@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 27 October 2014

ပါချုပ်ဆရာတော်ဘုရား၏တရားတော်များရွတ်ဖတ်ခြင်းအကျိုးတရားမေးဖြေ...။

အရှင်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ တပည့်တော်စိတ်ထဲ တမျိုးဖြစ်နေတာလေးတစ်ခုကို မေးမြန်းလိုက်တာပါဘုရား။
တပည့်တော်တို့တတွေ ပရိတ်ကြီး ၁၁ သုတ်ပါအ၀င် အခြားသော တရားတော်များကို ရွတ်ဖတ်ခြင်းဖြင့်ပင် အကျိုးကျေးဇူးရှိတယ်လို့ ယုံကြည်မှုရှိကြပါတယ်ဘုရား..
တပည့်တော် အထင်မှာ ဒါဟာ တန္တရ၀ါဒသဘောသက်ရောက်နေတယ်လို့ထင်ပါတယ်ဘုရား...

မေတ္တာသုတ်ဆိုတာ ကျင့်ကြံရမယ့်တရား၊ မင်္ဂလသုတ်ဆိုတာလဲ ကျင့်ကြံရမယ့်တရားတွေလို့ယုံကြည်ပါတယ်ဘုရား
ရွတ်ဖတ်နေယုံနဲ့ ပြီးမယ့်အရာတွေမဟုတ်လို့ ယုံကြည့်ပါတယ်ဘုရား။ ထိုအတူ တရားဦး ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်၊ အနတ္တလဏ္ခာသုတ်များဟာလဲ
သေချာနားလည်သဘောပေါက် (realization thru wisdom) ဖြစ်ဖို့လိုတဲ့ ကြည်ညိုဖွယ်ရာ တရားတော်မြတ်များဖြစ်ပါတယ်ဘုရား။
သို့သော် လူတော်တော်များများမှာ နားမလည်တဲ့ပါဠိတွေကိုရွတ်ဖတ်နေယုံနဲ့ အကျိုးခံစားရမယ်ထင်နေကြပါတယ်ဘုရား...
မင်္ဂလသုတ်ကို ပါဠိလိုနားမလည်ပဲရွတ်ပြီး နေထိုင်မှုဘ၀မှာ တရားတော်နဲ့မညီတာတွေပြုသူတွေမှာ အကျိုးကျေးဇူးဆိုတာရနိုင်မရနိုင် အရှင်ဘုရားထံ ရိုသေစွာ လျှောက်ထားမေးမြန်းလိုက်ရပါတယ်ဘုရား။
မေတ္တာရှေ့ထားပြီး ဖြေကြားပေးပါရန်တောင်းပန်အပ်ပါတယ်ဘုရား။
*** အောင်ကျော်ထွန်း၏မေးခွန်းကိုဖြေဆိုခြင်း
အဓိပ္ပါယ်မသိပဲ ရွတ်ဖတ်ရုံသက်သက်၊ ဘုရား၊ တရားတော်အမှတ်ဖြင့် ကြည်ညို၍ ရွတ်လျှင် ကုသိုလ်တော့ ရနိုင်သည်။
တကယ်တော့ ပရိတ်တရားတော်များဆိုတာ မေတ္တာနှင့် သစ္စာအဓိက အေ‌ခြခံ ဟောကြားထားတာဖြစ်တယ်။ တကယ်နားလည်ပြီးရွတ်မှ ပို၍အကျိုးရှိနိုင်မယ်။
မေတ္တာ၊ သစ္စာမပါတဲ့ နတ်တွေကိုသာ ချီးမွမ်းခန်းဖွင့်တဲ့ တန္တရ၀ါဒနှင့် မတူ၊ ဓမ္မစင်္ကြင်္င်္ာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းတရားတော်များကို အဓိပ္ပာယ်နားလည်အောင်
လေ့လာပြီး ရွတ်ဆိုနှလုံးသွင်းမှသာ ပြီးပြည့်စုံသော အကျိုးတရားရနိုင်မှာဖြစ်တယ်။ မင်္ဂလသုတ်အလွတ်ရသော်လည်း လိုက်နာကျင့်သုံးမှုမပြုလျှင်
ဆေးရှိလျက်မသောက်၍ ရောဂါမပျောက်တာ နှင့်တူသည်။ ဗုဒ္ဓ၏ တရားတော်များမှာ ကြားနာမှတ်ထား ဆင်ခြင်စဉ်းစားပြီးနောက် ဓမ္မနု ဓမ္မအကျင့်ကို ကျင့်ရမည်။
သို့မှသာ ပြည့်စုံသော အကျိုးတရားရရှိနိုင်မည်။
(အီးမေးများမှတဆင့်တင်ပြသည်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated