@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 2 January 2015

အမှတ်စဉ်(၄) - { တရားဦးအစ သုတ္တန်က နှင့် ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူပုံ } ဒေါက်တာနန္ဒမာလာဘိဝံသ


တရားဦးအစ သုတ္တန်က
                    ဗုဒ္ဓမြတ်စွာက ပထမဆုံး ဟောတဲ့တရားက အားလုံးသိကြတဲ့အတိုင်း ‘ဓမ္မစက္ကပ၀တ္တနသုတ္တန်’ ဖြစ်တယ်၊
ဓမ္မစကြာ တရားနဲ့ ဟောပြောတဲ့လုပ်ငန်း စတယ်၊ ဒေသနာဉာဏ်တော်ကြီးကို စတင် အသုံးချပြီး ဟောပြောတာ ‘ဓမ္မစကြာ’ ပဲ၊
သို့သော် အဲဒီ ဓမ္မစကြာတရားကို ဘုရားဖြစ်စက ကြိုတင်ပြီးတော့ နှလုံးသွင်း ဆင်ခြင်ခဲ့သလား ဆိုရင် နှလုံးသွင်း ဆင်ခြင်တယ်လို့ မှတ်တမ်းမရှိဘူး၊ ဘယ်သုတ္တန်တရားပဲဖြစ်ဖြစ် မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားပြီး ဟောတာမဟုတ်ဘဲ ဒီလိုပုဂ္ဂိုလ်နဲ့ တွေ့ရင် ဒီလိုတရားမျိုးကို ဟောလိုက်တယ်၊ ဟိုလို ပုဂ္ဂိုလ်နဲ့ တွေ့ရင် ဟိုလို တရားမျိုးကို ဟောလိုက်တယ်၊ ပုဂ္ဂိုလ်တွေရဲ့ အလိုအဇ္ဈသယ ကြည့်ပြီး ဟောသွားတာ။

                                               ဘုရားဖြစ်အောင် ကျင့်ကြံတော်မူပုံ
                   မြတ်စွာဘုရားအလောင်းဟာ ဗုဒ္ဓဂယာ မဟာဗောဒိပင်အောက်မှာ သောတ္ထိယ မြက်ထမ်းသမားက လှူသွားတဲ့
မြက်၈-ဆုပ်ကို အလှူခံပြီးတော့ ဖြန့်ခင်းလိုက်တယ်၊ နွေရာသီဆိုတော့ မြက်ခင်းပေါ် ထိုင်ရတာ အေးတာပေါ့နော်၊ ဗုဒ္ဓဂယာဆိုတာ ခုချိန်ဆို တော်တော်ပူတဲ့နေရာပေါ့၊ အဲဒီခေတ်တုန်းကတော့ ဒီလောက်ပူချင်မှ ပူမယ်ပေါ့၊ သို့သော် မြက်ခင်းပေါ် ထိုင်ရင်အေးတယ်ဆိုတာ အားလုံးသိကြမှာပါ။

                   သောတ္ထိယဆိုတဲ့ မြက်ထမ်းသမားက ဘုရားအလောင်းတော်ကို တွေ့တဲ့အခါကျတော့ သိပ်ပြီး သဒ္ဓါတရားတွေဖြစ်ပြီးတော့ မြက် ၈-ဆုပ် လှူလိုက်တယ်၊ လှူလိုက်တဲ့အခါကျတော့ အဲဒီ မြက်ထုံးလေးကို ဘုရားအလောင်းတော်ဟာ လက်ခံပြီးတော့ သူထိုင်မယ့်နေရာမှာ ဖြန့်ခင်းလိုက်တယ်၊ ဖြန့်ခင်းပြီးတော့ အဲဒီမြက်ခင်းလေး ပေါ်မှာ ထိုင်ရင်း
“ဒီကနေ့ တရားထူး တရားမြတ် မရမခြင်း ဒီနေရာက ငါမထတော့ဘူး” လို့ အဓိဋ္ဌာန်လိုက်တယ်၊ အဲဒီအဓိဋ္ဌာန်ကို ပျက်အောင်လို့ ဆိုပြီးတော့ မာရ်နတ်ကြီးက လာနှောက်ယှက်တာပေါ့၊ ဒါကို ပလ္လင်လု တယ်လို့ ပြောကြတယ်၊ ပလ္လင်လုတယ်ဆိုတာ အဓိဋ္ဌာန်ပျက်ပြီး ဒီနေရာကနေ ထသွားအောင် လုပ်တာကို ပြောတာနော်။

                   သို့သော် တချို့ စာတွေမှာ ရေးတယ်ပေါ့၊ ဒီမြက် ၈-ဆုပ်ဖြန့်လိုက်တာနဲ့ တစ်ပြိုင်နက် တန်ဖိုးရှိတဲ့ ရတနာပလ္လင်ကြီးပေါ်လာလို့ မာရ်နတ်က လာလုတယ်၊ ဒါတွေက တင်စားပြီးရေးတာဖြစ်နိုင်တယ်၊ တကယ်တော့ ဘုရားအလောင်းတော်ဟာ မြက်ခင်းပေါ်မှာ ထိုင်ပြီး အဓိဋ္ဌာန်ထားတာကို ပျက်အောင်၊ ဒီနေရာကနေ ထသွားအောင်လို့ ဆိုပြီးတော့ လာလုပ်တဲ့သဘောပဲနော်။

                   မာရ်နတ်ကတော့ ပလ္လင်လုမယ် မထင်ပါဘူး၊ ဘာဖြစ်လို့တုံးဆိုတော့ သူ့မှာ ပလ္လင်တွေ ပြည့်နေတာပဲ၊ သူက နတ်ပြည် ၆-ထပ်မှာ အမြင့်ဆုံး ပရနိမ္မိတ၀သ၀တ္တီ ဆိုတဲ့ နတ်ပြည်ကပဲ၊ နတ်မင်းကြီးကို ပုန်ကန်နေတဲ့ နတ်သူပုန်ပေါ့၊ ပရနိမ္မိတ၀သ၀တ္တီ နတ်ပြည်ဆိုတာ သိကြားမင်းတို့ထက် အထက်အများကြီးကျတာပေါ့၊ နတ်ပြည် ၆-ထပ် ထိပ်ဆုံးမှာနေတဲ့ သူပဲ၊ ဘုရားကို သက်သက် နှောက်ယှက်တာ၊ ကောင်းတာလုပ်ရင် မကြိုက်တဲ့ နတ်မျိုးပေါ့။

                   ဒါကြောင့်မို့ ဘုရားအလောင်းတော်ဟာ ဒီကနေ့ တရားထူး တရားမြတ် မရမချင်း ဒီနေရာက မထဘူးလို့ အဓိဋ္ဌာန်လိုက်တဲ့ အချိန်မှာ မထရင် ထအောင်လုပ်မယ်ဆိုတဲ့ အနေနဲ့ လာနှောင့်ယှက်တဲ့ သဘောပေါ့နော်၊ ဒါကိုပဲ ပလ္လင်လုတယ်လို့ ရေးလိုက်တာနဲ့ တူပါတယ်၊ အဲဒီတော့ ဘုရားအလောင်းတော်ဟာ အဲဒီ အဓိဋ္ဌာန်ကို မဖျက်ဘူး၊ မာရ်နတ်ကြီး လာနှောင့်ယှက်ပေမယ့် နောက်ဆုံးမှာ အဓိဋ္ဌာန် အောင်သွားတယ်၊

*ဆက်ရန်* -------
ဆရာတော်ကြီးဟောကြားတော်မူသော အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) မှ  
{သမထကျင့်စဉ် ကျင့်ပုံ၊ ၀ိပဿနာကျင့်စဉ်ကူးပုံ } အား ဆက်လက်ရေးသား ပူဇော်ပါမည်။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) စာ ၇- ၁၀  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

ဤစာဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား အား လည်းကောင်း
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဆရာတော် အား လည်းကောင်း
ကျနော့်ကို ယခုစာအုပ်အား ဓမ္မလက်ဆောင်ပေးသော အန်တီဆွေ (Anatta Swe) တို့အား ရှစ်ခိုးပူဇော်ပါသည်။

ရဲဝင်းထွန်း
09.01.2012  (Monday)                 10:21 am                 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated