@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 20 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၃) အဂ္ဂသာဝကနှစ်ပါး နှင်ထုတ်ခံရပုံ



အဂ္ဂသာဝကနှစ်ပါး  နှင်ထုတ်ခံရပုံ               
ဗုဒ္ဓရှင်တော်မြတ်သည် စာတုမာရွာကို မှီ၍ သျှိသျှားတောကျောင်း၌ သီတင်းသုံးတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးလည်း ဗုဒ္ဓကို မဖူးတွေ့ဖူးသော ကျေးလက်သား ရဟန်းငါးရာကို ခေါ်၍ ကြွလာကြ၏၊ ထို့နောက် ရဟန်းများသည် ကျောင်းနေ ရဟန်းများနှင့် အတူ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောကာ ဆူညံနေကြသည်ကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ “အာနန္ဒာ…တံငါသည်တွေ ငါးလုရာ၌ ဆူညံနေသလို ဆူညံနေသူတွေဟာ ဘယ်သူတွေလဲ”ဟု မေးတော် မူရာ အဂ္ဂသာဝကနှစ်ပါး၏ တပည့်များ ဖြစ်ကြောင်းကို သိတော်မူ၍ ခေါ်စေတော်မူကာ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငယ်ငါးရာကို နှင်တော်မူသည်၊ ထိုအခါ ထွက်လာကြသည်ကို စည်းဝေးနေကြသော သာကီဝင်းမင်းများ မြင်၍ ဗုဒ္ဓအထံ လာရောက် တောင်းပန်မှ အခွင့်ရသဖြင့် ပြန်လာကြလေသည်။
          ထိုအခါ ဗုဒ္ဓရှင်တော်က “သာရိပုတ္တရာ…ငါဘုရား နှင်ထုတ်တုန်းက ဘယ်လိုများ စိတ်ထားသလဲ”ဟု မေးတော်မူရာ “ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက် တော်မမူလိုဘဲ ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ နေတော်မူလိုပြီ၊ ငါတို့လည်း ဗုဒ္ဓရှင်တော်ကို အတုလိုက်၍ အေးဆေးစွာ နေကြတော့မည်”ဟု စိတ်ဖြစ်ပါကြောင်း လျှောက်လေသည်၊ ထိုအခါ “သာရိပုတ္တရာ (ဖလသမာပတ် ၀င်စား၍ အေးအေးဆေးဆေး နေဖို့ ရန်) ဆိုင်းငံ့ဦး, ဆိုင်းငံ့ဦး”ဟု မိန့်တော်မူသည်၊

အရှင်မောဂ္ဂလ္လာန်ကို မေးတော်မူပြန်ရာ… “ယခုအခါ ဗုဒ္ဓမြတ်စွာသည် သံဃာ့အပေါ်၌
ကြောင့်ကြမဲ့ နေတော်မူလေပြီ၊ ငါနှင့် အရှင်သာရိပုတ္တရာက သံဃာကို ရွက်ဆောင်ရတော့မည်”ဟု စိတ်ဖြစ်ပါကြောင်းကို လျှောက်ထားလေသော် … “သာဓု…သာဓု”ဟု ခေါ်တော်မူ၍ “မောဂ္ဂလ္လာန်… ငါဘုရားလည်း ရဟန်းသံဃာများကို ရွက်ဆောင်တော်မူမည်၊ သင်တို့လည်း ရွက်ဆောင်ကြ”ဟု မိန့်တော်မူသည်။
မှတ်ချက်။                ဤ၀တ္ထု၌ ကျောင်းတိုက်အတွင်းဝယ် ဆူညံခြင်းကို မလိုလားအပ်၊ တိတ်ဆိတ်ခြင်းကိုသာ ဗုဒ္ဓရှင်တော် လိုလားတော်မူကြောင်း, စာတုမာရွာ၏ သာကီဝင်များသည် သာသနာ့အရေး၌ ၀င်ရောက် စွက်ဖက်၍ သာသနာ့ဝန်ကို ဆောင်ကြသကဲ့သို့ ဒကာများလည်း သာသနာ့ဝန်ဆောင်များ ဖြစ်သင့်ကြောင်း, အရှင်သာရိပုတ္တရာ၏ သာသနာရေး၌ ကြောင့်ကြမဲ့ နေလို စိတ်ကို ခွင့်ပြုတော်မမူဘဲ အရှင်မောဂ္ဂလ္လာန်၏ သံဃာ့တာဝန် ဆောင်မည်ဟု ကြံစည်စိတ်ကိုသာ သာဓု ခေါ်ပုံထောက်၍ သံဃာ့ဝန်ဆောင်ခြင်းကို ဗုဒ္ဓမြတ်စွာ လိုလားတော်မူကြောင်း သိသာလှပေသည်။
          အဂ္ဂသာဝကနှစ်ပါး၏ အကူအညီကြောင့်လည်း ဗုဒ္ဓသာသနာတော်သည် များစွာ ကျက်သရေ ရှိတော်မူခဲ့ပါပေသည်၊ မှန်၏၊… ရှင်ဒေ၀ဒတ်သည် သံဃာကို အသင်းခွဲ၍ ရဟန်းငယ် ငါးရာကို ခေါ်ယူသွားသောအခါ အဂ္ဂသာဝကနှစ်ပါးကိုပင် စေလွှတ်၍ ထို ရဟန်းငယ်များကို တရားအမှန် သိစေတော်မူခဲ့ရသည်၊ သို့ရာတွင် ထိုအဂ္ဂသာဝက အရှင်နှစ်ပါးသည် ဗုဒ္ဓအလျင် ပရိနိဗ္ဗာန် စံတော်မူနှင့်ကြသောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အရှင်မဟာကဿပကဲ့သို့ သာသနာတော်၏ တာဝန်ကို ဆောင်ခွင့် ရတော်မမူကြချေ၊ ထို့ကြောင့် သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် ဖြစ်သော အရှင်မဟာကဿပ၏ အကြောင်းအရာကို မိမိကြည်ညိုသကဲ့သို့ အများကြည်ညိုကြဖို့ရာ သံဃာ့ရတနာ အခန်း၌ ယခုအခါ ပြတော့မည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated