@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 2 August 2015

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

        မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

                          ဇော်ကို ခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မ ဟောပြတော်မူခြင်းကိစ္စ။
၃။ ပုရိမယာမကိစ္စ = ညဥ့်ဦးယံ၌ ရဟန်းပရိသတ်တို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်း၊
                         စသောကိစ္စ။
၎။ မဇ္ဈိမယာမကိစ္စ = သန်းခေါင်ယံ၌ စကြ၀ဠာတိုက်တစ်သောင်းမှ စည်းဝေးလာရောက်ကုန်သော
                          နတ်ဗြဟ္မာအပေါင်းတို့၏ အမေးပု စ္ဆာ ပြသနာတို့ကို ဖြေဆိုတော်မူခြင်း
                          စသော ကိစ္စ။
၅။ မ စ္ဆိမယာမကိစ္စ = မိုးသောက်ယံ၏ သုံးစုတစ်စုတွင် ပထမအစု၌ စင်္ကြံကြွတော်မူခြင်း၊ ဒုတိယ
                           အစု၌ သီဟသေယျဖြင့်လက်ျာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိ
                           ယအစု၌ မဟာဂရုဏာတော်ဖြင့် စတုတ္ထ ဈာန်သမာပတ်ကို ၀င်စားတော်
                           မူ၍ ထိုမဟာဂရုဏာ သမာပတ်မှ ထတော်မူပြီးလျှင် အရုဏ်တက်ခါနီး၌
                           ယနေ့ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လောကသုံးပါး
                           ကို ကြည့်ရှုတော်မူခြင်း စသောကိစ္စများဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated