@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 31 July 2015

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်တော် (၁၆) ပါး။


        နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။
(၉)။ မုဉ္စိတုကမျဘာဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွတ်
သောဉာဏ်။
(၁၀)။ ပဋိသင်္ခါဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်းဖြစ်ရန် ဆင်ခြင်သောဉာဏ်
(၁၁)။ သင်္ခါရုပေက္ခာဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်းတို့မှ ကြဉ်ရှောင်၍
လျစ်လျူပြုသောဉာဏ်။
(၁၂)။ အနုလောမဉာဏ် = ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဌာန် စသော ဗောဓိ
ပက္ခိယတရား ၃၇- ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်။
(၁၃)။ ဂေါတြဘူဉာဏ် = ပုထုဇ္ဇန်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။
(၁၄)။ မဂ္ဂဉာဏ် = နိဗ္ဗာန်ကို သိမြင်သော မဂ်ဉာဏ်။
(၁၅)။ ဖလဉာဏ် = နိဗ္ဗာန်ကို မြင်သော ဖိုလ်ဉာဏ်။
(၁၆)။ ပစ္စဝေက္ခဏာဉာဏ် = မဂ်ဖိုလ်နိဗ္ဗာန်၊ ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်
သောဉာဏ် တို့ဖြစ်ကြပါတယ်။
        တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ဉာဏ်အဆင့်ဆင့် ရရှိကာ မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
  {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated