@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

ကာဠသုတ်ငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၅)




ကာဠသုတ်ငရဲ

သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်” ဟုခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေလိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့အတင်းလိုက်၍ မောဟိုက်သွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ။ သေလည်းမသေနိုင်ကြ။


ကာဠသုတ္တေန တစ္ဆန္တိ၊ ယမှီ နိရယပါလကာ။
အနုဗန္ဓာ ပ ပတန္တေ၊ ကာဠသုတ္တော ပ၀ုစ္စတေ။


ယမှိ နိရယေ- ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌၊
နိရယပါလကာ- ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်ဆွဲ ငရဲထိန်းကြီးတို့က။ အနုဗန္ဓာ၊ သားကောင်တစ်သိုက် ခွေးတွေလိုက်သို့ ရိုက်နှက်သတ်ညှဉ်း အတင်းလိုက်အပ်ကုန်သည်ဖြစ်၍၊
ပ ပတန္တေ၊ ဟော တဟိုက်ဟိုက် အမောဆိုက်လျက် မူးမိုက်လဲငြား ငရဲသားတို့ကို၊
ကာဠသုတ္တေန- သစ်ရွေးသမား လက်ကိုင်ထားလျက် သစ်များတိုင်းရိုး တမျဉ်းကြိုးဖြင့်၊
တစ္ဆန္တိ- တိုင်းကာထက်အောင် ပက်လက်မှောက်၍ ရှေ့နောက်ရူပ်ပွေ ခုတ်ရွေကြလေကုန်၏၊
သော နိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်ရူပ်ပွေ ခုတ်ရွေကြရိုး ငရဲအိုးကို၊
ကာဠသုတ္တောတိ- ကာဠသုတ် ငရဲဟူ၍၊
ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့တည်း။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated