တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ
အောင် သူ့အန္တရာယ် မဖြစ်အောင် စောင့်ရှောက်ပေးပါတယ်။ ဟော.. မကောင်းတာ လုပ်တာ
တောင် စောင့်ရှောက်ပေးပါတယ်။ သူ့ပစ္စည်းတွေကို ထိန်းသိမ်းပေးတယ်။ စောင့်ရှောက်ပေး
တယ်။ ကူညီပေးတယ်။ တစ်စုံတစ်ခု ဘေးရန်ကြုံလို့ ကိုယ့်မိတ်ဆွေဟာ သိပ် ကြောက်လန့်နေ
လို့ရှိရင်လည်း အားပေးစကားပြောပါတယ်။ ကိစ္စရှိရင်လည်း ၀ိုင်းကူပြီး ဆောင်ရွက်ပေးပါတယ်။
ငွေကြေးဓန လိုတာကစပြီး ကူညီထောက်ပံ့ ပေးပါတယ်။
(၂)။ “သမာနသုခဒုက္ခ”= တူညီသော သုခ၊ ဒုက္ခ၊ ဆင်းရဲလည်း အတူတူပဲ။ ချမ်းသာ
လည်း အတူတူပဲ။ အဲဒီလို တူညီတဲ့ စိတ်ထားရှိတဲ့ မိတ်ဆွေမျိုး။ ဒုက္ခကြုံလာလို့ ရှိရင်လည်း စွန့်
ခွါပြီး မသွားဘူး။ ကိစ္စတွေ့လာလို့ရှိရင် ကိုယ် ကိုယ်တိုင်က အသက်စွန့်ပြီးတော့ ကာကွယ်ပေး
ပါတယ်။ ဒီလို မိတ်ဆွေမျိုးကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အပေါ်မှာ အရှင်အာနန္ဒာဟာ အင်မတန်မှ သံ
ယောဇဉ်ကြီးပါတယ်။ အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဒေ၀ဒတ်ရဲ့ အစီအမံအရ အဇာတသတ်
မင်းကြီးက နာဠာဂီရိဆိုတဲ့ ဆင်ဆိုးကြီးကို အရက်တွေတိုက်ပြီးတော့ ဘုရားဆွမ်းခံဝင်လာတဲ့
လမ်းကြား မောင်းလွှတ်လိုက်တာ။ ဘုရားနဲ့ သံဃာတွေလည်း ကြွလာတယ်။ ဆင်ကြီးကလည်း
နှာမောင်းကြီးမြှောက် အော်ဟစ်ပြီး အမြီးကြီးကုပ်ကာ ပြေးလာတယ်။ သူ့ရှေ့မှာတွေ့တဲ့
ပုဂ္ဂိုလ်ကတော့ မသက်သာဘူး။
အဲဒီအချိန်မှာ အရှင်အာနန္ဒာမထေရ်မြတ်ဟာ ဘုရားနောက်ကနေ ပါလာတာ။ ဘုရား
ကို ကာကွယ်ဖို့ ရှေ့ကို ပြေးတက်လိုက်တယ်။ ဒီအချိန်ဟာ အရေးကြီးတဲ့အချိန်မို့ သူ့အသက်ကို
စွန့်ပြီး ဘုရားရှေ့က ၀င်ရပ်တယ်။ ဘုရားကိုကာကွယ်ဖို့ သူ့အသက်ကို စွန့်တာပဲ။ အဲဒီမှာ မြတ်
စွာဘုရားက “မဟုတ်ဘူး အာနန္ဒာ” ပြောလည်း မရဘူး။ ဘုရားရှေ့ကနေ အတင်းရပ်တယ်။
နောက်မှ မြတ်စွာဘုရားက တန်ခိုးတော်နှင့် ဖယ်လိုက်ရတယ်။
(၃)။ “အတ္ထက္ခာယီ”= အကျိုးစီးပွားကို ဟောပြောပြသတတ်တဲ့ မိတ်ဆွေ။ ဆရာသမား
လို မိတ်ကောင်းဆွေကောင်း။ အဲဒီ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ရဲ့ မိတ်ဆွေတစ်ယောက်ဟာ မကောင်း
တာလုပ်နေရင် “မလုပ်နဲ့” လို့ တားပါတယ်။ မရ ရအောင်တားပါတယ်။ ကောင်းတာ လုပ်ဖို့အ
တွက်လည်း အားပေးတိုက်တွန်းပါတယ်။ ကောင်းကြောင်းလမ်းမှန် ရောက်အောင်အထိ လိုက်ပို့
ပေးပါတယ်။
(၄)။ “အနုကမ္ပက”= အစဉ် သနားစောင့်ရှောက်တတ်တဲ့ မိတ်ဆွေပါ။ သနားစောင့်
ရှောက်တတ်တယ် ဆိုတာက ကိုယ့်မိတ်ဆွေတစ်ယောက် ပျက်စီးနေပြီဆိုရင် စိတ်ထဲမှာ ၀မ်းမ
သာဘူး။ ကြီးပွားတိုးတတ်နေရင် တကယ်ဝမ်းသာတယ်။ “ ဣဿာမရှိဘူး၊ မစ္ဆရိယမရှိဘူး၊ ”
“သုဟဒမိတ္တ” တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း “ ဥပကာရ ” ။ “ သမာနသုခဒုက္ခ ” ။ “ အတ္ထက္ခာယီ ” ။ “ အနုကမ္ပက ” အစရှိတဲ့ မိတ်
ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:
Post a Comment