@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 19 October 2014

ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။

      တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု
သိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကုသိုလ်ရဲ့ ဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။    ဒါ

ကြောင့်ကံဖြတ်လုပ်ငန်းဖြစ်တဲ့ ၀ိပဿနာတရားကို လေ့လာဆည်းပူး ကျင့်ကြံကြိုးကုတ် အား
ထုတ်ပါမှ တစ်နည်း အနည်းဆုံး သောတာပန်ဖြစ်မှ အပါယ်လေးပါးလွတ်ပါ့မယ်။
         သောတာပန်ဆိုတာ နိဗ္ဗာန်သို့သွားရာ ရေစီးကြောင်း၊ နိဗ္ဗာန်သို့သွားရာ လမ်းမကြီးပေါ်
သို့ ရောက်ရှိသွားပြီးဖြစ်သူ၊ ထိုသို့ နိဗ္ဗာန်သို့သွားရာလမ်းကို ရောက်နေသဖြင့် အပါယ်လေးပါး
တံခါးပိတ်၍ နိဗ္ဗာန်ရောက်ဖို့အတွက် စိတ်ချရသူ ဖြစ်ပါတယ်။
         အပါယ်လေးပါးရဲ့ ဆိုးကျိုးတွေကို သိထားတဲ့သူက အပါယ်ကျမှာ ကြောက်ပါတယ်။ အ
ချို့ ပုဂ္ဂိုလ်တွေကျတော့ ပြောလို့ကြားတာ၊ မတွေ့ဘူးတော့ မကြောက်ဘူးဆိုတဲ့သူတွေ ရှိပါနေ
ကြပါတယ်။ မကြောက်တတ်လဲ အပါယ်လေးပါးထဲက မြင်နေရတဲ့ တိရစ္ဆာန်တွေရဲ့ ဆင်းရဲပုံကို
တော့ ငြင်းလို့မရပါဘူး။ တိရစ္ဆာန်ဆိုတာ ကြီးနိုင်ငယ်ညှင်းဆဲဝါဒ၊ ထိပ်ထိပ်လန့်လန့်နဲ့အကုသိုလ်
များတဲ့ဘ၀၊ အလွန်ကြောက်စရာကောင်းပါတယ်။
         လူတွေမှာ ကုသိုလ်၊ အကုသိုလ် အဖြူအမဲကံတွေ လုပ်နေတော့၊ ဘ၀တစ်ခုလုံးမှာ  အ
များအားဖြင့် မိစ္ဆာဒိဌိ အကုသိုလ်ကံနဲ့ နေနေရတော့ သေပြီဆိုရင် အပါယ်ဘုံရောက်တာ များပါ
တယ်။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်ဖြစ်ဖို့ နည်းတယ်လို့ မြတ်စွာဘုရားက ဟောခဲ့
ပါတယ်။ ဒီလိုဆိုရင် အပါယ်ဘုံရောက်တဲ့ အပါယ်သားတွေမှာ ကုသိုလ်ဆိုတာ မရှိ။ အကုသိုလ်
တွေသာ တင်းတင်းပြည့်နက် နေတယ်ဆိုရင် ဘယ်လိုလုပ် လူပြန်ဖြစ်မယ်ဆိုတာ တွေးလို့
တောင် မရနိုင်ပါ။
         တို့တစ်တွေမှာ ဂင်္ဂါဝါဠု သဲစုမက အဆူဆူ ပွင့်သွားတဲ့ ဘုရားတွေရဲ့တရားကို နာရသူ
တွေ ကျွတ်တမ်းဝင်ကြပါတယ်။ အဲဒီအချိန်မှာ တို့တစ်တွေ ဘယ်ကိုရောက်နေကြသလဲ။ ရှိပါ
စေတော့...။ အခု အချိန်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်တာရယ်၊ ဘုရားသာသနာတွင်း ဖြစ်တာရယ်၊
လမ်းကောင်းညွှန်ပြမယ့် ဆရာကောင်း ရှိနေတာရယ်။ ၀ိပဿနာတရား အားထုတ်ဖို့   အသင့်
တော်ဆုံး ဖြစ်နေတာရယ်၊ ဒီလို ပြည့်စုံနေမှတော့ ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး၊...  အနည်းဆုံး
အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင် တရားအားထုတ်သင့်ပါတယ်။
         ဗုဒ္ဓဘာသာဝင် အချို့ကတော့ သူတို့ရဲ့ဒါန၊ သီလ၊ သမထကုသိုလ်တွေကြောင့် အပါယ်
မရောက်နိုင်ဘူးလို့ ထင်နေကြပါတယ်။ ဒါတွေက ကုသိုလ်ကံ အကျိုးပေးရင် လူ့ပြည်၊   နတ်
ပြည်ကို ရောက်ပါမယ်။ ဒါပေမယ့် လုပ်ခဲ့တဲ့ ကုသိုလ်အရှိန်ကုန်ရင် အပါယ်ဘုံပြန်ရောက်နိုင်ပါ
တယ်။ အပါယ်ဘုံကို ယာယီပိတ်ကုသိုလ်လို့ ခေါ်ဆိုနိုင်ပါတယ်။
         ဒါကြောင့် ဒါန၊ သီလလောက်နဲ့ တင်းတိမ်မနေပါနဲ့။ ပုတီးစိတ်၊ မေတ္တာပို့လုပ်နေရုံမျှနဲ့
အပါယ်လေးပါးမှ မလွတ်နိုင်ပါဘူး။ အပါယ်တံခါး ထာဝရပိတ်ဆိုတာ အနည်းဆုံး သောတာပန်
ဖြစ်မှ စိတ်ချရပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အကုသိုလ်ကိုကြောက်ပါ။
ကုသိုလ်ပြုပါ။ ကုသိုလ်ပြုတယ် ဆိုရာမှာလည်း လူ့ပြည်၊ နတ်ပြည်ရောက်တဲ့  ကုသိုလ်မျိုးနဲ့
တင်းတိမ်မနေကြဘဲ အနည်းဆုံး အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင်
ဝိပဿနာတရားအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ထုတ်နုတ်ရေးသားပူဇော်
    ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated