@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

ရုပ်ခန္ဓာကိုယ်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၈၄)




ဒသမအခန်း
ရုပ်ခန္ဓာကိုယ်အကြောင်း

[ပဋိသန္ဓေတည်စကပင် ကလလရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တစ်ဘ၀လုံးအတွက် ရုပ်ခန္ဓာကိုယ်၏ အဖြစ်အပျက်ကို နားလည်သင့်ကြပေသည်။ ထို့ကြောင့် ရုပ်နှင့်စပ်၍ မှတ်ဖွယ်များကို ပြပါအုံးမည်။]
ရုပ်ခေါ်ပုံ
“ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်” ဟုခေါ်၏။ “ဖောက်ပြန်တတ်သော သဘောတရား”ဟု ဆိုလိုသည်။ ဖောက်ပြန်ခြင်း၏ အကြောင်းကား - အအေးအပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့် ရုပ်ဖောက်ပြန်ပျက်စီးပုံကား ဆောင်းအခါအသားအရေကွဲခြင်း၊ အလွန်ချမ်းသောအခါ အသားအရေ ညိုမည်းခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိတ် ငရဲသားတို့၏ ကမ္ဘာကိုခံသော ရေသို့ကျ၍ မွမွကြေရခြင်း စသည်များတည်း။
အပူကြောင့် ဖောက်ပြန်ပျက်စီးပုံမှာ - နေပူထဲ၌ သွားသောအခါ အသားအရေ နီမြန်းခြင်း၊ နေပူမီးလောင်၍ ညိုမည်းခြင်း၊ အပူမိ၍ ဖျားခြင်း၊ သဲကန္တာရစသည်၌ အပူမိ၍ သေရခြင်း စသည်များတည်း။ ထို့ပြင် မှတ် ခြင် စသည်ကြောင့် အဖုအပိမ့်ထခြင်း၊ မြွေ ကင်းကိုက်၍ အနာဖြစ်ခြင်း၊ သေခြင်း၊ ထမင်းဆာ ရေငတ်ခြင်း စသည်တို့ကြောင့် ခြောက်ကပ်နေခြင်း၊ သေခြင်း စသည်များလည်း ရုပ်၏ ဖောက်ပြန် ပျက်စီးခြင်းပင်တည်း။
ဆောင်။ ။ ပူ, အေး ထန်ပြင်း၊ မြွေ၊ ခြင်၊ ကင်းနှင့်၊ ထမင်း၊ ရေဆာ၊ ကြောင်းများစွာကြောင့်၊ သိသာ ဖောက်ပြား၊ ထိုတရား၊ မှတ်သားရုပ် ဟုခေါ်။
(ရုပ် ၂၈-ပါး ရှိသော်လည်း အရေးကြီးသော ၁၉-ပါးကို ဆက်လက်ဖော်ပြပေးပါမည်။)
မဟာဘုတ် (ဓာတ်ကြီး) ၄-ပါး
၁။ ပထ၀ီဓာတ်၊ ၂။ အာပေါဓာတ်၊ ၃။ တေဇောဓာတ်၊ ၄။ ၀ါယောဓာတ်
ပသာဒရုပ် ၅-ပါး
၅။ စက္ခုပသာဒ၊ ၆။ သောတပသာဒ၊ ၇။ ဃာနပသာဒ၊ ၈။ ဇိဝှာပသာဒ၊ ၉။ ကာယပသာဒ
အာရုံ ၅-ပါး
၁၀။ ရူပါရုံ၊ ၁၁။ သဒ္ဒါရုံ၊ ၁၂။ ဂန္ဓာရုံ၊ ၁၃။ ရသာရုံ
ဖောဋ္ဌဗ္ဗာရုံ (ပထ၀ီ တေဇော ၀ါယော ဓာတ်ကြီး ၃-ပါးကိုပင် တွေ့ထိဖွယ် အာရုံတစ်မျိုးဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ ဟုခေါ်ထားသည်။)

၁၄။ ဣတ္ထိဘာဝ၊ ၁၅။ ပုရိသဘာဝ (ဘာဝရုပ် ၂-ပါး)
၁၅။ ဟဒယ၀တ္ထု၊ ၁၇။ ဇီဝိတ၊ ၁၈။ သြဇာ(အာဟာရ)၊ ၁၉။ အာကာသဓာတ်

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated