@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 17 December 2014

ရောရုဝငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၇)



ရောရုဝငရဲ 
“ရောရု” ဟူသောပါဠိသည် “ပြင်းစွာငိုကြွေးခြင်း” ဟူသော အနက်ကိုပြ၏။ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်းထလျက် ရှိ၏။ ငရဲသို့ ကျရောက်လာသူတို့အား ထိုမီးတောက်မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်းဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာလေသည်။ ဤသို့ မီးတောက်မီးလျှံ အလောင်ခံနေရသောကြောင့် “ဇလရောရုဝ”ဟုလည်းခေါ်သည်။


ဇာလာဟိ ပ၀သိတွာန၊ ဍယှမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဇလာရောရုဝေါ။
ဧတ္ထ နိရယေ- ကံကြမ္မာရင်း ဖန်လာညဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌၊
ဇလာဟိ- တစ်ငရဲလုံး ပြုတ်ပြုတ်ပြုန်းမျှ တဟုန်းဟုန်းထန် မီးတောက်မီးလျှံတို့သည်၊
ပ၀ိသိတွာန- ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချင်းနင်းဝင်ရောက်ကြကုန်လျက်၊ ဍယှမာနာ- အတင်အကျပ် လောင်ကျွမ်းအပ်သည် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်၊
ဒယာဝဟံ- အားငယ်ပါးငယ် အများကယ်အောင် သနားဖွယ်ကို ဆောင်သော၊
မဟာရ၀ံ- ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာထန်သီး အသံကြီးကို၊
ရ၀န္တိ- သံကုန်လှစ်၍ ဟစ်အော်ကြရှာလေကုန်၏၊
သောနိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို၊
ဇာလရောရုဝေါ- ဇလရောရုဝငရဲဟူ၍၊
ပ၀ုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated