@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 19 October 2014

နီဝရဏတရား (၆) ပါး ဆိုတာ



တရားအားထုတ်တဲ့အခါ နီဝရဏတရား(၆)ပါးက တရားအသိဥာဏ်တွေမရနိုင်အောင်၊ မတိုးတက်အောင် နှောင့်ယှက်ပိတ်ဆို့ထားတတ်ပါတယ်။
ရှေ့ပိုင်းနီဝရဏ(၅)ပါးကတော့ ၀ိပဿနာခဏိကသမာဓိဖြစ်နေတဲ့အချိန်နဲ့ သမထအားထုတ်လို့ဧကဂ္ဂတာသမာဓိ ရနေတဲ့အချိန်တွေမှာဖယ်ရှားထားနိုင်ပါတယ်။
ဒါပေမဲ့ နံပါတ်(၆) အ၀ိဇ္ဇာက ၀င်နှောင့်ယှက်တတ်လို့ တရားမရှုမှတ်ပဲကြာရင်တော့ အဲဒီနီဝရဏတရားတွေဟာ စိတ်ကိုညစ်နွမ်းအောင် ပြုလုပ်တတ်ကြ
ပြန်ပါတယ်။
အဲဒါကြောင့် သတိပဋ္ဌာန်ရှုမှတ်မှုသတိကလေးကို အချိန်တိုင်းမြဲနေအောင်နေ့စဉ်လေ့ကျင့် အားထုတ်ပြီး၊ နီဝရဏ တရားတွေကို မ၀င်နိုင်အောင် ထိန်း
သိမ်းစောင့်ရှောက်ရပါမယ်။
စိတ်ကိုညစ်နွမ်းပြီး သစ္စာတရားကိုမသိစေအောင် ပိတ်ဖုံးထားတတ်တဲ့ နီဝရဏတရား(၆)ပါးကတော့ -
၁။ ကာမစ္ဆန္ဒနီဝရဏ = အဆင်း၊ အသံ၊ အနံ၊ ခံစားမှု၊ ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်သာယာပြီး မခွဲချင်မခွာချင်အောင် နှစ်သက်စွဲလမ်းမှုတွေဖြစ်ပါတယ်။

၂။ ဗျာပါဒနီဝရဏ = စိတ်ထဲမှာ ပူဆွေးသောကတွေဖြစ်ပေါ်မယ်၊ ဒေါသတွေဖြစ်နေမယ်၊ သူတစ်ပါးကို မကောင်းမြင်၊ မကောင်းကြံ တဲ့စိတ်တွေ လွမ်းမိုးကြီးစိုးနေ
တာမျိုးဖြစ်ပါတယ်။
၃၊ ထိနမိဒ္ဓနီဝရဏ = စိတ်ရောကိုယ်ပါ ညှိုးနွမ်းပြီး ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ အိပ်ချင်ငိုက်ချင်စိတ်ကဖိစီးနေတာမျိုးဟာလည်း တရားရှုမှတ်ရာမှာ အတားအဆီးတစ်ခု ဖြစ်
စေပါတယ်။
၎။ ဥဒ္စစ္စကုက္ကုစ္စနီဝရဏ = စိတ်ဟာ ပစ္စုပ္ပန်မှာမရှိပဲ အတိတ် အနာဂါတ်တွေဆီကို ပျံ့လွင့်နေတာမျိုးတွေ၊ ခန္ဓာကိုယ်ခြေလက် မငြိမ်မသက်ဖြစ်နေတာမျိုးတွေ၊ ခုလုပ်နေတဲ့
တရားအားထုတ်မှုမှာ နာမှာလား၊ကျင်မှာလားလို့ စိုးရိမ်ပူပန်မှုတွေ စိတ်ကူးနေမှုတွေပါပဲ။
၅။ ၀ိစိကိစ္ဆာနီဝရဏ = တွေဝေစိတ်တွေဝင်ရောက်ပြီး ယခုတရားထိုင်နေတာ၊ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ ဟုတ်မှဟုတ်ရဲ့လားလို့ ယုံမှားသံသယနဲ့ သို့လောသို့
လောတွေးတောနေခြင်းမျိုးဖြစ်ပါတယ်။ သိတ်ပြီးစဉ်းစား ဝေဖန်တတ်သူ၊ ကြံစည်စိတ်ဝိတက်များသူတွေဟာ ပိုအဖြစ်များပါတယ်။
၆။ အ၀ိဇ္ဇာနီဝရဏ = အ၀ိဇ္ဇာဆိုကတော့ အမှန်ကိုမမြင်တဲ့သဘော၊ ဘာမှရေရေရာရာ မသိတဲ့သဘောဖြစ်ပါတယ်။ အကြောင်းအကျိုး တရားတွေကိုလည်းမသိ အတ္တအစွဲ၊ ငါစွဲ
ကိုပဲ စွဲလန်းယူဆနေတဲ့သဘောဖြစ်တာမို့ သစ္စာတရားကို သိမြင်ဖို့ အကြီးမားဆုံးအဟန့်အတားအဆိုးတရားကြီးပဲဖြစ်ပါတယ်။
ဦးမောင်မောင်ကျေးဇူးပြုသည်။
(၀ိဇ္ဇာစရဏသမ္ပတော)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated