@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၂၀) {အရိယသစ္စာ၊ ပရမတ္ထသစ္စာကို ဟောရခြင်းအကြောင်း}


 
အရိယသစ္စာ
အရိယသစ္စာရှုထောင့်က ကြည့်လို့ရှိရင် “ သဗ္ဗေ သင်္ခါရာ ဒုက္ခ” - အားလုံးဟာ ပျက်စီးခြင်းမှာ အဆုံးသတ်မှာ ဖြစ်သောကြောင့် ဒုက္ခလို့ ဟောတယ်၊ အဲဒါကျတော့ တကယ့်အမှန်ဖြစ်သွားပြီ၊ အရိယသစ္စာဟာ လုံးဝ အမှန်တရားပဲတဲ့။
သဘာဝသစ္စာတောင်မှ အရိယသစ္စာရှုထောင့်ကနေ ကြည့်လိုက်ရင် မှားနေသေးတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ချမ်းသာ ဘယ်မှာလဲလို့ မေးလို့ရတယ်၊ ဘာဖြစ်လို့တုံး၊ အခု ချမ်းသာတယ် ထင်တဲ့အရာသည် ချက်ချင်းပဲ ချမ်းသာလို့ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် ပျက်စီးသွားပြီ၊ “ဘယ်မှာလဲ ချမ်းသာ” လို့ မေးစရာဖြစ်သွားတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒုက္ခလို့ ဟောလိုက်တာကတော့ အရိယသစ္စာရှုထောင့်က ဟောတာ၊ သစ္စာ ၄-ပါးမှာ ဒုက္ခသစ္စာလို့ ဟောထားတာ၊ ဒုက္ခသစ္စာဆိုတဲ့အထဲမှာ ဈာန်ချမ်းသာတွေ ပါနေတယ်ဆိုတာ သတိထားနော်။
မြတ်စွာဘုရားက သစ္စာ ၄-ပါးကို ဟောတဲ့အခါမှာ ဒုက္ခသစ္စာလို့ ဟောထားတာ၊ သားတွေ သမီးတွေနဲ့ ပျော်နေတာလည်း ဒုက္ခသစ္စာ၊ ဟုတ်ရဲ့လား၊ လူတွေကတော့ ဒါကို ဒုက္ခလို့ မမြင်ဘူးလေ၊ စီးပွားဥစ္စာတွေ တိုးတက်လို့ ပျော်နေတာ၊ ဒါလည်း ဒုက္ခသစ္စာပဲ၊ ဘာဖြစ်လို့ဆိုရင် မတည်မြဲလို့၊  မမြဲတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အားလုံးဟာ ဒုက္ခပဲ၊ အရိယသစ္စာရှုထောင့်က ကြည့်လို့ရှိရင် သဘာဝသစ္စာအနေနဲ့ ဟောထားတာသည်ပင်လျှင် မှားသွားတယ်။
လယ်တီဆရာတော်ကြီးက ဒီလိုရှင်းပြတယ်၊ ကုသိုလ်,အကုသိုလ်တဲ့ ၂-မျိုး ခွဲထားတယ်၊ ‘ကုသိုလ်’ ဆိုတာ အန၀ဇ္ဇ- အပြစ်ကင်းတယ်၊ သုခ၀ိပါက ချမ်းသာဆိုတဲ့အကျိုးကိုပေးတယ်၊  ဒါ သာဘ၀သစ္စာရှုထောင့်က ပြောတာ၊ ကုသိုလ်က ကောင်းကျိုးချမ်းသာတွေ ပေးတယ်တဲ့၊ အပြစ်ကင်းတယ်တဲ့၊ ဒါကို အရိယသစ္စာရှုထောင်က ကြည့်လိုက်လို့ရှိရင် ဘယ်မှာလဲ၊ အပြစ်ကင်းတာ၊ ဘယ်မှာလဲ ကောင်းကျိုးချမ်းသာ။
ဆိုပါစို့၊ ကုလိုလ်လုပ်ပြီးတော့ နတ်ဖြစ်တယ်၊ လူဖြစ်တယ်၊ အဲဒီနတ်ဟာ ဘာဖြစ်လဲ၊ အဲဒီ လူဟာ ဘာဖြစ်လဲ၊ တစ်နေ့တခြား အိုလာတယ်၊ နောက်ဆုံးကျတော့ နာတယ်၊ သေတယ်၊ ဟုတ်ရဲ့လား၊ ချမ်းသာဆိုတာ ဘယ်မှာလဲလို့ မေးစရာရှိလာတယ်၊ အဲဒီတော့  ကုသိုလ်ရဲ့ အကျိုးဟာလည်း ဒုက္ခနဲ့ပဲ အဆုံးသတ်နေတာဆိုတော့ “ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏ - အပြစ်ကင်းပြီးတော့ ချမ်းသာတယ်” လို့ ပြောတာ ဟုတ်ပါ့မလား။
အရိယသစ္စာရှုထောင့်က ပြောမယ်ဆိုရင် ကုသိုလ်ဆိုတဲ့ အန၀ဇ္ဇ သုခ၀ိပါက ဆိုတဲ့ သဘာဝတရား၊ အပြစ်ကင်းတယ် ဆိုတဲ့ သဘောတရားလည်း မှားနေတယ်၊ အပြစ်ရှိတယ်၊ ဘာအပြစ်တွေတုံး၊ ဒီကုသိုလ်တွေ လုပ်လို့ရှိရင် ဒီ ကုသိုလ်က အဖန်တလဲလဲ အိုခြင်း၊ အဖန်တလဲလဲ နာခြင်းဆိုတဲ့ အကျိုးတွေကို ထုတ်လုပ်နေတယ်၊ သူ အထုတ်လုပ်တဲ့ အကျိုးတွေက ဒါတွေ ပါနေတယ်၊ ဆိုပါစို့- အဆိပ်တွေ ပါနေတယ်ပေါ့၊ အဆိပ်တွေ ပါနေသည့်အတွက်ကြောင့် အပြစ်ကင်း စင်းလုံးချောလို့ ပြောလို့ မရဘူးတဲ့။
 ပရမတ္ထသစ္စာကို ဟောရခြင်းအကြောင်း

အဲဒီတော့ အရိယသစ္စာရှုထောင့်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကုသိုလ်လည်း ဒုက္ခပဲ၊ ဒုက္ခထဲ ပါသွားတာပဲ။ ဒါကြောင့် မြတ်စွာဘုရားက “သဗ္ဗေသင်္ခါရာ ဒုက္ခာ” - အားလုံးဟာ “ဒုက္ခ” လို့ပဲ ဟောတယ်၊ အရိယသစ္စာရှုထောင့်က ကြည့်လိုက်ရင် အမှားကြီး ဖြစ်သွားတယ်၊ ဒါကြောင့် တကယ့် အစစ်အမှန်ကို ရချင်ရင်တော့ ပရမတ္ထသစ္စာထဲက အရိယသစ္စာ ကျမှသာ လုံးဝအမှန်ဆိုတာ ရှာတွေ့မှာဖြစ်ပါတယ်။
သမ္မုတိသစ္စာကို အမှန်ျလို့ပြောတာ အများက သဘောတူ ထားလို့ ပြောတာ၊ ပရမတ္ထသစ္စာ ရှုထောင့်ကနေ ကြည့်လိုက်လို့ရှီရင် မှားနေသေးတယ်၊ နောက်ဆုံး အရိယသစ္စာ  ရှုထောင့်နေကြည့်လို့ရှိရင် အားလုံး မှားနေသေးတယ်၊ အရိယသစ္စာဆိုတာ တကယ့် အရိယာသူတွေမြတ်တွေ သိတဲ့ သဘာဝတရားကို ပြေတာတဲ့၊ အရိယာသူတော်စင် ဖြစ်ပြီးတော့ အရိယာဉာဏ်မျိုး ရတဲ့အခါကျတော့ တကယ့်အမှန်ဆိုတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက ပရမတ္ထသစ္စာကို ဟောတယ် ဆိုတာဟာ လူတွေရဲ့ အတွယ်အတာတွေကို ဖယ်ရှားနိုင်ဖို့ အတွက် ဟောတာ၊ လူတွေ အတွယ်အတာကို ဖယ်ရှားနိုင်ဖို့ အတွက် ပရမတ္ထသစ္စာ မြင်အောင် ကြည့်ပါ။ ပရမတ္ထသစ္စာမြင်မှ အရိယသစ္စာ မြင်အောင် ကြည့်ပါ၊ ပရမတ္ထသစ္စာမြင်မှ အရိယသစ္စာ ဆိုက်ထိမှ တကယ့်အမှန်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်၊ အဲဒီလို မဟုတ်လို့ရှိရင် အမှားကိုပဲ လူတွေက လက်ခံပြီး အမှန်လို့ သတ်မှတ်ပြီးတော့ နေကြမှာပါတဲ့။

*ဆက်ရန်* ------- {ပရမတ္ထတရား လေးပါ၊} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာမှ ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated