် အကျိုးမရှိသောစကားမျိုး ပြောတတ်သူ မဖြစ်စေရ။
    အကျိုးရှိသောစကားကိုသာ ပြောဆိုသူသာ ဖြစ်ရမည်။
    ၉။ ငါသည် သူတစ်ပါးပစ္စည်းကို လိုချင်စိတ်ရှိသူ မဖြစ်စေရ။
    သူတစ်ပါးပစ္စည်း မလိုချင်သူသာ ဖြစ်ရမည်။
    ၁ဝ။ ငါသည် သူတစ်ပါးပျက်စီးအောင် လုပ်ချင်သူ မဖြစ်စေရ။
    သူတစ်ပါးအပေါ် မေတ္တာထားသူသာ ဖြစ်ရမည်။
    ၁၁။ ငါသည် မှားယွင်းသောအယူဝါဒရှိသူ မဖြစ်စေရ။
    မှန်ကန်သောအယူဝါဒရှိသူသာ ဖြစ်ရမည်။
    ၁၂။ ငါသည် မှားယွင်းသောစိတ်ကူးရှိသူ မဖြစ်စေရ။
    မှန်ကန်သော စိတ်ကူးရှိသူသာ ဖြစ်ရမည်။
    ၁၃။ ငါသည် စကားအရာ မှားယွင်းသူ မဖြစ်စေရ။
    စကားအရာ မှန်ကန်သူသာ ဖြစ်ရမည်။
    ၁၄။ ငါသည် ပြုလုပ်သည့်အရာ မှားယွင်းသူ မဖြစ်စေရ။
    ပြုလုပ်သည့်အရာ မှန်ကန်သူသာ ဖြစ်ရမည်။
    ၁၅။ ငါသည် အသက်မွေးဝမ်းကျောင်းအရာ မှားယွင်းသူ မဖြစ်စေရ။
    မှန်ကန်သူသာ ဖြစ်ရမည်။
    ၁၆။ ငါသည် မှားယွင်းသောအားထုတ်မှုရှိသူ မဖြစ်စေရ။
    မှန်ကန်သော အားထုတ်မှုရှိသူသာ ဖြစ်ရမည်။
    ၁၇။ ငါသည် အကုသိုလ်မှု၌ သတိရသူ မဖြစ်စေရ။
    ကုသိုလ်မှု၌ သတိရသူသာ ဖြစ်ရမည်။
    ၁၈။ ငါသည် အကုသိုလ်၌ စိတ်စိုက်သူ မဖြစ်စေရ။
    ကုသိုလ်၌ စိတ်စိုက်သူသာ ဖြစ်ရမည်။
    ၁၉။ ငါသည် ဉာဏ်နီဉာဏ်နက်များသူ မဖြစ်စေရ။
    မှန်ကန်သော ဉာဏ်အမြင်ရှိသူသာ ဖြစ်ရမည်။
    ၂ဝ။ ငါသည် အတုအယောင် လွတ်မြောက်သူ မဖြစ်စေရ။
    အစစ်အမှန် လွတ်မြောက်သူသာ ဖြစ်ရမည်။
    ၂၁။ ငါသည် ပျင်းရိထိုင်းမှိုင်းသူ မဖြစ်စေရ။
    တက်ကြွလန်းဆန်းသူသာ ဖြစ်ရမည်။
    ၂၂။ ငါသည် စိတ်ပျံ့လွင့်နေသူ မဖြစ်စေရ။
    စိတ်တည်ငြိမ်သူသာ ဖြစ်ရမည်။
    ၂၃။ ငါသည် ချီတုံချတုံ မပြတ်သားသူ မဖြစ်စေရ။
    ဆုံးဖြတ်ချက် ပြတ်သားသူသာ ဖြစ်ရမည်။
    ၂၄။ ငါသည် စိတ်တိုတတ်သူ မဖြစ်စေရ။
    စိတ်ရှည်သည်းခံသူ ဖြစ်ရမည်။
    ၂၅။ ငါသည် ရန်ငြိုးထားတတ်သူ မဖြစ်စေရ။
    စွန့်လွှတ်တတ်သူသာ ဖြစ်ရမည်။
    ၂၆။ ငါသည် ကျေးဇူးကန်းတတ်သူ မဖြစ်စေရ။
    ကျေးဇူးသိတတ်သူသာ ဖြစ်ရမည်။
    ၂၇။ ငါသည် သူတစ်ပါး၏အရည်အချင်းကို အသိအမှတ်မပြုသူ မဖြစ်စေရ။
    အသိအမှတ်ပြုတတ်သူသာ ဖြစ်ရမည်။
    ၂၈။ ငါသည် သူတစ်ပါး၏အောင်မြင်မှုကို မနာလိုသူ မဖြစ်စေရ။
    ဝမ်းသာနိုင်သူသာ ဖြစ်ရမည်။
    ၂၉။ ငါသည် ကိုယ့်ဖို့သာကြည့်တတ်သူ တစ်ဖို့သမား မဖြစ်စေရ။
    သူတစ်ပါး၏အဖို့ကိုလည်း နားလည်သူ ဖြစ်ရမည်။
    ၃ဝ။ ငါသည် သူတော်ကောင်းယောင်ဆောင်သူ မဖြစ်စေရ။
    ရိုးသားဖြောင့်မတ်သူသာ ဖြစ်ရမည်။
    ၃၁။ ငါသည် လှည့်စားတတ်သူ မဖြစ်စေရ။
    ပွင့်လင်းရိုးသားသူသာ ဖြစ်ရမည်။
    ၃၂။ ငါသည် ခက်ထန်မာကျော သဘောထားတင်းမာသူ မဖြစ်စေရ။
    သဘောထား ပျော့ပျောင်းသူသာ ဖြစ်ရမည်။
    ၃၃။ ငါသည် ဘဝင်မြင့်သူ မဖြစ်စေရ။
    ဆက်ဆံရေး ပြေပြစ်သူသာ ဖြစ်ရမည်။
    ၃၄။ ငါသည် ပြောရဆိုရ ခက်ခဲသူ မဖြစ်စေရ။
    ပြောရဆိုရ လွယ်ကူသူသာ ဖြစ်ရမည်။
    ၃၅။ ငါသည် မကောင်းသောအပေါင်းအသင်းရှိသူ မဖြစ်စေရ။
    မိတ်ကောင်းဆွေကောင်း ပေါင်းတတ်သူသာ ဖြစ်ရမည်။
    ၃၆။ ငါသည် ယစ်မူးမေ့လျော့သူ မဖြစ်စေရ။
    ကောင်းမှုရေးရာ သတိရှိသူသာ ဖြစ်ရမည်။
    ၃၇။ ငါသည် ကောင်းမှုအရာ ယုံကြည်မှုကင်းမဲ့သူ မဖြစ်စေရ။
    ယုံကြည်သူ စိတ်ဝင်စားသူသာ ဖြစ်ရမည်။
    ၃၈။ ငါသည် မကောင်းမှုဒုစရိုက်အရာ အရှက်မရှိသူ မဖြစ်စေရ။
    မကောင်းမှုဒုစရိုက် ရှက်တတ်သူသာ ဖြစ်ရမည်။
    ၃၉။ ငါသည် မကောင်းမှုကို မကြောက်သူ မဖြစ်စေရ။
    မဟုတ်တာလုပ်ရမှာ ကြောက်တတ်သူသာ ဖြစ်ရမည်။
    ၄ဝ။ ငါသည် အကြားအမြင်သုတကင်းမဲ့သူ မဖြစ်စေရ။
    အကြားအမြင်သုတများသူသာ ဖြစ်ရမည်။
    ၄၁။ ငါသည် ပျင်းရိသူ မဖြစ်စေရ။
    ထကြွလုံ့လ ဝီရိယရှိသောသူသာ ဖြစ်ရမည်။
    ၄၂။ ငါသည် သတိကင်းမဲ့သူ မဖြစ်စေရ။
    အစဉ်သတိရှိသူသာ ဖြစ်ရမည်။
    ၄၃။ ငါသည် ပညာကင်းမဲ့သူ မဖြစ်စေရ။
    အသိပညာ ကြွယ်ဝသူသာ ဖြစ်ရမည်။
    ၄၄။ ငါသည် မမှန်ကန်သည့် ကိုယ်ပိုင်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသူ စွန့်လွှတ်ရန်ခက်သူ မဖြစ်စေရ။
    ဆုပ်ကိုင်မထားသူ စွန့်လွှတ်ရန်လွယ်ကူသူသာ ဖြစ်ရမည်။
    အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)
    ဓမ္မပညာသင်ကြားရေးကျောင်း
    ဓမ္မသဟာယသာသနစင်တာ။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated