@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 14 January 2016

လူမိုက်တွေရဲ့ အကျင့်စရိုက်။

       မြန်မာတွေကတော့ ပြောကြပါတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ
ပျောက်သွားတယ်၊ အဲဒါကို မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင် ==
         နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊  အကြောင်းအမျိုးမျိုး
ပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့

ယိုကျဖို့ရာ အပေါက်တစ်ခုပါပဲ။
         နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး
ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲ
တမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
         နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊
ဝတ်ကျေ တမ်းကျေပဲ လုပ်တတ်ခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခုပါပဲ။
         နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း
ဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုပါပဲ။
         နံပါတ် (၅) က  ကာယကံ ၀စီကံ မနောကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်၊ ကိုယ်ကျင့်
တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်၊ အဲဒါဟာ- စီးပွားရေး ယိုပေါက်တစ်ခုပါပဲ။
         နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေခြင်းဟာလည်း
ပဲ စီးပွားပျက်စီးခြင်း အကြောင်းတစ်ခုပါပဲ။ အဲဒါတွေဟာ လူမိုက်တွေရဲ့ အကျင့်စရိုက်တွေပါ။
 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
            https://www.facebook.com/thein.wai.167
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated